ဒေါ်လာဈေးတက်လာတာနှင့်အတူ ပို့ကုန်ပဲများ အတက်ဈေးဖြစ်လာ

ရွှေမန်း

မန္တလေး ပဲ၊ နှမ်းဈေးကွက် တွင် ဒေါ်လာဈေးတက်လာတာ နှင့်အတူ ပို့ကုန်ပဲများ အတက် ဈေးဖြစ်လာကြောင်း ပဲ၊ နှမ်းကုန် သည်များထံက သိရသည်။

ပို့ကုန်ပဲစင်းငုံမှာ ဈေးကျ ဆင်းမှုရပ်သွားပြီးနောက် ဒေါ်လာစျေး အတက်ပြလာတာနှင့် သုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၂၈၆၀၀၀ ပေါက် ဈေးကို မန္တလေးပဲဈေး ကွက် အဖိတ်နေ့တွင် ဖြစ်လာသည်။    

 မန္တလေးဈေးကွက်တွင် နယ်စုံမှ ကုလားပဲသစ်များ ပဲမာ လိုင်းများ အသစ်ဝင်ရောက်မှုရှိ လာသော်လည်း ပြည်တွင်းဝယ် လက်သာ ဝယ်ယူမျိုးဖြစ်သော ကြောင့် ဈေးတည်ငြိမ်နေကြောင်း၊ ပို့ကုန်ပဲစင်းငုံပေါက်ဈေးမှာ ဒေါ်လာဈေးကြောင့် အတက်   ဈေးဖြစ်လာကြောင်း၊ ပြည်တွင်း သုံးကုလားပဲနှင့် ပဲမာလိုင်းများမှာ အသစ်များ ဝင်ရောက်ချိန် ဈေး ကျဆင်းနေခြင်းဖြစ်သော်လည်း လက်ရှိပေါက်ဈေးများထက်  ကျဆင်းစရာမရှိကြောင်း ရွှေစင် သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။  

“ ပို့ကုန်ပဲတွေ ဒေါ်လာဈေး တက်လာတော့ အတက်ဈေးဖြစ် လာပါတယ်။ ဒီတစ်ပိတ် ပဲဈေး ကွက် အပိတ်နေ့မှာ ပဲစင်းငုံတစ် အိတ် ငွေကျပ် ၂၈၆၀၀၀ ပေါက် ဈေးဖြစ်လာပါတယ်။ မတ်ပဲဈေး က အတက်ဈေး မရှိသေးပါဘူး။ပဲမာလိုင်းအသစ်တွေကတော့ နယ်စုံကနေ ဝင်ရောက်နေပေမယ့် ဈေးကောင်းတော့ မရရှိသေးပါ ဘူး။ ပဲထောပတ်နဲ့ကျွန်းစားတော် ပဲတွေသာ တစ်အိတ် ငွေကျပ် ၃၆၀၀၀၀ ကျော် ဈေးရနေတာ ပါ။ ကျန်ပဲတွေကတော့ ငွေကျပ် ၂၀၀၀၀၀ ကျော်သာ ပေါက်ဈေး ရှိနေတာပါ။ ပြည်တွင်းသုံးပဲတွေ က အသစ်ဝင်ချိန် ဈေးကျဆင်း လေ့ရှိပေမယ့် လက်ရှိပေါက်ဈေး တွေထက်တော့ ကျဆင်းစရာမရှိ တော့ပါဘူး။ ပြည်တွင်းသုံး ကုလားပဲတွေလည်း ဈေးကွက် ထဲ ဝင်ရောက်လာပါပြီ´´ ဟု ၎င်း က ပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် ပို့ကုန်မတ်ပဲ(အသစ်)တစ်အိတ် လျှင် ငွေကျပ် ၂၇၅၀၀၀၊ ပဲစင်းငုံ မှာ  သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ်၂၈၆၀၀၀ ခန့် ပေါက်ဈေး ရှိနေသည်။ ပဲတီစိမ်း(အညာ) တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀  ပေါက်ဈေး ရှိနေသည်။    

ပြည်တွင်းသုံး ကုလားပဲအုပ်စုအားလုံး တစ်အိတ်လျှင် ငွေကျပ် ၂၃၀၀၀၀- ၂၄၀၀၀၀၊ အသစ်ဝင် ပဲမာလိုင်းများမှာ  ပဲလွန်းဖြူပိဿာ ၆၀ တစ်အိတ် လျှင် ငွေကျပ် ၂၃၅၀၀၀၊ ပဲလွန်း ပြာ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၀၅၀၀၀၊ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေ ကျပ် ၃၆၀၀၀၀၊  စားတော်ပဲ (ကနေဒါ) တစ်အိတ်လျှင် ငွေ ကျပ် ၃၂၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀၊ မြေပဲလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၉၂၀၀-၉၃၀၀ ပေါက် ဈေး ရှိနေသည်။

မန္တလေး ဈေးကွက်တွင် ပြောင်းဖူး(ဗမာ) ၅၄ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၈၂၀၀၀၊ ပြောင်းဖူး(ရှမ်း) ၅၄ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၈၅၀၀၀၊ ပြောင်းဖူး(CP) ၅၄ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၈၄၀၀၀၊ အထွက် တိုးပြောင်း(နီ) ၅၃ ပိဿာ တစ် အိတ်လျှင် ငွေကျပ်  ၈၃၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။

နှမ်းမျိုးစုံ ဈေးကွက်မှာ ဖေဖော်ဝါရီ ၁၉ ရက်တွင် နှမ်း နက်(စမုန်)ထိပ်စ သုံးတင်းဝင် တစ်အိတ်လျှင်ငွေကျပ် ၇၃၀၀၀၀- ၇၃၅၀၀၀၀၊ အက်စစ်မလွတ် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၆၉၀၀၀၀၊ ဆောင်းနှမ်း အသစ်များ ဝင်ရောက်လျက်ရှိရာ ဆောင်းနှမ်းနက် တစ်အိတ်လျှင် ငွေကျပ် ၅၃၅၀၀၀-၅၄၅၀၀၀၊   ဈေးကွက်အတွင်း နှမ်းမျိုးစုံ ဝင် ရောက်မှုနည်းပါးသွားကြောင်း သိရသည်။
 

Leave a Reply

Your email address will not be published.