ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ

မန္တလေး  ဧပြီ ၇

မန္တလေးမြို့ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာတွင် ဗဟိုပြု၍ မတ် ၂၈ ရက်က အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ လှုပ်ရှားခဲပြီးနောက် ဧပြီ ၆ ရက်နေ့ထိ နောက်ဆက်တွဲ ငလျင်ငယ်လှုပ်ရှားမှုပေါင်း  ၉၄ -ကြိမ်ရှိပြီဖြစ် ပြီး ပြင်းအားရစ်(ခ်)တာစကေး ၃ နှင့် ၄ အတွင်းအင်အားအနည်းငယ်ဖြင့် အများဆုံးလှုပ်ရှားခဲ့သည်။

“ငလျင်လှုပ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ မရဘူး။လှုပ်ပြီးမှသာ ဘယ်နေရာဗဟိုပြုပြီး ဘယ်လောက် ပမာဏနဲ့ လှုပ်တယ်ဆိုတာကို ထုတ်ပြန်နိုင်တာပါ။ဒါကို သေချာမသိဘဲ ဘယ်နေ့ငလျင်လှုပ်မယ်၊ဘယ်လောက် ရှိမယ်ဆို ပြီး ပြောတာတွေကို မယုံကြဖို့လိုတယ်။မိုးရွာမယ်၊နေပူမယ်၊ ရေကြီးမယ်၊မုန်တိုင်းတိုက်မယ်ဆိုတာကို ကြိုတင် ခန့်မှန်းနိုင်သလို မိုး/ဇလဌာနက အချိန်နဲ့တပြေးညီ ထုတ်ပြန် ပေး လျက်ရှိပါတယ်”ဟု မိုး/ဇလ တာဝန်ရှိသူ ကပြောသည်။

အင်အားပြင်းငလျင်လှုပ်ပြီးနောက်ပိုင်း ဧပြီ ၂၈ ရက်နေ့တွင် ငလျင်ငယ်လှုပ်ရှားမှု ၁၃ ကြိမ်၊၊မတ် ၂၉ ရက်နေ့ တွင်  ၁၁ ကြိမ်၊၃၀ ရက်နေ့တွင် ၁၀ ကြိမ်၊မတ် ၃၁ရက်နေ့တွင် ၁၂ ကြိမ်၊ဧပြီ ၁ ရက်နေ့တွင် ငလျင်ငယ် ၇ ကြိမ်  ၂ ရက်နေ့တွင် ၇ ကြိမ်၊ ၃ ရက်နေ့တွင် ၅ ကြိမ်၊ ၄ရက်နေ့တွင် ၆ ကြိမ်၊ ၅ ရက်နေ့တွင် ၁၁ ကြိမ်နှင့် ၆ ရက်နေ့ တွင် ၆ ကြိမ်လှုပ်ရှားခဲ့ရာ မတ် ၂၈ ရက်မှ ဧပြီ ၆ ရက်နေ့ထိ ငလျင်ငယ်စုစုပေါင်း ၉၄ ကြိမ်လှုပ်ရှားခဲ့ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

ရွှေမန်း

Leave a Reply

Your email address will not be published.