ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို ပြောင်းလဲသုံးစွဲလာတာကြောင့် ပြည်တွင်းဆီစက်များ ပြန်လည်ထုတ်လုပ်အားကောင်းလာ 

ရွှေမန်း

ပဲဆီ၊ နေကြာဆီများကို ပြောင်းလဲသုံးစွဲလာတာကြောင့် ပြည်တွင်းဆီစက်များပြန်လည် ထုတ်လုပ်အားကောင်းလာကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။

ပြည်တွင်းစားအုန်းဆီ တင်သွင်း မှု လျှော့ချထားတာကြောင့် ဆီစားသုံးမှုမှာ ပဲဆီ၊ နေကြာဆီ များကို ပြောင်းလဲသုံးစွဲမှု မြင့်မား လာတာကြောင့် ရပ်နားထား သည့် ပြည်တွင်းဆီစက်များ ပြန်လည်ထုတ်လုပ်အား ကောင်း နေခြင်းဖြစ်သည်။

ဇွန်လကုန်ပိုင်းက ဈေးကျ ဆင်းမှုရှိနေသည့် ပို့ကုန်ပဲများမှာ ဇူလိုင်လဆန်းတွင် အနည်းငယ် ဈေးပြန်မြင့်တက်လာကြောင်း ပြည်တွင်းသုံးကုလားပဲများနှင့် ပဲမာလိုင်းများမှာ ဈေးငြိမ်နေ သည်။ ဇူလိုင်လဆန်းပိုင်းတွင် အသစ်ဝင် မတ်ပဲများမှာ အရည် အသွေး အနည်းငယ်ကျဆင်းမှုရှိ တာကြောင့် ဈေးအနည်းငယ် လျော့ကျနေကြောင်း၊ ပြည်တွင်း ဆီစားသုံးမှုပုံစံမှာ ပဲဆီကို ပိုမို စားသုံးလာတာကြောင့်လည်း မြေပဲဆန်အရောင်းအဝယ်မှာ  ပဲ၊ နှမ်း ဈေးကွက်အတွင်း အသွက် ဆုံးဖြစ်နေကြောင်း မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေ စင်သိန်းပွဲရုံ)က ပြောသည်။

“ ဇွန်လကုန်ပိုင်းက ဈေး အနည်းငယ်ကျဆင်းမှုရှိနေတဲ့ ပို့ကုန်ပဲများ ဈေးအတက်အကျ အနည်းငယ်သာရှိပြီး ဈေးတည် ငြိမ်နေပါတယ်။အသစ်ဝင် မတ်ပဲ များမှာ အရည်အသွေး အနည်းငယ် လျော့ကျလို့ ဈေးလည်း လျော့ပါ တယ်။ လက်ရှိမှာ မြေပဲဆီ ရောင်းအားကောင်းနေလို့ မြေပဲ ဆန် တစ်မျိုးသာ အရောင်းအဝယ် သွက်နေပါတယ်။ မန္တလေးပဲ ဈေးကွက်ထဲကို အညာမြေပဲဆန် များ အဝင် နည်းနည်းချင်းသာ ဝင်ရောက်နေပါတယ်။ ဆီစက် ပိုင်များ၏ ဝယ်လိုအားနဲ့ မျှတနေ လို့ ဈေးထူးထူးခြားခြား တက် တာမျိုးတော့မရှိပေမယ့် မန္တလေး ဈေးကွက်တွင်သာ မြေပဲဆန် လက်ကျန်ရှိတော့တယ်။ လက်ရှိ မှာ တရုတ်လိုင်းတင်ပို့မှုကလည်း ရပ်နားနေပါတယ်။ အခြား ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများကတော့ ဈေးငြိမ် နေပါတယ် ´´ ဟု ၎င်းကပြောသည်။

ဇူလိုင် ၄ ရက်တွင် ပို့ကုန် မတ်ပဲမှာ အသစ်ဝင်ရောက်မှုများ နှင့်အတူ အနည်းငယ် ဈေးကျ ဆင်းနေရာ မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ ပဲစင်းငုံ တစ်အိတ်လျှင် ငွေကျပ် ၄၂၇၀၀၀ ပေါက်ဈေးဖြစ်လာသည်။ပဲတီ စိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၂၀၆၀၀၀ ပေါက်ဈေးဖြစ်လာသည်။      
 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးတည်ငြိမ်နေရာ ဇူလိုင် ၄ ရက်တွင် ကုလားပဲ V2  တစ်အိတ်လျှင် ငွေကျပ် ၂၄၈၀၀၀၊ ကုလားပဲ  V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀၊  ထိုင်ဝမ်ကုလားပဲ တစ်အိတ် လျှင် ငွေကျပ် ၂၃၅၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၈၀၀၀ အသီးသီး ပေါက်ဈေး ရှိလာသည်။        

ပဲနှမ်းဈေးကွက်အတွင်း မြေပဲဆန်တစ်မျိုးသာ အဝင်ရှိ သလောက် အရောင်းအဝယ် သွက်နေသည်။ ပဲကြီးတစ်အိတ် လျှင် ငွေကျပ်  ၂၉၀၀၀၀၊ ပဲ ထောပတ် တစ်အိတ်လျှင် ငွေ ကျပ် ၄၅၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ ပေါက်ဈေး ရှိနေပြီး မြေပဲအနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၇၆၀၀ ပေါက်ဈေးရှိနေပြီး မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀၀ ပေါက်ဈေးရှိနေသည်။

ဇူလိုင် ၄ ရက်တွင် နှမ်းမျိုး စုံ အနည်းငယ် ဆက်လက်မြင့် တက်လာရာ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၈၀၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ နှမ်းဖြူ(ရိုးရိုး)တစ်အိတ်လျှင် ငွေ ကျပ် ၃၇၅၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ပန်းနှမ်း တစ်အိတ်လျှင် ၂၁၀၀၀၀၊  အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.