ရွှေမန်း
ပြည်တွင်းစားသုံးများသည့် ဆန်အမျိုးအစားများဖြစ်သော ရွှေဘိုပေါ်ဆန်း၊ ဧရာ၀တီပေါ် ဆန်းတို့ကို စားသုံးသူရေးရာ ဦးစီးဌာန၏ ရည်ညွှန်းဈေးများ အတိုင်းရောင်းဝယ်ရန်နှင့် ဆန် ဈေးကွက် ဈေးနှုန်းများသင့်တင့် မျှတစေရေး အထူးအလေးပေး လိုက်နာဆောင်ရွက်ရန် နှိုးဆော် ချက်ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ဆန်ဈေးကွက်ဈေးနှုန်းထုတ်ပြန် ချက်(ဆန် ရည်ညွှန်းဈေးနှုန်း) များကို လစဉ် ထုတ်ပြန်ပေး လျက်ရှိသည်။
အဆိုပါ လစဉ်ထုတ်ပြန် သည့် ဆန်ရည်ညွှန်းဈေးနှုန်း များနှင့်အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန် ရောင်းချခြင်းများမပြုလုပ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ ဆန်စက်များ၊ ဆန်လက်လီ လက်ကား အရောင်းဆိုင်များ၊ ပွဲရုံများ၊ ဆန်ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များအား ထပ်ဆင့် နှိုးဆော်သတိပေးလျက်ရှိသည်။
သို့ရာတွင် ယခုကာလ အတွင်း လူမှုကွန်ရက်စာမျက်နှာ များတွင် ဆန်ဈေးနှုန်းများကို တိုး မြှင့်ရောင်းချသည့် ကြော်ငြာများ အား တွေ့ရှိလာရခြင်း၊ ဈေးကွက် အတွင်း၌လည်း ဆန်ဈေးနှုန်းများ ကို ရည်ညွှန်းဈေးထက် ပိုမိုတိုး မြှင့်ရောင်းချမှုများကို တွေ့ရှိရခြင်း၊ အထူးသဖြင့် ရွှေဘိုပေါ်ဆန်း၊ဧရာ ၀တီပေါ်ဆန်းများကို စပါးသစ် ပေါ်ချိန်တွင် ဈေးမြှင့်တင်ရန် ရည် ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုအချို့ ကို ကြားသိရကြောင်း MRF က ဆိုသည်။
သို့ပါ၍ ပြည်တွင်းစားသုံးမှု များသည့် ရွှေဘိုပေါ်ဆန်း၊ ဧရာ ၀တီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာ ပဒေသာ၊ မဂျမ်းတော၊ မနောသုခ စသည့် ဆန်အမျိုးအစားကို သိုလှောင်ဈေးကစားမှုများ(လုံး၀) မပြုလုပ်ရန်နှင့် ရည်ညွှန်းဈေး သက်မှတ်ချက်အတိုင်းသာ ရောင်း ဝယ်ရန် ထပ်မံ၍တိုက်တွန်းနှိုးဆော် အသိပေးလာခြင်း ဖြစ်သည်။
အဆိုပါ ပြည်တွင်းစားသုံးမှု များသည့် ဆန်များကို ပြည်ပ တင်ပို့မှုလုံး၀မရှိဘဲ ပြည်တွင်း၌ သာ ပစ္စည်းမှန်၊ဈေးမှန်ရောင်းဝယ် ကြသည့် ဆန်များဖြစ်သည်။ထို့သို့ ပြည်တွင်းစားသုံးသည့် ဆန်များ ကို ပို့ကုန်တင်ပို့၍ ဈေးတက်ခြင်း၊ သဘာ၀ဘေးဒဏ်ကြောင့် အထွက် နှုန်းများ ကျဆင်းသည်ဆိုသော ဈေးမြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိ ဖြင့် အချို့သောကုန်သည်များမှ ထုတ်ပြန်လာသည့် သတင်းမှား Fake News များဖြစ်ကြောင်း MRF က ထုတ်ပြန်ထားသည်။
ထို့ပြင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ဆန်စပါးသိုလှောင်ရုံမှတ်ပုံ တင်ခြင်းဆိုင်ရာ အမိန့်အရ ဆန် တန်ချိန် ၂၅ တန်နှင့် အထက် (သို့မဟုတ်) စပါးတင်း ၂၅၀၀နှင့် အထက်သိုလှောင်မှုများအား
Myanmar Rice Online-MyRO
တွင် (၂၄-၁၂-၂၀၂၄) ရက်မတိုင်မီ မှတ်ပုံတင်စာရင်း သွင်းရမည်ဖြစ်ကြောင်း ထပ်မံ နှိုးဆော်အသိပေးထားသည်။
သို့ဖြစ်ရာ ဆန်ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းဝယ် ကြရန်နှင့် လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှု ဥပဒေပုဒ်မ(၅)အရ တရား စွဲဆိုခြင်း၊ ဒဏ်ငွေနှင့် အခွန် ငွေ သတ်မှတ်ပေးဆောင်စေခြင်း များကို ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
Leave a Reply