ရွှေမန်း
နိုင်ငံတစ်ဝန်းရှိ တောင်သူ များအတွက် မိုးရာသီစိုက်ပျိုး စရိတ် တစ်ဧက ချေးငွေအပေါ်မှာ ၂ရာခိုင်နှုန်းအတွက် အာမခံထား ခြင်းကို ဇွန်၁ရက်မှ စတင်ကာ ဆောင်ရွက်သွားမည်။
မြန်မာ့လယ်ယာဘဏ်က ထုတ်ချေးပေးသည့် တစ်ဧက ချေးငွေအပေါ်မှာ တစ်ရာခိုင်နှုန်း အာမခံထားရှိခြင်းဖြင့် ၎င်းလယ် တစ်ဧကသည် သက်မှတ်ထား သောမိုးရေချိန်လက်မထက် ကျော် လွန်ရွာခဲ့သည့် ဖြစ်စဉ်မျိုး ကြုံတွေ့ ခဲ့ပါက ဘဏ်က ထုတ်ချေးပေး ထားသည့်ချေးငွေကို မြန်မာ့ အာမခံလုပ်ငန်းက ပေးလျော်သွား မည့် အာမခံအမျိုးအစားဖြစ် သည်။ ယင်းအာမခံအမျိုးအစား ကို လာမည့်မိုးရာသီ စိုက်ပျိုးစရိတ် ထုတ်ချေးစဉ် တစ်နိုင်ငံလုံးမှာ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှ သိရသည်။
“ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေအပေါ်မှာ နှစ်ရာခိုင်နှုန်း နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဆောင်းရာသီမှာ တစ် ရာခိုင်နှုန်းယူခဲ့ပါတယ်။ အဲဒီတုန်း ကတော့ သက်မှတ်မိုးရေချိန် အောက် လျော့နည်းပြီး မိုးရွာခဲ့ရင် သီးနှံတွေ မအောင်မြင်ဘဲ ဖြစ် တတ်တာကို ကာကွယ်ပေးခဲ့ပါ တယ်။ ပထမဆုံးဆောင်းရာသီမှာ တော့ ရှေ့ပြေး စီမံကိန်းအဖြစ် ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီတိုင်း ဒေသကြီးတွေမှာ ဆောင်ရွက်ခဲ့ ပါတယ်။ အခု မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေမှာတော့ နိုင်ငံ တစ်ဝန်းလုံးအတွက် အကာ အကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အောက် ပိုင်းခွဲထားပါတယ်။ ပထမ သတ် မှတ်ကာလ ဇူလိုင် ၁ရက်ကနေ ဩဂုတ် ၃၀ရက် ထိ မြန်မာ နိုင်ငံအထက်ပိုင်းမှာ ရာသီဥတု ညွှန်းကိန်းအောက် လျော့ပြီး မိုးရွာခဲ့ရင်သီးနှံတွေ မအောင်ဖြစ် တတ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင် တော့ ၂၀ရာခိုင်နှုန်း ပေးလျော် သွားမှာပါ။ မြန်မာနိုင်ငံအထက် ပိုင်းဖြစ်သော်လည်း ပုံမှန်အား ဖြင့် ရာသီဥတုညွှန်းကိန်း အောက် ကို မိုးရွာသွန်းသော်လည်း ရေကြီး နစ်မြုပ်မှုတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင်လည်း ပထမကာလ မှာ ၂၀ရာခိုင်နှုန်းပေးလျော်မှာ ဖြစ်ပါတယ်။ အလားတူ ဒုတိယ ကာလလည်း မိုးရွာသွန်းမှု နည်း တာ ရေကြီးနစ်မြုပ်ရင်တော့ ၃၀ရာခိုင်နှုန်း အကျိုးခံစားခွင့် ပေးမှာပါ။ မြန်မာနိုင်ငံအောက်ပိုင်း မှာတော့ မိုးရေချိန်လက်မအောက် လျော့နည်းဖို့ မဖြစ်နိုင်တော့ သက် မှတ် မိုးရေချိန်လက်မထက် ကျော်လွန်ပြီး မိုးရွာသွန်းရင် ပထမကာလမှာ ၂၀ရာခိုင်နှုန်း၊ ဒုတိယကာလမှာတော့ မိုးလွန် ရေကြီးတာတွေဖြစ်ခဲ့ရင် ၃၀ ရာခိုင် နှုန်း အကျိုးခံစားခွင့်ရရှိမှာပါ´´ ဟု မြန်မာ့အာမခံလုပ်ငန်းမှ အထွေ ထွေမန်နေဂျာ ဦးမြင့်ဦးက ပြော သည်။
ဆောင်းသီးနှံတွင် ရေကြီး နစ်မြုပ်မှုကို အကာအကွယ်မပေး ဘဲ မိုးရေချိန်လက်မ လျော့တာ ကို အကာအကွယ်ပေးပြီး မိုးသီးနှံတွင် မြန်မာနိုင်ငံအထက် ပိုင်းကို မိုးရွာသွန်းမှုလျော့နည်း ခြင်းကို အကာအကွယ်ပေးပြီး အောက်ပိုင်းတွင် မိုးရွာသွန်းမှုများ ခြင်းကို အကာအကွယ်ပေးသွား မည်ဖြစ်သည်။
မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးတို့၏ ရာသီဥတုအညွှန်းကိန်း သီးနှံ အာမခံဆောင်ရွက်ခြင်းကို ပြီးခဲ့ သည့်ဆောင်းရာသီ စိုက်ပျိုးစရိတ် ထုတ်ချေးစဉ်က ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Leave a Reply