ရွှေမန်း
တရုတ်နိုင်ငံသို့ တင်ပို့ရန် နှမ်းနက်နှင့် ပဲတီစိမ်း အဝယ် ကောင်းနေသောကြောင့် ဈေးမြင့် တက်လာကြောင်း ပဲ၊ နှမ်းကုန် သည်များထံမှ သိရသည်။
လက်ကျန်နည်းလာသည့် ကျွန်းစားတော်ပဲမှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၄၈၅၀၀၀ ပေါက်ဈေးဖြစ်လာပြီး စားသုံးမှု မြင့်တက်နေချိန် ဖြစ်သည်။
ပဲနှမ်းဈေးကွက်အတွင်း နှမ်း နက်နှင့် ပဲတီစိမ်းမှာ တရုတ်ကုန် သည်များ ဝယ်လိုအားကောင်းလာ သောကြောင့် ဈေးမြင့်တက်လာ ကြောင်း၊ နှမ်းနက်မှာ တရုတ်ပွဲ တော်များအတွက် ဝယ်လိုအား ကောင်းနေခြင်းဖြစ်ပြီး ပဲတီစိမ်း မှာ ဈေးတန်းကြောင့် ဝယ်လိုအား ကောင်းနေခြင်းဖြစ်ကြောင်း၊ ပြည် တွင်းသုံး ကုလားပဲအုပ်စု အနည်း ငယ် ပြန်လည်ဈေးမြင့်တက်လာ သလို မြေပဲဆန်မှာလည်း နယ်စုံမှ အသစ်ဝင်ရောက်မှုများ ရှိနေသလို ဝယ်လိုအားနှင့် ရောင်းလိုအား မျှတနေချိန်ဖြစ်ကြောင်း၊ ကျွန်း စားတော်ပဲမှာ လက်ကျန်နည်း လာပြီး တရုတ်နိုင်ငံမှ ကနေဒါ စားတော်ပဲ ဝင်ရောက်မှု မရှိ သဖြင့် ဈေးမြင့်တက်လာချိန်ဖြစ် ကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)ပိုင်ရှင်က ပြောသည်။
“ နှမ်းနက်ဈေးမှာ တရုတ် အဝယ်ကောင်းတော့ ဈေးမြင့်တက် လာပါတယ်။ အက်စစ်လွတ်ရင် သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၇၀၀၀၀၀ အထိ ဈေးကောင်း ရလာပါတယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုလည်း အနည်း ငယ် ဈေးပြန်တက်လာတယ်။ မြေပဲဆန် အသစ်တွေကလည်း တစ်နယ်ပြီးတစ်နယ် ဝင်နေသလို မြေပဲဆန် ဈေးတွေလည်း ကောင်း နေပါတယ်။ ကျွန်းစားတော်ပဲမှာ လည်း လက်ကျန်နည်းလာတော့ အမြင့်ဈေး ဖြစ်လာပါတယ်´´ ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၁၂ ရက်တွင် ပို့ ကုန်မတ်ပဲ(ဟောင်း)တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ မတ်ပဲ(အသစ်) တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲစင်းငုံမှာ ပဲနှမ်းဈေးကွက်အတွင်း ဝင်ရောက်မှု မရှိသေးသော်လည်း နယ်ဈေးကွက်တွင် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀ ခန့် ပေါက်ဈေးရှိနေသည်။ ပဲတီ စိမ်း(အညာ)တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိလာပြီး ဈေးမြင့်တက် အဝယ်သွက်နေ သည်။
ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အဝယ်အေးနေရာ ဒီဇင် ဘာ ၁၂ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၀၇၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။
ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ဈေးအနည်းငယ်မြင့်တက်လာ ရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၃၅၀၀၀၀၊ ကျွန်း စားတော်ပဲ တစ်အိတ်လျှင် ငွေ ကျပ် ၄၈၅၀၀၀၊ ကနေဒါစား တော်ပဲတစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၈၈၀၀-၈၉၀၀ ပေါက် ဈေး ရှိနေသည်။
နှမ်းမျိုးစုံမှာ အရောင်းအဝယ် ပြန်သွက်လာရာ ဒီဇင်ဘာ ၁၂ ရက် တွင် နှမ်းနက်(စမုန်) ၄၅ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၆၆၀၀၀၀၊ အက်စစ်လွတ်တစ်အိတ်လျှင် ငွေ ကျပ် ၆၉၅၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၃၀၀၀၀၊ နှမ်းဖြူ(ဗမာ-သစ်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ နှမ်းညို ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀ အသီးသီး ပေါက်ဈေးရှိနေရာ နှမ်းအမျိုးအစားအလိုက် တစ် အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ကျော် ဆက်လက်မြင့်တက်လာကြောင်း သိရသည်။
Leave a Reply