ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် ပြောင်းဈေးကွက် အမြင့်ဈေးတွင်ရှိနေ

ရွှေမန်း

ထိုင်းနိုင်ငံသို့ တင်ပို့နေသည့်  မြန်မာ့ပြောင်းဈေးကွက် တစ် ပိဿာလျှင် ငွေကျပ် ၁၄၈၀ ခန့်  ရရှိနေရာ အမြင့်ဈေးတွင် ရှိနေ ကြောင်း ပြောင်းလုပ်ငန်းရှင်များထံ က သိရသည်။

မြန်မာ့ပြောင်းကို ပထမ အများဆုံးတင်ပို့သည့်နိုင်ငံမှာ ထိုင်း နိုင်ငံဖြစ်ပြီး လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံသို့လည်း အခွန်ကင်း လွတ်ခွင့်ဖြင့် တင်ပို့လျက်ရှိသည်။

ထိုင်းနိုင်ငံသို့ ပြောင်းတင် သွင်းခွင့်မှာ ဩဂုတ် ၃၀ ရက် ထိသာ နောက်ဆုံးတင်ပို့ရမည်ဖြစ် တာကြောင့် လက်ရှိ တင်ပို့နေ သည့် ပြောင်းဈေးကွက်မှာ ဈေး ကောင်းရရှိနေခြင်းဖြစ်သည်။ ထိုင်း နိုင်ငံသို့ တင်ပို့မှုရပ်နားပြီးနောက်  မှသာ အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံ များသို့ တင်ပို့နိုင်မည် ဖြစ်သည်။

“ လက်ရှိ ထိုင်းနိုင်ငံသို့ တင် ပို့သည့် သင်္ဘောများမှာ တန်ချိန် ၂၅၀၀၊ ၂၇၀၀ ပတ်ဝန်းကျင် သင်္ဘောများဖြစ်လို့ ကုန်သည်တစ် ဦးတည်းကတောင် တင်ပို့နိုင်တဲ့  အခြေအနေပါ။ သင်္ဘောက အရေ အတွက်နည်းတော့ စောင့်ပြီးတင် ပို့နေရပါတယ်။ လက်ရှိမှာ ထိုင်း က ပြောင်းဝယ်ဈေးကောင်းနေ တော့ ပြည်တွင်းမှာ ပြောင်းတစ် ပိဿာလျှင် ငွေကျပ် ၁၄၈၀ ထိ  အမြင့်ဈေးရရှိနေတာပါ´´ ဟု မြန်မာနိုင်ငံပြောင်း  စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းမှ ဦးတိုးက ပြောသည်။

မြန်မာ့ပြောင်းတင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း များမှ တင်ပို့မှုကိုရပ်နားထားပြီး  ပင်လယ်ရေကြောင်းကနေ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယတို့ ကို ပင်လယ်ရေကြောင်းမှတစ်ဆင့်  တင်ပို့လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.