Home သတင်းများ ပြည်တွင်းဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းလာ

ပြည်တွင်းဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းလာ

ပြည်တွင်းဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းလာ

ရွှေမန်း

 ပြည်တွင်းဒေါ်လာဈေး ကျ ဆင်းမှုနှင့်အတူ ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံးဈေးကျဆင်းလာကြောင်း ပဲ၊ နှမ်းကုန်သည်များထံမှ သိရသည်။

ပြည်တွင်းဒေါ်လာဈေးမှာ သြဂုတ် ၂၉ရက် နံနက် ဈေးကွက်ဖွင့်ချိန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေ ကျပ် ၅၄၅၀-၅၆၅၀ ဝန်းကျင် ပြင်ပပေါက်ဈေးရှိနေပြီး ဈေးကျ ဆင်းလာရာ ပို့ကုန်ပဲများအပါ အဝင် ပြည်တွင်းသုံးကုလားပဲများ ဈေးကျဆင်းလာခြင်း ဖြစ်သည်။

အခြားပို့ကုန်ပဲများ ဈေးကျ ဆင်းမှုရှိသော်လည်း နှမ်းမျိုးစုံ ဈေး ကွက်မှာ ကျဆင်းမှုမရှိ အမြင့်ဈေး အတိုင်းရှိနေသည်။

နိုင်ငံခြားငွေဈေး ဆက်တိုက် ဆိုသလို ဈေးကျဆင်းလာသော ကြောင့် ပဲ၊ နှမ်းဈေးကွက်မှာ ဈေး အနည်းငယ်ကျဆင်းလာကြောင်း၊ ကုလားပဲအုပ်စုမှာ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ကျော် ပေါက် ဈေးကတော့ အမျိုးအစားအလိုက် ငွေကျပ် ၅၀၀၀ ခန့် ဈေးကျသွား ကြောင်း၊ မြေပဲဆန်ကလည်းအသစ် ဝင်တွေ များလာသလို အရည် အသွေးနိမ့် အစိုဓာတ်ပါသော ကြောင့် တစ်ပိဿာငွေကျပ် ၈၀၀၀ ခန့်သာ ပေါက်ဈေးရှိတော့ကြောင်း၊ နှမ်းမျိုးစုံဈေးကွက်မှာ တရုတ် လိုင်းအဝယ်ကောင်းနေကြောင်း  မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

 “ ပြည်တွင်းဒေါ်လာဈေးတွေ အကျဘက်ဖြစ်လာတော့ ပဲဈေး တွေလည်း ဈေးပြန်ကျဆင်းလာ ပါတယ်။ ကုလားပဲအုပ်စုမှာလည်း တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀  ကျော်ထိ ဈေးမြင့်တက်နေရာကနေ အခုဆိုရင် တစ်အိတ်လျှင် ငွေ ကျပ် ၅၀၀၀ ကျော် ဈေးပြုတ် ကျပါတယ်။ အသစ်ဝင် မြေပဲတွေ လည်း အရည်အသွေးနိမ့်၊ အစို ဓာတ်ရှိရင် တစ်ပိဿာ ငွေကျပ် ၈၀၀၀ လောက်သာ ပေါက်ဈေးရှိ ပြီး ထိပ်စအရည်အသွေးကောင်းမှ တစ်ပိဿာ ငွေကျပ် ၉၀၀၀ လောက် ရောင်းရပါတယ်။ အခြား ပဲမာလိုင်းတွေကတော့ ဈေးအေး နေပေမယ့် နှမ်းမျိုးစုံကတော့ တရုတ်လိုင်းအဝယ်ကောင်းနေပါ တယ်။ပို့ကုန်ပဲတွေလည်း ဒေါ်လာ ဈေးကျတော့ အရောင်းအဝယ်အေး သွားပါတယ်´´ ဟု ၎င်းကပြောသည်။

ဩဂုတ် ၂၉ ရက်တွင် ပို့ကုန်  မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၈၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ ပေါက်ဈေးဖြစ်လာသည်။      
  ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပို့ကုန်တင်ပို့မှု အဝယ် ကြောင့် ဈေးနှုန်းအနည်းငယ် ဈေး ကျဆင်းသွားရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ကုလားပဲ  V7 တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ်  ၂၈၅၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ်  ၂၉၃၀၀၀ ပေါက်ဈေးဖြစ်လာသည်။  

မြေပဲဆန်အသစ်ဝင်များနှင့်  နှမ်းမျိုးစုံ ဆက်လက်ဈေးမြင့် တက်နေရာ ဩဂုတ် ၂၉ ရက် တွင် ပဲကြီးတစ်အိတ်လျှင် ငွေ ကျပ်  ၂၅၅၀၀၀၊  ပဲပုပ်(ရှမ်း) တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေ ကျပ် ၄၄၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀ ပေါက်ဈေး ရှိနေပြီး မြေပဲအနီလုံးဆန်တစ် ပိဿာလျှင် ငွေကျပ် ၈၈၀၀-၉၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲ ဆီတစ်ပိဿာလျှင် ငွေကျပ် ၁၉၀၀၀ ပေါက်ဈေး ရှိနေသည်။

နှမ်းမျိုးစုံကို ပြည်တွင်း ဆီ စက်ပိုင်များနှင့် ပို့ကုန်သမားများ အဝယ်ဆုံနေသောကြောင့် နှမ်းဈေး ကွက်မှာ အဝယ်ရှိသလောက် ဝယ်လိုအားကောင်းနေခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့မှု များရှိနေသလို နယ်စပ်လမ်းမှ လည်း သွားနေသောကြောင့် ယခု လို ဈေးကောင်းရနေခြင်းဖြစ်သည်။

ဩဂုတ် ၂၉ ရက်တွင် နှမ်း မျိုးစုံပေါက်ဈေး အနည်းငယ် ကျဆင်းလာရာ နှမ်းနက်(စမုန်) တစ်အိတ်လျှင် ငွေကျပ် ၅၅၀၀၀၀၊ (အက်စစ်လွတ်)၆၃၅၀၀၀၊ နှမ်းဖြူ (ဂျပန်) ၄၅ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၇၀၀၀၀၊ နှမ်းညိုတစ် အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀၊ နှမ်းဖြူရိုးရိုးတစ်အိတ်လျှင် ငွေ ကျပ် ၄၂၀၀၀၀၊ ပန်းနှမ်းတစ် အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊  အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။    

Leave a Reply

Your email address will not be published.