တရုတ်ဝယ်လိုအားကြောင့် ပြည်တွင်းမှ ငရုတ်သီးခြောက်များ ဈေးကောင်းရနေ

ရွှေမန်း

ပြည်တွင်းမှ စိုက်ပျိုးထွက် ရှိသော ငရုတ်စိုနှင့်ငရုတ်ခြောက် နှစ်မျိုးရှိရာ တရုတ်ဘက်မှ မေလ ဆန်းပိုင်းမှစတင်၍ ဝယ်ယူလာ ခြင်းကြောင့် ငရုတ်သီးခြောက် များ တင်ပို့လျက်ရှိရာ မိုးထောင် ငရုတ်သီးခြောက်မှာ တစ်ပိဿာ လျှင် ငွေကျပ် ၉၀၀၀ ဝန်းကျင် ရောက်ရှိလာပြီး ဈေးကောင်းရနေ သည်။

မြ၀တီနယ်စပ်လမ်းကြောင်း ဖြင့် ထိုင်းဘက်သို့ တင်ပို့ခြင်းမှ တရုတ်ဘက်က ဈေးကောင်းပေး ဝယ်ခြင်းကြောင့် တရုတ်ဘက်သို့ တင်ပို့မှုများလာသည်ဟု မြန်မာ့ ငရုတ်သီးဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်က ပြောသည်။

“ ပြည်ပကို ခါတိုင်းပို့တဲ့ ငရုတ်အစိုသီးက မရှိတော့ဘူး။နေပြင်းလို့ ငရုတ်သီးတွေက အခြောက်ဖြစ်သွားတယ်။ ငရုတ် သီးခြောက်ကိုပဲ တင်ပို့နေတယ်။လက်လီမှာ တစ်ပိဿာ ငွေကျပ် ၅၀၀၀-၆၀၀၀ ဈေးမှာတောင် ဝယ်သူနည်းခဲ့ရာက ခုဆိုတရုတ် က ဝယ်ဈေးမြင့်လာတော့ ငွေကျပ် ၈၅၀၀ ဖြစ်သွားပြီ။ လက်လီမှာ တစ်ပိသာ ငွေကျပ် ၉၀၀၀ လောက်ရှိတယ်´´ ဟု ၎င်းက ပြောသည်။

ငရုတ်သီးတွင် ငရုတ်အတို သီးနှင့် အရှည်သီးဟူ၍ ရှိရာ အရှည်သီးမှာ ပြည်တွင်းဈေး ကွက်တွင် ရောင်းချနေရပြီး ငရုတ်အတိုသီး(ငရုတ်အခြောက်သီး) များကို ပြည်ပသို့တင်ပို့ကြောင်း၊ ငရုတ်သိးခြောက်များကို တရုတ် ဘက်သို့ မိုင်းလားလမ်းပိုင်းမှ တစ်ရက်လျှင် ကုန်တင်ယာဉ် ၆ စီးမှ ၁၀ စီးခန့် တင်ပို့နေသည်။

“ ငရုတ်အခြောက်ဆိုရင် တရုတ်ဘက် အသွားများတယ်။မိုင်းလားဘက်က လမ်းပိုင်းသိပ် အကောင်းကြီး မဟုတ်ပေမယ့် အဆင်ပြေတဲ့ အခြေအနေရှိပါ တယ်။ ငရုတ်တောင်သူတွေမှာ လက်ရှိကြုံနေရတာက လုပ်သား ရှားပါးမှုနဲ့ ကြုံနေရပြီး ပူပြင်းမှု ဒဏ်ကြောင့် ငရုတ်အစိုက မရှိ သလောက်ဖြစ်နေတယ်´´ ဟု ဆက်လက်ပြောကြားသည်။

ငရုတ်ခူးဆွတ်ရာတွင်ရာသီ ဥတုပူပြင်းမှုကြောင့် အစိုမရ ရှိနိုင်တော့ဘဲ ငရုတ်ပင်များကို ခုတ်လှဲ၍ အမိုးအကာအောက် တွင် ရွှေ့ပြောင်းခူးဆွတ်ရသည့် ပုံစံ ပြောင်းလဲလုပ်ဆောင်နေရပြီး လုပ်သားရှားပါးမှုနှင့် ကြုံတွေ့ နေရကြောင်း၊ သို့ဖြစ်ရာလာမည့် နှစ်တွင် ငရုတ်စိုက်တောင်သူ အရေအတွက် နည်းပါးလာနိုင် ရာမှ အထွက်နှုန်းနည်းပါးနိုင် သည်။

ပြည်ပသို့ ငရုတ်သီးခြောက် များတင်ပို့သည့် အမျိုးအစားများ မှာ ၇၇၇ ငရုတ်သီး၊ ၉၉၉ ငရုတ်သီး၊ ဆန်းရှိုင်းငရုတ်သီး၊ စသည့် အမျိုးအစားများဖြစ် ကြောင်းသိရပြီး လက်ရှိတွင်တစ် ပိဿာလျှင် ငွေကျပ် ၆၅၀၀ ဝန်းကျင်မှ မိုးထောင်ငရုတ်မှာ ၉၀၀၀ ဝန်းကျင်ထိ ဈေးကောင်း ရရှိနေသည်ဟုဆိုသည်။

Leave a Reply

Your email address will not be published.