ပြည်တွင်းဘဏ်များ၏ ငွေထုတ်ပေးမှု ဖြေလျော့မှုများ​ ကြောင့် ပဲ၊နှမ်းစျေးကွက် ပုံမှန်စျေးတန်းသို့ ပြန်လည်ရောက်ရှိလာ

ရွှေမန်း

ပြည်တွင်းဘဏ်များ၏ ငွေထုတ်ပေးမှု ဖြေလျော့မှုများ​ ကြောင့်ပဲ၊နှမ်းစျေးကွက် ပုံမှန်စျေးတန်းသို့ ပြန်လည်ရောက်ရှိလာ ကြောင်း ပဲ၊ နှမ်းကုန် သည်များထံက သိရသည်။

ပြည်တွင်းဘဏ်များ ၏ ငွေထုတ်ယူအကောင့်တစ်ခုလျှင် ငွေကျပ် သိန်းနှစ်ရာ ထိတိုးမြင့်ထုတ်ပေးလာရာ စျေးကွက်ကျဆင်းနေသည့် ပဲနှမ်းစျေးကွက် အရောင်းအဝယ်ပုံမှန်ဖြစ်လာသည်။ သို့သော်လည်း ပမာဏများများ ငွေပေးချေမှု အဆင်မပြေသေးတာကြောင့် လက်ရှိ ပဲ၊နှမ်းစျေးကွက်မှာ လိုရောင်းလိုဝယ် လောက်သာအရောင်းအဝယ်ရှိနေခြင်းဖြစ်သည်။

မြေပဲဆန်နှင့် နှမ်းမျိုးစုံစျေးကွက်မှာ ဆက်လက် စျေးကောင်းနေပြီးယခင်သီတင်းပတ်ထက် စျေးကွက်ပေါက်စျေးမြင့်တက်နေဆဲဖြစ်သည်။

ပြည်တွင်းဘဏ်များ၏ ငွေလွဲ ပမာဏဖြေလျော့မှုများကြောင့် စျေးကွက်ကျဆင်းနေသည့် ပဲမျိုးစုံ စျေးကွက်မှာ ပြန်လည် မြင့်တက်ကြောင်း သို့သော်လည်း ပမာဏများများ ငွေပေးချေရသည့် ပို့ ကုန် မတ်ပဲနှင့် ပဲစင်းငုံ မှာ အရောင်းအဝယ်အေးသေးကြောင်း ယခင်သီတင်းပတ်က စျေးကျဆင်းနေသည့် ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပုံမှန်စျေးတန်းသို့ပြန်လည်မြင့်တက်လာသော်လည်း လိုရောင်းလိုဝယ်သာ အရောင်းအဝယ်ရှိကြောင်း ဆီထွက်သီးနှံ အုပ်စု ဖြစ်သည့် မြေပဲဆန်၊ နှမ်းမျိုးစုံနှင့် ပဲပုတ် မှာ အရောင်းအဝဟ် အကောင်းဆုံးဖြစ်နေကြောင်း  မန္တလေးတိုင်းဒေသ ကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေ စင်သိန်းပွဲရုံ)က ပြောသည်။

“ ပြည်တွင်းဘဏ်များ ၏ ငွေလွဲပမာဏဖြေလျော့မှုနဲ့အတူ ပြည်တွင်း ကုလားပဲစျေးကွက် ပြန်လည်ကောင်းမွန်လာတာသလို စျေးကွက်ကျဆင်းနေရာမှ ပုံမှန်စျေးတန်း သို့ ပြန်လည်ရောက်ရှိလာပါတယ်။ ပမာဏများများတော့ အရောင်းအဝယ်မရှိသေးပါဘူး။ ပဲမာလိုင်းများလည်း စျေးမတက်သော်လည် လိုရောင်းလိုဝယ်လေးသာ အရောင်းအဝယ်သာရှိပါတယ်။ မြေပဲဆန်တွေကတော့ အရောင်းအဝယ် ဆက်လက်ကောင်းနေဆဲပါ။အသစ်ဝင်နှမ်းမျိုးစုံ စျေးကွက် အဝင်ရှိသလောက် အဝဟ်ကောင်းနေပါတယ်။ ပို့ကုန်မတ်ပဲနဲ့ ပဲစင်းငုံတွေ က တော့ ငွေပေးချေမှုပမာဏများတော့ အရောင်းအဝယ် နည်းနေသေးတယ်။ ´´ ဟု ၎င်းက ပြောသည်။

ဇူလိုင် ၁၈ ရက်တွင် ပို့ကုန်  မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၂၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၂၀၂၀၀၀ ပေါက်ဈေး ဖြစ်လာသည်။      
 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အမျိုးအစားလိုက် တစ် အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ပြန်လည်မြင့်တက်လာရာ ကုလားပဲ V2  တစ် အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၊ ကုလားပဲ  V7  တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေ ကျပ်  ၂၃၅၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ ပေါက်စျေးများ ပုံမှန်စျေးတန်းဖြစ်လာသည်။      

 မြေပဲဆန်နှင့်နှမ်းမျိုးစုံ ဆက်လက်စျေးမြင့်တက်နေရာ ဇူလိုင် ၁၈ ရက်တွက် ပဲကြီးတစ်အိတ် လျှင် ငွေကျပ်  ၂၇၅၀၀၀၊ပဲပုတ်တစ်အိတ်လျှင် ၂၃၀၀၀၀၊ ပဲ ထောပတ် တစ်အိတ်လျှင် ငွေ ကျပ် ၄၄၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀ ပေါက်ဈေး ရှိနေပြီး မြေပဲအနီလုံးဆန် တစ် ပိဿာလျှင် ငွေကျပ် ၈၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲဆီ တစ် ပိဿာလျှင် ငွေကျပ် ၁၆၅၀၀ ပေါက်ဈေးရှိနေသည်။

ဇူလိုင် ၁၈ ရက်တွင် နှမ်း မျိုးစုံပေါက်စျေး ဆက်လက်မြင့် တက်နေရာ နှမ်းနက်စမုန် တစ် အိတ်လျှင် ငွေကျပ် ၅၁၀၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၂၅၀၀၀၊ နှမ်းဖြူ(ရိုးရိုး)တစ်အိတ်လျှင် ငွေ ကျပ် ၄၀၀၀၀၀၊ နှမ်းညိုတစ် အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ ပန်းနှမ်း တစ်အိတ်လျှင် ၂၀၅၀၀၀၊  အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။    

Leave a Reply

Your email address will not be published.