ပို့ကုန်ပဲများ ဈေးငြိမ်နေသော်လည်းအသစ်ဝင်မိုးမြေပဲဆန်နှင့် နှမ်းမျိုးစုံဈေးကျဆင်းနေ

 

ရွှေမန်း

ပို့ကုန်ပဲများဈေးငြိမ်နေသော် လည်း အသစ်ဝင်မိုးမြေပဲနှင့် နှမ်း မျိုးစုံဈေးကျဆင်းနေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရ သည်။  

ပို့ကုန်ပဲများနှင့် ပြည်တွင်း သုံးကုလားပဲအုပ်စု ဈေးတက် ဈေးကျ အနည်းငယ်နှင့်သာ အရောင်းအဝယ် အနည်းငယ် အေးနေသည်။

 အောက်တိုဘာလဆန်းပိုင်း မှာ ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာ ဈေးများကျဆင်းလာသော်လည်း  ပဲ၊ နှမ်းဈေးကွက်မှာ ပို့ကုန်ပဲ များနှင့် ပြည်တွင်း သုံး ကုလားပဲ များမှာ ဈေးတည်ငြိမ်နေကြောင်း၊  ပြည်တွင်းသုံး ပဲမာလိုင်းများမှာ လည်း လက်ကျန်နည်းလာကာ ပဲသစ်စိုက်ပျိုးချိန်ဖြစ်သော ကြောင့် ဈေးကျဆင်းမှုမရှိသော် လည်း အရောင်းအဝယ်အေးနေ ကြောင်း မန္တလေးအောက်ပိုင်း ဒေသများမှာ မိုးမြေပဲ အသစ်ဝင် ရောက်မှုများလာသဖြင့် မြေပဲ လုံးဆန်ဈေးများ ကျဆင်းသလို မြေပဲဆီဈေးများလည်း လိုက်ပါ ကျဆင်းနေကြောင်း မန္တလေး တိုင်းဒေသကြီးကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ  ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ ပြည်တွင်းသုံးကုလားပဲ တွေက ဈေးနည်းနည်းတက် နည်းနည်းကျနဲ့ အရောင်းအဝယ် အေးနေပါတယ်။ ပဲ၊ နှမ်းဈေး ကွက်တစ်ခုလုံးက လက်ကျန်ပဲ မာလိုင်းတွေက ဈေးမတက်ဘဲ ဈေးငြိမ်နေပါတယ်။ ပို့ကုန်ပဲက အရောင်း အဝယ် အသံမကြား ရပါဘူး။ မြေပဲဆန်တွေကတော့ အရည်အသွေးကောင်းတဲ့ နွား ထိုးကြီး မြေပဲဆန်တောင် တစ် ပိဿာ ၇၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိပါတယ်။ မန္တလေး အောက်ပိုင်းနယ်စုံက မိုးမြေပဲ ဆန်တွေ အဝင်များနေတော့ ဈေး ကျဆင်းပါတယ်။ မြေပဲဆန် ဈေးကျဆင်းတော့ မြေပဲဆီလည်း  ဈေးကျဆင်းလာပါတယ်။ လက် ရှိမှာ ဒေါ်လာဈေး ရွှေဈေးတွေ ကျဆင်းနေပေမယ့် ပဲ၊ နှမ်းဈေး ကွက်မှာတော့ လက်ကျန်ပဲတွေ နည်းလာတော့ ဈေးကငြိမ်နေပါ တယ်´´ ဟု ၎င်း က ပြောသည်။

အောက်တိုဘာ ၃ ရက်တွင်  ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၈၀၀၀၀၊ ပဲစင်းငုံတစ် အိတ်လျှင် ငွေကျပ် ၄၅၀၀၀၀-၄၆၀၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။ ပဲတီစိမ်းအညာတစ်အိတ် လျှင် ငွေကျပ် ၂၄၅၀၀၀ ပေါက် ဈေး ရှိနေသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဆက်လက်ဈေးမြင့် တက်လာရာ စက်တင်ဘာ ၂၆ ရက်တွင် ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ်  ၃၁၃၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ ၉၂၉ ကုလားပဲ တစ် အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀  အသီးသီးပေါက်ဈေးရှိနေသည်။

 ပြည်တွင်းသုံး ပဲမာလိုင်း များမှာ လက်ကျန်နည်းလာပြီး  ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊  ပဲထောပတ်တစ် အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၅၀၀၀၀၊ ကျွန်းစားတော် ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀၊ ကနေဒါစားတော်     ပဲတစ်အိတ်လျှင် ငွေကျပ် ၅၇၀၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆန် တစ်ပိဿာ လျှင် ငွေကျပ် ၈၀၀၀-၈၃၀၀၊ မျိုးမြေပဲ(၈၅၀၀- ၉၃၀၀)ပေါက်  ဈေး ရှိနေသည်။

ပြည်တွင်း မြေပဲဆန်ဈေး ကွက်မှာ မန္တလေးဈေးကွက်တွင် နယ်စုံမှ မိုးမြေပဲများ အဝင်များ နေသောကြောင့် အနည်းငယ် ဈေးကျဆင်းသလို ပြည်တွင်းပဲ ဆီဈေးနှုန်းလည်း လိုက်ပါကျဆင်း လာရာ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ သာပေါက် ဈေး ရှိတော့သည်။  

အောက်တိုဘာ ၃ ရက်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်ပုံမှန် သာရှိနေရာ နှမ်းဖြူ(ရိုးရိုး)၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊နှမ်းဖြူ(ဂျပန်)၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၃၀၀၀၀-၄၄၀၀၀၀၊ နှမ်းညို ၄၅ ပိဿာတစ်အိတ်လျှင် ငွေ ကျပ် ၃၅၀၀၀၀၊ နှမ်းနက်(စမုန်)  ၄၅ ပိဿာတစ်အိတ်လျှင် ငွေ ကျပ် ၅၇၀၀၀၀-၅၈၀၀၀၀၊ အက်စစ်လွတ် တစ်အိတ်လျှင်  ငွေကျပ် ၆၃၅၀၀၀-၆၄၀၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း  သိရသည်။    

Leave a Reply

Your email address will not be published.