ပိုကုန့်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်

ရွှေမန်း

ပြည်ပသို့ ပို့ကုန်တင်ပို့ခြင်း မှာရရှိသည့် ပို့ကုန်ရငွေမှ ယခင် ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင် နှုန်းသို့ မြန်မာငွေလဲလှယ်ရန် ဗဟိုဘဏ်က  သတ်မှတ်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၉၊ ပုဒ်မ(ခ)အရ  အပ်နှံထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာ အား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် ပို့ကုန်တင်ပို့သူများ ပို့ကုန် တင်ပို့ခြင်းမှရရှိသည့်  ပို့ကုန်ရငွေ ပမာဏ၏ ၃၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့် ကြော်ငြာစာအမှတ်(၁၂/၂၀၁၂)  သတ်မှတ်ရည်ညွှန်းချက်အတိုင်း  မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင် ရွက်ရန်ဖြစ်ကြောင်း (၆-၁၂-၂၀၂၃)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂၆/၂၀၂၃)ဖြင့် ပြင်ဆင် သတ်မှတ်ခဲ့သည်။

ယခုအခါ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်း ကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၁၂)ပါ သတ်မှတ်ဈေးနှုန်း အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ခဲ့သည်။

ဤအမိန့်ကြော်ငြာစာသည် ဩဂုတ် ၈ ရက်မှစ၍ အကျိုးသက် ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။    
 
ပို့ကုန်သမားများအနေဖြင့် ယခုလို ရာခိုင်နှုန်းပြင်ဆင်သတ် မှတ်ချက်ကြောင့် ပို့ကုန်များ ပိုမို  တင်ပို့နိုင်မည်ဖြစ်ပြီး ပို့ကုန်ရငွေ အပေါ် ပြန်လည်အသုံးပြုရသည့် ပမာဏ ၁၀ ရာခိုင်နှုန်း ထပ်မံ တိုးမြှင့်လာတာကြောင့် ပို့ကုန် သမားများအနေဖြင့် အဆင်ပြေ လာကြောင်း ပို့ကုန်သမားတစ်ဦး က ပြောသည်။

“ ပို့ကုန်ရငွေအပေါ် ဖြေလျော့ ပြီး ၁၀ ရာခိုင်နှုန်းတိုးမြှင့်ပေးလိုက် တော့ ကုန်သည်တွေအနေဖြင့် အဆင်ပြေပါတယ်။ ပို့ကုန်ရော၊ သွင်းကုန်ရော လုပ်ကိုင်သူများ အတွက် ပိုမိုအဆင်ပြေလာတဲ့ အပြောင်းအလဲဖြစ်ပါတယ်။ ဗဟို ဘဏ်သတ်မှတ်ဈေးနှင့် ပြင်ပ ပေါက်ဈေး အရမ်းကွာခြားမှုမရှိ အောင် ထိန်းသိမ်းနိုင်လျှင် ပိုမို အဆင်ပြေပါမည်။ လက်ရှိမှာ ဗဟိုဘဏ်သတ်မှတ်ပေါက်ဈေး နှင့် ပြင်ပပေါက်ဈေးကွာခြားမှု တွက်ချက်ပြီး ပို့ကုန်တင်ပို့နေရ ခြင်းဖြစ်ပါတယ်´´ ဟု ၎င်းက ပြော သည်။      

Leave a Reply

Your email address will not be published.