ပြည်တွင်းလက်ကျန် နည်းလာသောကြောင့် ဂျုံဈေးကွက် အနည်းငယ်ဈေးမြင့်တက်လာ

ရွှေမန်း

ပြည်တွင်းလက်ကျန် နည်း လာသောကြောင့် ဂျုံဈေးကွက်မှာ ဩဂုတ်လဆန်းပိုင်းထက် ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀၀ ခန့် ဈေးမြင့်တက်လာ ကြောင်း ကုန်သည်များထံက သိရသည်။

ပြည်တွင်းဂျုံလက်ကျန်နည်းပါး လာခြင်း၊ တောင်သူများလက်ဝယ် တွင် မရှိတော့ဘဲ လှောင်သမား လက်များတွင်သာ ကျန်ရှိတော့ တာကြောင့် ဈေးမြင့်တက်လာ ခြင်းဖြစ်ပြီး နိုင်ငံခြားဂျုံပေါက်ဈေး မှာလည်း မြင့်တက်လာသော ကြောင့် ယခုလို တစ်လအတွင်း ဂျုံဈေးမြင့်တက်လာခြင်းဖြစ် ကြောင်း မန္တလေးမြို့ ဒေါင်းဂျုံစက်ပိုင်ရှင် ဦးသက်တင်က ပြောသည်။

“ ပြည်တွင်းဂျုံလက်ကျန်က နည်းလာတော့ ဈေးမြင့်တက်လာ တာပါ။ အရောင်းအဝယ်ကတော့ ပုံမှန်သာ ရှိနေပါတယ်။ ကမ္ဘာ့ ဂျုံဈေးကလည်း မြင့်တက်လာ တော့ ပြည်တွင်းဂျုံဈေးလည်း လိုက်ပါမြင့်တက်လာတာပါ။ ဂျုံ စိုက်ပျိုးချိန်ကလည်း လိုသေးတော့ ပုံမှန်အရောင်းအဝယ်ရှိနေရုံဖြင့် ပစ္စည်းစောပြီး ပြတ်နိုင်တာကြောင့် လှောင်လက်သမားများ ဈေးမြင့် ရောင်းလာတာပါ´´ ဟု ၎င်းက ပြောသည်။

ယခုနှစ် ဂျုံစိုက်တောင်သူ များအနေဖြင့် ဂျုံပေါ်စတွင် ၆၀ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀၀ ခန့် ရရှိခဲ့ပြီး လက်ရှိ အချိန်တွင် ဂျုံတစ်အိတ်လျှင် ငွေ ကျပ် ၂၃၀၀၀၀ ထိ ပေါက်ဈေး ရှိနေပြီး တစ်လအတွင်း ငွေကျပ် ၅၀၀၀၀ ခန့် ဈေးမြင့်တက်လာ ခြင်းဖြစ်သည်။

ဩဂုတ် ၃၀ ရက် မန္တလေး ဈေးကွက်တွင် ဂျုံစေ့(တောင်ဘက်၊   ငါန်းဇွန်၊ မြို့သာ) ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၁၀၀၀၀ -၂၃၀၀၀၀၊ ဂျုံစေ့(မုံရွာ၊ဘုတလင်) ပိဿာ ၆၀ တစ်အိတ်လျှင် ငွေ ကျပ် ၂၁၀၀၀၀ -၂၃၀၀၀၀၊ ဂျုံစေ့ (စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘို) ပိဿာ ၆၀ တစ်အိတ်လျှင် ငွေ ကျပ် ၂၁၀၀၀၀ -၂၃၀၀၀၀၊ ဂျုံ စေ့(မြင်းမူ၊ မြောင်) ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၁၀၀၀၀ -၂၃၀၀၀၀၊ ဂျုံစေ့(ရှမ်း) ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀၀ -၁၉၀၀၀၀၊ ဂျုံစေ့ (အထွက်တိုး) ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀၀ -၁၈၇၀၀၀၊ ဂျုံစေ့(AUS) တစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀၊ ဂျုံဖွဲ တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ ပေါက်ဈေးရှိနေပြီး ဂျုံ အမျိုးအစားအလိုက် တစ်အိတ် လျှင် ငွေကျပ် ၂၀၀၀၀ မှ ၅၀၀၀၀ အထိ ဈေးမြင့်တက်လာ သည်။

ဂျုံသီးနှံကို ဆောင်းစိုက်သီးနှံ အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ မြင်းမူ၊ ရွှေဘို၊ ဆားတောင်၊ ဘုတလင်၊ ကလေးဒေသတို့တွင် လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ငါန်းဇွန်၊ မြို့သာ၊ သဲ တော-ဝမ်းတွင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရ သည်။

Leave a Reply

Your email address will not be published.