ရွှေမန်း
ပဲစင်းငုံနီ(အသစ်)များစတင် ဝင်ရောက်လာရာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ ပေါက် ဈေးရှိပြီး ဈေးကောင်းရရှိ နေကြောင်း ကုန်သည်များထံက သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီ၊ ပဲနီ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနောက်၊ နှမ်းနှင့် မြေပဲတို့ကို အဓိက စိုက်ပျိုးကြသည်။
ပခုက္ကူမြို့နယ်တွင် ပဲစင်း ငုံနီကို ကုန်းခြောက်တောများ ဖြစ်သည့် ချောက်ကန်အုပ်စုရှိ ကျေးရွာများဖြစ်သော အရှေ့ ချောက်ကန်၊အနောက်ချောက်ကန်၊ မန်ကျည်းကိုးပင်ကျေးရွာများနှင့် အခြားကျေးရွာများတွင် စိုက်ဧက ၁၅၀၀၀ ကျော်ရှိပြီး သီးညှပ်သီးနှံ အဖြစ်စိုက်ပျိုးကြကြောင်း၊ တချို့ တောင်သူများမှာ နှစ်သီးစားစိုက် ပျိုးကြပြီး စိုက်ပျိုးသောမျိုးမှာ သက်လတ်မျိုးနှင့် သက်ကြီးမျိုး ကို စိုက်ပျိုးကြသည်။
ပခုက္ကူမြို့နယ်အတွင်းသို့ အခြားနယ်များမှလည်း ပဲစင်းငုံနီ များ ဝင်ရောက်လာရာ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခု လက်ရှိ အရောင်းအဝယ်ဖြစ်နေ သော ပဲစင်းငုံနီမှာ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျောက်ပန်း တောင်း၊ပုပ္ပား၊မာလာလက်ထုတ်၊ ပုလင်း၊ ငါ့သရောက်၊အောက်ညဉ့် နယ်မှထွက်ရှိသော ပဲစင်းငုံနီများ ဖြစ်ကြောင်း၊ ပဲစင်းငုံနီ(အသစ်) ပေါက်ဈေးမှာ သုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ပွဲရုံများထံက သိရသည်။
ပြီးခဲ့သည့် ပဲရာသီတွင် အိန္ဒိယ ပို့ကုန်ပဲစင်းငုံမှာ ဈေး ကောင်းရရှိခဲ့သလို ထွက်ရှိသမျှ ပဲများ လက်ကျန်မရှိ ရောင်းချ နိုင်ခဲ့သောကြောင့် လာမည့်ပဲရာသီ အသစ်တွင် ပိုမိုစိုက်ပျိုးလာရာ ပို့ကုန်ပမာဏ တိုးမြှင့်စိုက်ပျိုး ထားသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံ ပြောင်းနှင့် နှမ်းတို့ကို နှစ်စဉ် တန်ချိန် နှစ်သန်းကျော်တင်ပို့ လျက်ရှိရာတွင် အဓိကပဲသုံးမျိုး ဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်း ငုံကို နှစ်စဉ် ၁ ဒသမ ၅ သန်း ကျော် တင်ပို့နေသည်။ ယခုနှစ် တွင် ပိုမိုတင်ပို့လာနိုင်ခဲ့သည်။
ပို့ကုန်ပဲသုံးမျိုးတွင် မတ်ပဲ တန်ချိန် ၈ သိန်း၊ ပဲတီစိမ်းတန်ချိန် ၄ သိန်းခွဲ၊ ပဲစင်းငုံတန်ချိန် ၂ သိန်းခွဲ တင်ပို့ခဲ့သည်။
ပြီးခဲ့သည့် ပဲရာသီအစ ကတည်းက ပို့ကုန်ပဲများအနက် ပဲစင်းငုံမှာ ဈေးကောင်းရရှိခဲ့ကြ သဖြင့် ပဲရာသီမကုန်ဆုံးမီ လက် ကျန်မရှိသလောက် အရောင်း အဝယ်ကောင်းခဲ့ရာ ယခုလာမည့် ပဲရာသီအသစ်အတွက် တောင်သူ များ တိုးချဲ့စိုက်ပျိုးကြသလို လက်ရှိပဲဈေးကွက်တွင် နယ်ပွဲရုံ များ၌ စတင်ဝင်ရောက်လျက်ရှိ သည်။
လက်ရှိ ပဲဈေးကွက်တွင် ပဲ စင်းငုံတစ်တန်လျှင် ငွေကျပ် ၃၈ သိန်းကျော် ပေါက်ဈေးရှိနေပြီး ကြိုတင်ရောင်းဝယ်မှုများတွင် တစ် တန်လျှင် ငွေကျပ် ၃၆ သိန်းပေါက် ဈေးရှိကြောင်း သိရသည်။
Leave a Reply