ပို့ကုန်ပဲများနှင့်မြေပဲဆန် ဆက်လက်ဈေးကောင်းနေသလို မြေပဲဆန်ဈေးကောင်း အဝယ်သွက်နေ

ရွှေမန်း

ပို့ကုန်မတ်ပဲနှင့်ပဲစင်းငုံဈေး ဆက်လာက်ဈေးကောင်းနေသလို မြေပဲဆန်ဈေးမှာလည်း ဈေးကောင်းအဝယ်သွက်နေကြောင်း  ပဲကုန်သည်များထံကသိရသည်။
ပို့ကုန်ပဲများမှာ ဇွန်လဆန်း ပိုင်းကတည်းက ယခုချိန်ထိ ဈေးဆက်လက်ကောင်းနေပြီး ပြည်တွင်းပဲဆီဝယ်လိုအားကောင်း လာတာကြောင့်လည်း မြေပဲဆန် ဈေးမှာ အနည်းငယ်ဈေးကောင်း အဝယ်သွက်နေခြင်းဖြစ်သည်။

 ပို့ကုန်မတ်ပဲနှင့်ပဲစင်းငုံ မှာ ယခုသီတင်းပတ်တွင် ဆက်လက် ဈေးကောင်းနေပြီး ပြည်တွင်းဆီစက်ပိုင်များ အပြိုင် အဆိုင်ဝယ်ယူမှုကြောင့်မြေပဲဆီ ဆန်နှင့်မြေပဲလုံးဆန်မှာ ဈေးကောင်းအဝယ်သွက်နေကြောင်း   ၊ ပြည်တွင်းကုလားပဲအုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ညဈေးကျဆင်းသလို ငွေပေးချေမှု ပုံစံအလိုက် ဈေး အပြောင်းအလဲ ရှိနေကြောင်း  ပြည်တွင်းသုံးပဲမာလိုင်းများလည်း ဈေးအေးနေကြောင်းမန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“ ပြည်တွင်းသုံးကုလားပဲတွေ ဈေးမြင့်တက်နေတာကနေ အနည်းငယ်ဈေးပြန်ကျဆင်းသွား ပါတယ်။ကုလာပဲအမျိုးအစား အလိုက် တစ်အိတ်ကို ငွေကျပ် ၂၀၀၀-၅၀၀၀ကြားဈေးကျဆင်း သွားတာပါ။ပို့ကုန် မတ်ပဲနဲ့ပဲစင်းငုံကတော့ ဈေးဆက်လက်ကောင်းနေပါတယ်။ တရုတ်လိုင်းအဝယ်ရှိနေတဲ့ ပဲတီစိမ်းကတော့ တင်ပို့ရာ လမ်းကြောင်းမကောင်းလို့ ဈေးကျဆင်းနေပါတယ်။မြေပဲဆီ ဆန်ရော မြေပဲအနီလုံး ဆန်ရော ဈေးမြင့်တက်အဝယ်သွက် နေ ပါတယ်။ပြည်တွင်း ပဲဆီဝယ်လို အားကောင်းလာသလို မြေပဲဆန် လည်းဈေးကောင်းလာခြင်းဖြစ် ပါတယ်။´´ ဟု ၎င်းကပြောသည်။

ဇွန် ၁၃ရက်တွင် ပို့ကုန်ပဲ များ ဆက်လက်ဈေးမြင့်တက်နေရာ   ပို့ကုန်မတ်ပဲတစ်အိတ်လျှင်  ငွေကျပ် ၃၂၅၀၀၀၊ ပဲစင်းငုံတစ် အိတ်လျှင်ငွေကျပ် ၄၄၂၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းရွှေဝါ တစ်အိတ် လျှင် ငွေကျပ် ၂၁၄၀၀၀၊ အညာ တစ်အိတ်လျှင် ငွေကျပ် ၁၉၇၀၀၀ ပေါက်ဈေးဖြစ်လာသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ  ဆက်လက်ဈေးပြန် မြင့်တက်လာရာ ဇွန် ၁၃ ရက် တွင် ကုလားပဲ V2 တစ်အိတ် လျှင် ငွေကျပ် ၂၅၆၀၀၀၊ ကုလားပဲ  V7 တစ်အိတ်လျှင် ငွေကျပ် ၂၆၇၀၀၀၊  ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၉၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀ အသီးသီး ဈေးမြင့်တက်လာသည်။

ပို့ကုန်ပဲများနှင့် မြေပဲဆန် များသာ အရောင်းအဝယ်ကောင်း နေပြီး ပြည်တွင်းသုံးပဲမာလိုင်းများ မှာ ပုံမှန်အရောင်းအဝယ် ပုံမှန်သာရှိနေ  ရာ ပဲကြီး တစ်အိတ် လျှင် ငွေကျပ် ၂၈၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၁၅၀၀၀၊ မြေ ထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊  ပေါက် ဈေး ရှိနေပြီး မြေပဲ အနီ လုံးဆန်တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ ပေါက်ဈေး ရှိနေသည်။

ဇွန် ၁၃ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်ဆက်လက် မြင့်တက် လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၅၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊  နှမ်းနက် စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၄၀၀၀၀ အသီးသီး ပေါက်ဈေး ရှိနေကြောင်းသိရသည်။        

Leave a Reply

Your email address will not be published.