ပြည်တွင်းရွှေဈေးစံချိန်တင်မြင့်တက်လာတာနှင့်အတူ ပို့ကုန်ပဲများ ဈေးမြင့်တက်လာ  


ရွှေမန်း
ပြည်တွင်းရွှေဈေးစံချိန်တင် မြင့်တက်လာတတာနှင့်အတူ ပို့ ကုန်ပဲများ ဈေးမြင့်တက်လာ ကြောင်း  ပဲကုန်သည်များထံက သိရသည်။

လက်ရှိပြည်တွင်းရွှေဈေးမှာ မေ ၃၀ ရက်တွင် တစ်ကျပ်သား လျှင် ငွေကျပ် ၅၇၅၀၀၀၀ သိန်း ကျော်ပေါက်ဈေးဖြစ်လာပြီး သီတင်းပတ်အတွင်း ငွေကျပ်  သုံးသိန်းကျော် ဈေးမြင့်တက်လာ သလို ဒေါ်လာဈေးမှာလည်း တစ် ဒေါ်လာလျှင် ငွေကျပ် ၄၅၀၀ ထိ ပေါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံးပဲမာလိုင်းများမှာ ဈေးတည်ငြိမ်နေတာကြောင့် ငွေ မကိုင်လိုသည့် ပဲကုန်သည်များ အဝယ်သွက်နေခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေး၊ ဒေါ်လာ ဈေးများ မြင့်တက်လာတာနှင့် အတူ ပို့ကုန်ပဲများနှင့် ပြည်တွင်း သုံးပဲမာလိုင်းများ လိုက်ပါ ဈေး မြင့်တက်လာကြောင်း ပို့ကုန်မတ် ပဲနှင့်ပဲစင်းငုံဒေါ်လာဈေး မြင့် တက်လာတာကြောင့် ယခင် သီတင်းပတ်ထက် တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀ ခန့် ဈေးမြင့် တက်လာကြောင်း ပြည်တွင်းသုံး ပဲမာလိုင်းများလည်း အမျိုးအစား အလိုက် တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀-၅၀၀၀ ထိ အသီးသီးဈေး မြင့်တက်လာကြောင်း လက်ရှိမှာ ငွေဈေး၊ ရွှေဈေးများ မြင့်တက် ချိန် ပြည်တွင်းသုံးပဲမာလိုင်းများ မှာ ဈေးနိမ့်နေတာကြောင့် ငွေ ကိုင်မထားလိုသူများက အဝယ် ကောင်းလာခြင်းဖြစ်ကြောင်း   မန္တလေးတိုင်းဒေသကြီးကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“ ယနေ့ကတော့ ပဲ၊ နှမ်း ဈေးကွက်ပိတ်ပါတယ်။ ဈေး ကွက်မပိတ်ခင်ကတည်းက ဒေါ်လာ ဈေးနှင့်အတူ ပို့ကုန်ပဲတွေ ဈေး မြင့်တက်လာတယ်။ ပဲစင်းငုံတစ် အိတ်လျှင် ငွေကျပ် ၄၃၅၀၀၀၊ မတ်ပဲ ငွေကျပ် ၃၃၅၀၀၀အထိ ပေါက်ဈေးဖြစ်လာတယ်။တရုတ် ကနေဝင်တဲ့ ကနေဒါစားတော်ပဲ လည်း တစ်အိတ်ကို ငွေကျပ် ၃၁၀၀၀၀ ကျော်ဖြစ်လာတယ်။ ဒီဈေးတွေကတော့ ငွေဈေးမြင့် တက်တာနဲ့အတူ လိုက်ပါ ဈေး မြင့်တက်လာတယ်။ ပြည်တွင်း သုံး ပဲမာလိုင်းတွေလည်း ဈေး ငြိမ်နေတာကနေ အမျိုးအစား အလိုက် တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀-၅၀၀၀ ဈေးလိုက်ပါ မြင့် တက်လာတယ်။ အဝယ်လည်း ခပ်သွက်သွက်ဖြစ်လာတယ်။ ကုန်သည်တွေက ငွေမကိုင်ထား ချင်တော့ ပဲတွေကို ဝယ်ယူထား တဲ့ သဘောမျိုးပါ´´ ဟု ၎င်းက ပြောသည်။

မေ ၂၉ ရက်တွင် ပို့ကုန်ပဲများ အနည်းငယ်သာ ဈေးမြင့်တက် လာရာ ပို့ကုန်မတ်ပဲ တစ်အိတ် လျှင် ငွေကျပ် ၃၁၇၀၀၀၊ ပဲစင်း ငုံတစ်အိတ်လျှင် ငွေကျပ် ၄၂၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီ စိမ်းရွှေဝါတစ်အိတ်လျှင် ငွေကျပ် ၂၁၄၀၀၀၊ အညာတစ်အိတ်လျှင် ငွေကျပ် ၁၉၅၀၀၀ ပေါက်ဈေး ဖြင့် ဈေးမြင့်တက်လာသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ  ဆက်လက်ဈေးပြန် မြင့်တက်လာရာ မေ  ၂၉  ရက် တွင် ကုလားပဲ ဠ၂  တစ်အိတ် လျှင် ငွေကျပ် ၂၅၈၀၀၀၊ ကုလားပဲ  ဠ၇ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊  ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၇၀၀၀ အသီးသီး ဈေးမြင့်တက်လာသည်။

ပြည်တွင်းသုံးပဲမာလိုင်းများ မှာ ဈေးတည်ငြိမ်နေရာမှ  အရောင်းအဝယ်သွက်လာရာ ပဲ ကြီးတစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၈၀၀၀၀၊ မြေ ထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ် လျှင် ငွေကျပ် ၃၀၅၀၀၀ ပေါက် ဈေး ရှိနေပြီး မြေပဲအနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၇၃၅၀ ပေါက်ဈေး ရှိနေသည်။

မေ ၂၉ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်ဆက်လက် မြင့်တက် လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၃၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ်၄၆၀၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။    

Leave a Reply

Your email address will not be published.