ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ

 

ရွှေမန်း

ပြည်တွင်းသုံးကုလားပဲအုပ်စု အရောင်းအဝယ်သွက်နေသော်လည်း ပို့ကုန်ပဲများနှင့်ပဲမာလိုင်းများ အရောင်းအဝယ်အေးနေကြောင်း  ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။
 
ပြည်တွင်းသုံးပဲမာလိုင်းများ မှာ လက်ကျန်ပဲများလို ဈေးကျ ဆင်းမှုမရှိဘဲ ပုံမှန်သာ အရောင်း အဝယ်ဖြစ်နေသည်။  

 ပဲ၊ နှမ်းဈေးကွက် အရောင်း အဝယ်က ခပ်အေးအေးသာရှိပြီး လက်ကျန်ပဲများကိုသာ အရောင်း အဝယ်ပြုလုပ်နေကြောင်း၊ ပြည် တွင်းသုံး ကုလားပဲအုပ်စုသာ အရောင်းအဝယ်ခပ်သွက်သွက်ရှိ နေကြောင်း၊ မြေပဲ၊ နှမ်းမျိုးစုံဈေး ကွက်မှာ ဈေးအနည်းငယ် ဆက် လက်ကျဆင်းနေကြောင်း မန္တလေး တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဋ္ဌဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“ သီတင်းကျွတ်ပိတ်ရက်များ အလွန် ဈေးကွက်ပြန်လည်စတင် ပေမယ့် ပြည်တွင်းသုံးကုလားပဲ အုပ်စု အရောင်းအဝယ် သွက်နေ ပါတယ်။ အခြားပို့ကုန် မတ်ပဲ၊ ပဲစင်းငုံများ နှင့် ပဲမာလိုင်းတွေက တော့ အရောင်းအဝယ် ပုံမှန်သာ ရှိပါတယ်။ မြေပဲဆန်ဆိုရင် ဈေး တန်းက တက်မလာဘဲ ဈေးဆက် လက် ကျဆင်းနေတယ်။ နှမ်းမျိုးစုံ ဈေးကွက်ကလည်း အေးနေပါ တယ်။ ပဲ၊ နှမ်းဈေးကွက်တစ်ခု လုံးက လက်ကျန်ပဲတွေကိုသာ အရောင်းအဝယ်ခပ်အေးအေးနဲ့ ရောင်းဝယ်နေကြပါတယ်´´ ဟု ၎င်းက ဆက်လက်ပြောသည်။

အောက်တိုဘာ ၂၄ ရက်တွင်  ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၅၀၀၀၀၊ မတ်ပဲ(အသစ်) တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ ပဲစင်းငုံမှာ အရောင်းအဝယ်မရှိ၊ ပေါက်ဈေးဖွင့်နိုင်ခြင်းမရှိဘဲ ပဲတီ စိမ်းအညာတစ်အိတ်လျှင် ငွေကျပ်  ၂၄၆၀၀၀ ပေါက်ဈေးရှိနေသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးအနည်းငယ် မြင့် တက်လာရာ အောက်တိုဘာ ၂၄ ရက်တွင် ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ်  ၃၁၃၀၀၀၊ ကုလားပဲ V7  တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊  ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၉၃၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။

 ပြည်တွင်းသုံး ပဲမာလိုင်း များမှာ ဈေးအနည်းငယ်ဆက် လက်ကျဆင်းလာရာ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေ ကျပ် ၃၅၀၀၀၀၊  ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၅၆၀၀၀၀ ပေါက်ဈေး ရှိနေပြီး မြေပဲအနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၈၂၀၀-၈၃၀၀ ပေါက်ဈေးရှိနေသည်။

အောက်တိုဘာ ၂၄ရက်တွင် နှမ်းမျိုးစုံအရောင်းအဝယ်အေးနေ ရာ နှမ်းညို ၄၅ ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၃၂၀၀၀၀၊ နှမ်းနက် (စမုန်) ၄၅ ပိဿာတစ်အိတ် လျှင် ငွေကျပ် ၅၉၀၀၀၀၊ အက်စစ် လွတ် တစ်အိတ်လျှင်  ငွေကျပ် ၆၄၀၀၀၀ အသီးသီး ပေါက်ဈေး ရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.