ပြည်တွင်းပဲ ရာသီအကုန် ပဲမာလိုင်းအချို့ ပစ္စည်းပြတ်၊ တရုတ်ပို့ကုန် မြေထောက်ပဲ ဈေးမြင့်တက်လာ

ရွှေမန်း

 ပြည်တွင်းပဲရာသီကုန်ဆုံး ခါနီးဖြစ်သောကြောင့် ပဲမာလိုင်း အချို့ ပစ္စည်းပြတ်လပ်မှုများ ရှိ နေပြီး တရုတ်ပို့ကုန်မြေထောက် ပဲဈေးမြင့်တက်လာကြောင်း ပဲ၊ နှမ်းကုန်သည်များထံမှ သိရ သည်။  

ပဲ၊ နှမ်းဈေးကွက်အတွင်း တရုတ်နိုင်ငံသို့ တင်ပို့ရန် ဝယ် ယူမှု ကောင်းလာသောကြောင့် မြေထောက်ပဲ ဈေးမြင့်တက်လာရာ တစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀ ပေါက်ဈေးရှိလာရာ ယခင်သီတင်း ပတ်ထက် ငွေကျပ် ၂၀၀၀၀ ခန့် ဈေးမြင့်တက်လာသည်။

 နိုဝင်ဘာလကုန်ပိုင်းတွင် မြေပဲဆန်ဈေးကွက်မှာ ဒေသစုံမှ ဝင်ရောက်လာမှုကြောင့် အရောင်း အဝယ်ကောင်းနေပြီး ဈေးနှုန်း အနည်းငယ်သာ ကျဆင်းမှု ရှိ သော်လည်း အမြင့်ဈေးတန်းတွင် ရှိနေကြောင်း၊ နှမ်းမျိုးစုံမှာ ပို့ကုန် တင်ပို့ရန်အတွက် ဝယ်ယူမှု ကောင်းသော်လည်း ဈေးအနည်း ငယ် ကျဆင်းလာကြောင်း အခြား အိန္ဒိယပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံ မှာ အဝယ်ဈေးကွက်ပျောက်နေကြောင်း၊ ပြည်တွင်းပဲယင်းကို တိရစ္ဆာန်အစာစက်ရုံများက ဝယ် ယူမှု ရှိလာသောကြောင့် ဈေး ကောင်းရလာကြောင်း   ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)ပိုင်ရှင်က  ပြောသည်။  

“ မြေထောက်ပဲကို တရုတ် ဝယ်လက်များ အဝယ်ကောင်းလာ တော့ ထူးထူးခြားခြား ဈေးမြင့် တက်လာပါတယ်။ အိန္ဒိယပို့ကုန် ပဲတွေကတော့ ဒီအချိန်ဆိုရင် အဝယ်အေးနေကြပါတယ်။ ၂၀၂၅ ပဲသစ်ရာသီမှ ပြန်လည်အရောင်း အဝယ်ကောင်းမွန်လာမှာပါ။ လက်ရှိမှာ ပြည်တွင်းသုံး ကုလား ပဲတစ်ခုပဲ ဈေးငြိမ်ပြီး အရောင်း အဝယ်ပုံမှန် ရှိနေတာပါ။ တရုတ် ပို့ကုန်ပဲအချို့သာ တင်ပို့နိုင်ခြင်း မရှိလို့ လက်ကျန်များနေတာပါ။ မကြာမီ တရုတ်လိုင်း ပြန်လည် တင်ပို့နိုင်မယ့် အခြေအနေများ ကြောင့် ပဲတီစိမ်းမှာ ဈေးမြင့်တက် ပြီး အရောင်းအဝယ်ကောင်းလာပါ တယ်။ ၂၀၂၅ ခုနှစ် ပဲသစ်ရာသီ အတွက် ပဲစင်းငုံမှာ ကုန်သည် အချို့ ကြိုတင်ဝယ်ယူမှုများ ရှိနေ ပါတယ်´´ ဟု ၎င်းက ပြောသည်။

 နိုဝင်ဘာ ၂၁ ရက်တွင် ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၃၀၀၀၀၊ မတ်ပဲ(အသစ်) တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊  ပဲစင်းငုံမှာ အရောင်းအဝယ်မရှိ၊ ပေါက်ဈေးဖွင့်နိုင်ခြင်းမရှိဘဲ ပဲ   တီစိမ်းအညာ တစ်အိတ်လျှင် ငွေ ကျပ်  ၂၇၅၀၀၀ ပေါက်ဈေးရှိနေ သည်။    
 
  ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးနှုန်းအပြောင်းအလဲ မရှိ ဈေးငြိမ်နေရာ နိုဝင်ဘာ ၂၁ ရက်တွင် ကုလားပဲ V2 တစ် အိတ်လျှင်  ငွေကျပ်  ၃၁၀၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊  ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။

 ပြည်တွင်းသုံး ပဲမာလိုင်း များမှာ ဈေးငြိမ်နေရာ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၅၅၀၀၀၊ ကျွန်းစားတော် ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ ကနေဒါ စားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၉၀၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံး ဆန် တစ်ပိဿာလျှင် ငွေကျပ် ၈၃၀၀- ၈၅၀၀ ပေါက်ဈေး ရှိနေ သည်။

 နှမ်းမျိုးစုံမှာ ပို့ကုန်သမား များ အဝယ်ကောင်းသဖြင့် နိုဝင် ဘာ ၂၁ ရက်တွင် နှမ်းမျိုးစုံ ဈေး အနည်းငယ်ကျဆင်းသွားရာ နှမ်း နက်(စမုန်) ၄၅ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၅၉၀၀၀၀၊ အက်စစ် လွတ် တစ်အိတ်လျှင် ငွေကျပ် ၆၃၅၀၀၀၊ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၁၅၀၀၀၊ နှမ်းဖြူ(ဗမာ) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ နှမ်းညို ၄၅ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ အသီးသီးပေါက်ဈေးရှိနေရာ နှမ်း အမျိုးအစားအလိုက် တစ်အိတ် လျှင်  ငွေကျပ် ၁၀၀၀၀ ခန့် ဈေးကျဆင်းသွားကြောင်း သိရ သည်။      

Leave a Reply

Your email address will not be published.