ပို့ကုန်သမားများနှင့် ပြည်တွင်းဆီစက်များ ဝယ်ယူမှုကောင်းနေတာကြောင့် နှမ်းမျိုးစုံဈေးစံချိန်တင် မြင့်တက်လာ

ရွှေမန်း

ဇူလိုင်လကုန်ပိုင်းကတည်း က နှမ်းမျိုးစုံဈေးတဖြည်းဖြည်း မြင့်တက်လာရာ နှမ်းနက်(စမုန်) တစ်အိတ်လျှင် ငွေကျပ် ၆၈၀၀၀၀ ကျော်ထိ စံချိန်တင်ပေါက်ဈေးဖြစ်လာသည်။

ဩဂုတ် ၁၅ ရက်တွင် နှမ်း နက်နှင့်နှမ်းဖြူတို့ကို ပြည်ပဝယ် ယူမှုများရှိနေပြီး အက်ဆစ်လွတ်  နှမ်းတွေကတော့ ဈေးကောင်းရရှိ နေကြောင်း ဆောင်းနှမ်းလက်ကျန်  ဈေးကွက်ထဲ နည်းလာပြီး နွေနှမ်း များ အရောင်းအဝယ်ကောင်းနေ ကြောင်း နှမ်းကုန်သည်တစ်ဦးက ပြောသည်။

 “ နှမ်းက  ဆီလိုအပ်ချက် ကြောင့် ပြည်တွင်းဆီစက်တွေက ဝယ်ယူသလို ပို့ကုန်သမားတွေ ကလည်း ဈေးကို စောင့်ကြည့် ဝယ်ယူနေလို့ တဖြည်းဖြည်း ဈေး မြင့်တက်လာပါတယ်။ ငွေဈေးကို ကြည့်ပြီး ပစ္စည်းဝယ်ယူထားကြ တဲ့သဘောမျိုးနဲ့ ဝယ်ယူနေကြ တာပါ။ ဆောင်းနှမ်းက လက်ကျန် နည်းတော့ အသစ်ဝင် နွေနှမ်း တွေက အရောင်းအဝယ်ပိုသွက် နေပါတယ် ´´ ဟု ၎င်းက ပြောသည်။

ဇူလိုင်လအတွင်းက နှမ်းထွက် ရှိရာ ဒေသအချို့တွင် ရေနှစ်မြုပ် မှုများကြောင့် နှမ်းစိုက်ဧကများ  ပျက်စီးမှုရှိလို့ အထွက်နှုန်းလျော့ နိုင်တာကြောင့်လည်း နှမ်းဈေးက မြင့်တက်လာခြင်းဖြစ်သည်။

နွေစပါးရာသီနှင့်အတူ စိုက်ပျိုးသည့် နွေနှမ်းမှာ ယခုနှစ်နှမ်း အကြိုက်ရာသီဥတုဖြစ်ခဲ့တာကြောင့် လည်း တောင်သူများ နှမ်းအထွက် နှုန်းကောင်းမွန်စွာ ရရှိပြီး ဈေး ကောင်းလည်းရရှိတာကြောင့် နှမ်းစိုက်တောင်သူများ အကျိုး အမြတ်ကောင်းသည့်နှစ်ဖြစ်သည်။ ယခုနှစ် နှမ်းစိုက်တောင်သူများ တစ်ဧကလျှင် အနည်းဆုံး ၁၀ တင်းမှာ အများဆုံး ၁၅ တင်း အထိ ထွက်ရှိကြောင်း  အမရပူရ မြို့နယ်၊ သာလှအေးကျေးရွာမှ နှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။

 မန္တလေးဈေးကွက်မှာ ဩဂုတ်  ၁၅ ရက်တွင် နှမ်းနက်(စမုန်) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ်  ၆၀၀၀၀၀-၆၈၀၀၀၀ ကြား၊  နှမ်း ဖြူ(ဂျပန်)သုံးတင်းဝင်တစ်အိတ် လျှင်  ငွေကျပ် ၄၇၀၀၀၀-၄၇၅၀၀၀၊ နှမ်းညိုသုံးတင်းဝင် တစ်အိတ်လျှင်  ငွေကျပ် ၃၈၀၀၀၀-၃၉၀၀၀၀ ပေါက်ဈေး ရှိနေပြီး နှမ်းအမျိုးအစားအလိုက် ယခင်လထက် တစ်အိတ်လျှင် ငွေကျပ်  ၆၀၀၀၀ ကျော် ဈေး မြင့်တက်လာကြောင်း သိရသည်။
         

Leave a Reply

Your email address will not be published.