ပြည်တွင်းသုံး ကုလားပဲနှင့် ပဲမာလိုင်းများ အရောင်းအဝယ်သွက်နေ

ရွှေမန်း

ပို့ကုန်ပဲများ အရောင်းအဝယ် အေးနေသော်လည်း ပြည်တွင်း သုံး ကုလားပဲများနှင့် ပဲမာလိုင်း များ အရောင်းအဝယ် သွက်နေ ကြောင်း ပဲကုန်သည်များထံက သိရသည်။

ပြည်တွင်းပဲ အမျိုးအစား များ လက်ကျန်နည်းသောကြောင့် အမြင့်ဈေးတန်းဖြင့်သာ တည် ငြိမ်နေပြီး အရောင်းအဝယ် ပုံမှန် အတိုင်း ရှိနေခြင်းဖြစ်သည်။  

ပြည်တွင်းသုံး ကုလားပဲများ နှင့် ပဲမာလိုင်းများ အရောင်းသွက် နေပြီး ပို့ကုန်ပဲများ အရောင်း အဝယ်အေးကြောင်း ပြည်တွင်း သုံး ကုလားပဲ ဠ၇ မှာ ပို့ကုန် အဝယ်ရှိသောကြောင့် ကုလားပဲ အုပ်စုဝင်ပဲများ အမျိုးအစားအလိုက် တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀-၁၀၀၀ဝခန့် ဈေးမြင့်တက်လာ ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။

“ ပြည်တွင်းသုံး ကုလားပဲ အုပ်စု အရောင်းအဝယ် သွက်နေ ပါတယ်။ ကုလားပဲ V7 ကို ပို့ ကုန်အဝယ်ရှိလာတော့ ဈေးမြင့် တက်လာတာပါ။ ကုလားပဲ  V7 ဈေးတက်လာတော့ အခြား ကုလားပဲတွေလည်း လိုက်ပါဈေး မြင့်တက်လာပါတယ်။ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀- ၁၀၀၀၀ ဈေးတက် အဝယ်သွက် နေပါတယ်။ ဒီရက်ပိုင်းမှာ ရေ ဘေးအလှူတွေက ကုလားပဲခြမ်း အဝယ်ကောင်းနေပါတယ်။ ပြည် တွင်းပဲမာလိုင်းတွေမှာ ပဲကြီး၊ ပဲထောပတ်တွေ အဝယ်သွက်နေ ပါတယ်။ ပြည်တွင်းလက်ကျန်ပဲ တွေ နည်းလာသလို ပဲသစ် စိုက် ပျိုးချိန်နီးလာတော့ ဈေးတန်းက ကျဆင်းမှုမရှိတော့ပါဘူး။ ပို့ကုန် ပဲများ အရောင်းအဝယ် အေးနေပါ တယ်´´ ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၁၉ ရက်တွင် ပို့ကုန်မတ်ပဲ တစ်အိတ်လျှင် ငွေ ကျပ် ၃၇၅၀၀၀(ဟောင်း)၊ မတ်ပဲ (ရေသွင်းသစ်)ငွေကျပ် ၃၅၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၆၀၀၀၀ ပေါက်ဈေးဖြစ်လာ သည်။ ပဲတီစိမ်းအညာ တစ်အိတ် လျှင် ငွေကျပ် ၂၅၀၀၀၀ ပေါက် ဈေး ဖြစ်လာသည်။  

  ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဝယ်လိုအားကောင်းလာ သောကြောင့် ပဲအမျိုးအစားအလိုက် အနည်းငယ်ဈေးမြင့်တက်လာရာ   ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀-၃၁၇၀၀၀၊ ကုလားပဲ  V7 တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ်  ၂၈၅၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။  

မိုးမြေပဲနှင့် နှမ်းမျိုးစုံ ဈေး ကျဆင်းမှုရှိသော်လည်း ပြည်တွင်း သုံး ပဲမာလိုင်းများ ဈေးတည် ငြိမ်နေရာ စက်တင်ဘာ ၁၉ရက် တွင် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ပဲထောပတ် တစ်အိတ် လျှင် ငွေကျပ် ၄၃၀၀၀၀၊ ပဲပုပ် (ရှမ်း)တစ်အိတ်လျှင် ငွေကျပ်  ၃၉၀၀၀၀၊ မြေထောက်ပဲ တစ် အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀ပေါက်ဈေးရှိနေ ပြီး မြေပဲအနီလုံးဆန် တစ်ပိဿာ လျှင် ငွေကျပ် ၈၈၀၀-၉၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲဆီ တစ် ပိဿာလျှင် ငွေကျပ် ၁၇၀၀၀ ပေါက်ဈေး ရှိနေသည်။

နှမ်းဈေးကွက်တွင် အက်စစ် ပါဝင်မှု အရည်အသွေးအပေါ် မူတည်ရာ စက်တင်ဘာ ၁၉ရက် တွင် နှမ်းမျိုးစုံပေါက်ဈေး အနည်း ငယ် ကျဆင်းလာရာ နှမ်းနက် (စမုန်) တစ်အိတ်လျှင် ငွေကျပ် ၅၆၀၀၀၀၊ (အက်စစ်လွတ်) ငွေကျပ်၆၁၀၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ နှမ်းဖြူရိုးရိုး တစ်အိတ် လျှင် ငွေကျပ် ၃၈၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ပန်းနှမ်း တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ အသီးသီး ပေါက်ဈေးရှိ နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.