ပြည်တွင်းပဲ၊နှမ်းဈေးကွက် တစ်ခုလုံးအမြင့်ဈေးများပြန်လည်ဖြစ်လာ အရောင်းအဝယ်သွက်နေ

ရွှေမန်း

ပြည်တွင်းပဲ၊နှမ်း ဈေးကွက် တစ်ခုလုံး အမြင့်ဈေးများ ပြန် လည်ဖြစ်လာကာအရောင်းအဝယ် သွက်နေကြောင်း ပဲ၊နှမ်းကုန်သည် များထံက သိရသည်။

ဇွန်လကုန်ပိုင်းတွင်  ဆီ ထွက်သီးနှံများဖြစ်သည့် နှမ်း မျိုးစုံနှင့် မြေပဲဆန်မှာ ဈေး ကောင်းအဝယ်သွက်လာသလို၊ တရုတ်နိုင်ငံသို့  ပင်လယ်ရေ ကြောင်းမှ တင်ပို့ နေသည့် ပဲတီ စိမ်းနှင့်နှမ်းမျိုးစုံ၊ မြေပဲဆန် ဈေးကောင်းနေခြင်း ဖြစ်သည်။

ပဲ၊နှမ်းဈေးကွက်ဈေးကွက် တစ်ခုလုံးအမြင့်ဈေးနှင့် အရောင်း အဝယ်ပြန်လည် ကောင်းမွန်လာ ကြောင်း၊ဇွန်လကုန်ပိုင်း ရက်များ တွင် ပို့ကုန်ပဲများ ဈေးကျဆင်း နေရာမှ အနည်းငယ် ပြန်လည် မြင့်တက်လာသလို ၊ ပြည်တွင်း သုံးကုလားပဲ၊မြေပဲဆန် ၊နှမ်းမျိုး စုံတို့ ဈေးကောင်း အဝယ်သွက် နေကြောင်း၊ လက်ရှိအချိန်တွင် ဧရာ၀တီဖြစ fရိုး အထက်ပိုင်းမှ မြေပဲဆန်များ အဝင်နည်းလာ တာနှင့် ပြည်တွင်း ဆီစက်ပိုင် များ အဝယ်ကောင်းနေတာ ကြောင့်ဆီဆန်နှင့် မြေပဲလုံးဆန် မှာဈေးမြင့်အဝယ်သွက်နေခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီးကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း  ဒုတိယ ဥက္ကဋ္ဌဦးကျော်သွင် (ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။

“ ဧရာ၀တီမြစ်ရိုးက ဝင်တဲ့ မြေပဲဆန်တွေ  လမ်းပန်းဆက် သွယ်ရေးမကောင်းလို့ဈေး ကွက် ထဲအဝင်နည်းလာတာနဲ့ ပြည် တွင်း ဆီစက်ပိုင်တွေ အဝယ် ကောင်းနေလို့ မြေပဲဆန် ဈေး ကောင်းလာပါတယ်။ ပို့ကုန်မတ် ပဲနဲ့ပဲစင်းငုံ ဈေးကျဆင်းနေရာ ကနေ အနည်းငယ်ပြန်လည် ဈေးတက်လာပါတယ်။ အလား တူ ပြည်တွင်းသုံးကုလားပဲ အုပ်စုလည်း အမျိုးအစားအလိုက် တစ်အိတ် ငွေကျပ် ၃၀၀၀-၅၀၀၀ခန့် ဈေးတက်လာပါ တယ်။ ပဲတီစိမ်းနဲ့ နှမ်းမျိုးစုံ လည်းဈေးကောင်းလာပါတယ်။ပဲနှမ်းဈေးကွက်တစ်ခုလုံး အမြင့် ဈေးနဲ့ ပုံမှန်အရောင်း အဝယ် ကောင်းနေပါတယ်´´ ဟု ၎င်းကပြောသည်။

ဇွန် ၂၇ ရက်တွင် ပို့ကုန်ပဲ များ အနည်းငယ် ဈေးကျဆင်း နေရာပို့ကုန်မတ်ပဲတစ်အိတ် လျှင်ငွေကျပ် ၃၁၀၀၀၀၊ ပဲစင်းငုံ တစ်အိတ်လျှင်ငွေကျပ် ၄၃၀၀၀၀ ပေါက်ဈေးဖြစ်လာသည်။ပဲတီ စိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၁၉၈၀၀၀ပေါက်ဈေးဖြစ်လာသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ  ဆက်လက်ဈေးပြန် မြင့်တက်လာရာ ဇွန် ၂၇ရက် တွင် ကုလားပဲ V2 တစ်အိတ် လျှင် ငွေကျပ် ၂၅၄၀၀၀၊ ကုလားပဲ  V7 တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊  ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၃၀၀၀ အသီးသီး ပေါက်ဈေးရှိလာသည်။

ပြည်တွင်းဆီစက်ပိုင်များ ဆီဆန် အဝယ်ကောင်းနေသလို ဈေးကွက်အတွင်းအဝင်နည်း နေ တာကြောင့် မြေပဲဆန်မှာ အဝယ်အသွက်ဆုံးဖြစ်နေသည်။ပဲကြီး တစ်အိတ်လျှင်ငွေကျပ် ၂၃၀ ၀၀၀၊ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၅၀၀၀၀၊ မြေထောက် ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀ ၀၀၀၊ကျွန်းစားတော်ပဲတစ်အိတ် လျှင်ငွေကျပ် ၃၀၀၀၀၀၊ ပေါက်  ဈေး ရှိနေပြီး မြေပဲ အနီ လုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၇၆၀၀ ပေါက်ဈေး ရှိနေသည်။

ဇွန် ၂၇ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်ဆက်လက် မြင့်တက် လာရာနှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင်ငွေကျပ်၄၂၅၀၀၀၊ ၊နှမ်းနက်စမုန်တစ်အိတ်လျှင် ငွေကျပ် ၄၇၀၀၀၀ အသီး သီး  ပေါက်ဈေးရှိနေကြောင်းသိရသည်။                     

Leave a Reply

Your email address will not be published.