ပြည်တွင်းသုံး ကျွန်းစားတော်ပဲ ဈေးမြင့်တက်လာ၊ ကုလားပဲအုပ်စု စားသုံးမှုလျော့ကျနေ  

ရွှေမန်း

 ပြည်တွင်းသုံးကျွန်းစားတော် ပဲဈေးမြင့်တက်လာသော်လည်း ကုလားပဲစားသုံးမှုလျော့ကျနေ ကြောင်း ပဲ၊ နှမ်းကုန်သည်များ ထံမှ သိရသည်။  

ဒီဇင်ဘာတွင် ဆောင်းသီးနှံ ရာသီစာများပေါ်ချိန်တွင် ပြည်တွင်း သုံးကုလားပဲများ စားသုံးမှုလျော့ ကျလေ့ရှိသည်။

 ပဲနှမ်းဈေးကွက်အတွင်း တရုတ်နိုင်ငံမှ ဝင်ရောက်သည့် ကနေဒါစားတော်ပဲ အဝင်မရှိ တော့သောကြောင့် ပြည်တွင်း ကျွန်းစားတော်ပဲ ဈေးဆက်တိုက် မြင့်တက်လာရာ သုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၄၈၀၀၀၀ ထိ ပေါက်ဈေးရှိလာကြောင်း၊ကုလားပဲ အုပ်စုမှာလည်း စားသုံးမှုလျော့ကျ လာရာ ဈေးနှုန်းအတက်အကျ အနည်းငယ်ရှိနေကြောင်း၊ ပို့ကုန် ပဲတွေကတော့ ဈေးကျဆင်းနေပြီး လာမည့် ပဲသစ်ရာသီမှာသာ အရောင်းအဝယ်ကောင်းလာမည် ဖြစ်ကြောင်း ဦးကျော်သွင်(ရွှေစင် သိန်းပွဲရုံ)ပိုင်ရှင်က ပြောသည်။  

“ ဒီရက်ပိုင်း ဈေးကျဆင်း သွားတဲ့ကုလားပဲအုပ်စု အနည်း ငယ်ပြန်ဈေးတက်လာပါတယ်။ ကုလားပဲတစ်အိတ်ကို ငွေကျပ် ၁၀၀၀၀ လောက် ဈေးကျသွား တာကနေ အခုအနည်းငယ် ဈေး ပြန်တက်လာတယ်။ မြေပဲဆန် တွေလည်း ဆီစက်သမားတွေ အဝယ်သွက်နေပါတယ်။ ပို့ကုန် ပဲတွေကတော့ ဈေးကျဆင်းနေပါ တယ်။ ကနေဒါစားတော်ပဲက တော့ တရုတ်နိုင်ငံက အဝင်မရှိ တော့ ပြည်တွင်းကျွန်းစားတော်ပဲ ဈေးတက်လာပါတယ်။တစ်အိတ် ကို ငွေကျပ် ၄၈၀၀၀၀ အထိ တက်လာတာပါ။ လက်ရှိဈေး ထက်တော့ ဆက်မတက်နိုင်တော့ ပါဘူး။ ဒီဇင်ဘာလအတွင်းမှာက ဆောင်းရာသီစာတွေ ပေါနေချိန်မှာ ပြည်တွင်းသုံးကုလားပဲတွေ စား သုံးမှုတွေက ကျဆင်းလေ့ရှိပါ တယ်´´ ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၅ ရက်တွင် ပို့ကုန် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ မတ်ပဲ(အသစ်)တစ် အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ ပဲစင်းငုံမှာ အရောင်းအဝယ်မရှိ၊ ပေါက်ဈေးဖွင့်နိုင်ခြင်းမရှိဘဲ ပဲတီ စိမ်း(အညာ)တစ်အိတ်လျှင် ငွေကျပ်  ၂၉၀၀၀၀ ပေါက်ဈေးရှိလာပြီး ဈေး ကျဆင်းပြီး အဝယ်အေးနေသည်။    
  ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အဝယ်အေးနေရာ ဒီဇင် ဘာ ၅ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၉၃၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၉၇၀၀၀၊ ထိုင်ဝမ်ကုလား ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၂၀၀၀၊  ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။

 ပြည်တွင်းသုံး ပဲမာလိုင်း များမှာ ဈေးငြိမ်နေရာ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၅၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၈၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀ ပေါက်ဈေးရှိ နေပြီး မြေပဲအနီလုံးဆန်တစ်ပိဿာ လျှင် ငွေကျပ် ၈၆၀၀-၈၈၀၀ ပေါက်ဈေးရှိနေသည်။

နှမ်းမျိုးစုံမှာ အရောင်းအဝယ် ပြန်သွက်လာရာ ဒီဇင်ဘာ ၅ ရက် တွင်  နှမ်းနက်(စမုန်) ၄၅ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၆၁၀၀၀၀၊ အက်စစ်လွတ်တစ်အိတ်လျှင် ငွေ ကျပ် ၆၇၀၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၃၀၀၀၀၊ နှမ်းဖြူ(ဗမာ) ၄၅ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၈၅၀၀၀၊ နှမ်းညို ၄၅ ပိဿာတစ်အိတ် လျှင် ငွေကျပ် ၃၁၅၀၀၀ အသီးသီး ပေါက်ဈေးရှိနေရာ နှမ်းအမျိုးအစား အလိုက် တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ကျော် ဆက်လက်မြင့် တက်လာကြောင်း သိရသည်။

Leave a Reply

Your email address will not be published.