ပြည်တွင်းပဲဆီလိုအပ်ချက်မြင့်မားသောကြောင့် ဆီစက်များအားလုံးနီးပါး လည်ပတ်အဆင်ပြေနေ

ရွှေမန်း

ပြည်တွင်းပဲဆီ လိုအပ်ချက် မြင့်မားနေသောကြောင့် ဆီစက်များ အားလုံးနီးပါး လည်ပတ်အဆင်ပြေ နေကြောင်း ဆီစက်လုပ်ငန်းရှင် များ ထံက သိရသည်။

ပြည်တွင်း စားအုန်းဆီ တင် သွင်းမှုကို ၂၀၂၃ခုနှစ်ကတည်းက စားအုံးဆီ တင်သွင်းမှု လျှော့ချ သောကြောင့် ပြည်တွင်းမှာရှိသည့်  ဆီစက် ၈၀ရာခိုင်နှုန်းကျော် လည် ပတ်လာကြောင်း၊ စားဆီတင်သွင်း မှုလျော့သလို တိရစ္ဆာန်စာ ပဲဖက် လည်း တင်သွင်းမှု လျှော့သွား ကြောင်း၊ စားအုန်းဆီတင်သွင်း မှုနှင့်ပဲဖတ်တင်သွင်းမှု လျှောချ တင်သွင်းခြင်းကြောင့် နိုင်ငံခြားငွေ သုံးစွဲမှုကို လျော့ကျသွားကြောင်း မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဋ္ဌ ဦးဆန်း ထွန်းလွင်က ပြောသည်။

“ နိုင်ငံခြားကနေ ဆီလျော့ သွင်းလိုက်တာနဲ့ ပြည်တွင်းဆီ လိုအပ်ချက်များပြီး ဆီစက်တွေ အားလုံးနီးပါး လည်ပတ်နိုင်သွား တယ်။ စားအုံးဆီလျော့တာ တင် မက နောက်ထပ်တိရစ္ဆာန် အစာ အဖတ်ပါ နိုင်ငံခြားက တင်သွင်း ရတာလျော့တယ်။ နိုင်ငံခြားကနေ နှစ်စဉ်စားဆီ တင်သွင်းမှုကနေ  ဒေါ်လာသန်း၆၀၀၊၇၀၀၊ တိရစ္ဆာန် အစာအတွက် ဒေါ်လာသန်း ၃၁၂သန်းလောက် စုစုပေါင်း ၁ ဘီလီယံနီးပါး လောက်ရှိတယ်။ လက်ရှိမှာ တစ်လကို စားအုန်းဆီ တန်ချိန် ၃၀၀၀၀လောက်ပဲ တင် သွင်းနေတော့ ပြည်တွင်းမှာ ဆီ စက်တွေရော၊ တောင်သူတွေရော၊ ကုန်သည်တွေရော အားလုံးအဆင် ပြေလာပါ´´ဟု ၎င်းက ပြောသည်။

ပြည်ပမှ စားအုံးဆီနှင့် တိရစ္ဆာန် အစာအတွက် နိုင်ငံခြား ငွေ ၁ဘီလီယံခန့် သုံးစွဲတင်သွင်း နေရောမှာ ယခုအခါ လျှော့ချတင် သွင်းမှုကြောင့် ပြည်တွင်းမှာ ရပ် ဆိုင်းလုနီးပါးဖြစ်နေသည့် ဆီစက် လုပ်ငန်း ကွင်းဆက်ကြီးတစ်ခုလုံး ပြန်လည် အသက်ဝင်လှုပ်ရှားလာ နိုင်ခြင်းဖြစ်သည်။

ထိုသို့ ပြည်တွင်းဆီစက်များ ပြန်လည် လည်ပတ်အားကောင်း လာသည့်နှင့်အမျှ ပြည်တွင်းမှာ စိုက်ပျိုးရေး ကွင်းဆက်တစ်ခုလုံး မှာ ပါဝင်သည့် တောင်သူ၊ ကုန် သည်နှင့်အခြေခံအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းလာကာ ဝင်ငွေများကောင်း လာခြင်းဖြစ်သည်။
ထို့ပြင် မြေပဲကို ဆီအဖြစ် ထုတ်လုပ်ပြီး ပဲဖတ်ကို တိရစ္ဆာန် အစာ၊မြေပဲကိုတန်ဖိုးမြင့်ထုတ်ကုန် များအဖြစ် မြေပဲလှော်၊ မြေပဲယို များ ထုတ်လုပ်ကာ မိသားစုဝင်ငွေ များ တိုးတက်ရရှိလာမည်ဖြစ် သည်။

ယခင်က ပြည်ပမှ တင်သွင်း သည့် စားအုန်းဆီတင်သွင်းမှုကြောင့်  နိုင်ငံခြားငွေများစွာ အသုံးပြုရပြီး ကုန်သွယ်မှုလိုငွေ များစေသလို ပြည်တွင်းက ဆီလုပ်ငန်းရှင်များ လည်း လုပ်ငန်းရပ်ဆိုင်းသွားခဲ့ရ သည်။

ယခုအခါ နိုင်ငံခြားဒေါ်လာ သုံးစွဲမှု လျော့ကျသည့်အပြင် ပြည် တွင်းမှာလည်း ကျန်းမာရေးနှင့် မညီညွတ်သည့် စားအုန်းဆီသုံးစွဲ မှုကိုလျော့ချပြီးကြောင်းသိရသည်။

Leave a Reply

Your email address will not be published.