နိုင်ငံတစ်ဝန်းရေကြီး၊ ရေလျှံမှုများကြောင့် စပါးစိုက်ဧက ခုနှစ်သိန်းကျော် ပြန်လည်စိုက်ပျိုးရမည်

ရွှေမန်း

  နိုင်ငံတစ်ဝန်း ရေကြီး၊ရေလျှံ   မှုများကြောင့် သီးနှံစုံစိုက်ပျိုးဧက ​ခုနှစ်သိန်းကျော် ရေဝင်နစ်မြုပ် ခဲ့ပြီး ၎င်းထဲမှ လုံး၀ပျက်စီးသွား သည့် စိုက်ခင်းများလည်းရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနက သိရသည်။
 ပျက်စီးသွားသည့် သီးနှံ များကို ပြန်လည်စိုက်ပျိုးရာမှာ စနစ်တကျ ရာသီအလိုက် ပြန် လည်စိုက်ပျိုးရန် လိုအပ်ကြောင်း ၎င်းပျက်စီးစိုက်ဧကများအနက် စပါးစိုက်ခင်း ရေနစ်မြုပ်မှုများ အတွက် မြန်မာ့အာမခံလုပ်ငန်းမှ သီးနှံအာမခံအတွက် ရန်ကုန်၊ မန္တလေး၊ ဧရာ၀တီ၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့မှာ လျော်ကြေးငွေကျပ် ၁၂ ဒသမ ၂၆၅ ဘီလီယံပေးလျော်သွားမှာ ဖြစ်သည်။

ရေဘေးသင့် စိုက်ပျိုးတောင်သူ များကို ချေးငွေနှင့် ထောက်ပံ့ငွေ များ ပေးအပ်သွားရန်ရှိပြီး လက်  ရှိအချိန်တွင် မြို့နယ်အလိုက်၊ ကျေးရွာအလိုက်၊ ဆုံးရှုံးစိုက်ဧက များ စာရင်းပြုစုလျက်ရှိသည်။

 မန္တလေးတိုင်းဒေသကြီး အတွင်း မိတ္ထီလာခရိုင်မှာ သီးနှံ စိုက်ဧက ၃၅၀၀၀ ကျော်၊ ရမည်း  သင်းခရိုင်မှာ သီးနှံစိုက်ဧက ၅၆၀၀၀ ကျော်၊ ကျောက်ဆည် ခရိုင်မှာ ဧက ၁၁၀၀၀၀ ကျော်၊  ရေကြီးနစ်မြုပ်ခဲ့ကြောင်း စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။

မြစ်သားမြို့နယ်၊သျှင်ငပြေး ကျေးရွာတွင် ငှက်ပျောနှင့် ကြက် သွန်စိုက်ပျိုးသည့် တောင်သူ အများစု စိုက်ဧကများ လုံး၀ ပျက်စီးခဲ့ကြောင်း ကြက်သွန် တစ်ဧကလျှင် ငွေကျပ် ခြောက် သိန်းခန့် ကုန်ကျထားပြီး စိုက်ပျိုး သည့် ငါးဧကလုံး ပျက်စီးဆုံးရှုံး ခဲ့ကြောင်း တောင်သူ ဦးစိုးသိန်း က ပြောသည်။

“ ကြက်သွန်က နှစ်လကျော် သက်တမ်းရှိနေပါပြီ။ တစ်ဧက ကို ခြောက်သိန်းနှုန်းလောက် ကုန်ကျထားတာပါ။ လုံး၀ကို ပြန်စိုက်လို့မရတော့ အခြေအနေ ဖြစ်လို့ လက်ရှိရေကျတာနှင့် ထယ်ကြောင်းထိုးပြီး V2 ကုလား ပဲကို စိုက်ပျိုးဖို့ ပြင်ဆင်ထားပါ တယ်´´ ဟု ၎င်းက ပြောသည်။

နိုင်ငံအဝန်းရေကြီးမှုကြောင့် စက်တင်ဘာ ၂၁ ရက်နေ့အထိ ဘာသာရေးကျောင်း(၄၃၅)ကျောင်း၊ လမ်းတံတား(၅၃၃)ခုရေမျောပျက်စီး၊ လျှပ်စစ်မီးတိုင် (၂၄၈၉)ခု၊ ဆက်သွယ်ရေးတာဝါတိုင်(၉၉)ခု၊ တိရစ္ဆာန်သေဆုံးမှု(၁၄၄၉၉၈)ကောင်ရှိပြီး
စပါးစိုက်ဧက(၇၃၅၄၆၁)ဧကပျက်စီးခဲ့​သည်။

လက်ရှိ စိုက်ပျိုးရာသီအရ မိုးရာသီနှင့် ဆောင်းရာသီကြား ကာလဖြစ်တာကြောင့် အချို့ ကြက်သွန်စိုက်ပျိုးမှုမှာ ပြန်လည် စိုက်ပျိုးရန် အချိန်မမီတော့သဖြင့် သက်တမ်းတိုသည့် ကုလားပဲမျိုး၊  မြေပဲမျိုး၊ ပြောင်းလဲစိုက်ပျိုးရန် ရေဘေးသင့် တောင်သူများအနေ ဖြင့် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.