ရွှေမန်း
ဆီထွက်သီးနှံမြေပဲနှင့် နှမ်း မျိုးစုံဈေးကွက် အနည်းငယ် ဈေး မြင့်တက်လာကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။
နှမ်းမျိုးစုံဈေးကွတ်မှာ ပို့ကုန် အဝယ်ရှိလာသောကြောင့် ဈေးကျ ဆင်းနေရာမှ အနည်းငယ် ဈေး မြင့်တက်လာသည်။
အောက်တိုဘာ တစ်လလုံး ဈေးကွက်အတွင်းများလာသည့် မြေပဲဆန်ဈေးကွက်အနည်းငယ် ပြန်မြင့်တက်လာကြောင်း နှမ်း မျိုးစုံမှာ ပို့ကုန်တင်ပို့မှုအတွက် ဝယ်လိုအားကောင်းလာရာ တစ် အိတ်လျှင်ငွေကျပ် ၃၀၀၀၀ခန့် ဈေးမြင့်တက်လာကြောင်း ပြည် တွင်းသုံး ကုလားပဲအုပ်စုမှာ ပုံမှန် သာအရောင်းအဝယ်ရှိပြီး ဈေးငြိမ် နေကြောင်း ရွှေလမင်းပွဲရုံပိုင်ရှင် ဦးဆန်းထွန်းလွင်က ပြောသည်။
“ မြေပဲဆန်ဈေးတွေ အနည်း ငယ် ပြန်လည်မြင့်တက်လာတာ က ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးကို ရောက်လာတာပါ။ အောက်တိုဘာ တစ်လလုံး စိုက်စရိတ် အရင်း ဈေးလောက်မှာ ရောင်းခဲ့ရတာပါ။အခု မြေပဲဆန်ထိပ်စက တစ် ပိဿာငွေကျပ် ၈၅၀၀ ပြန်ဖြစ်လာ ပါတယ်။ မြေပဲဆီဆန်က တစ် ပိဿာငွေကျပ် ၇၇၀၀ ဖြစ်လာပါ တယ်။ မြေပဲဆန်ဈေး မြင့်တက် လာသလို ပဲဆီဈေးလည်း လိုက်ပါ မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စားအုန်းဆီ တင်သွင်းမှုများခဲ့လို့ ပြည်တွင်း ပဲဆီသုံးစွဲမှု လျော့ကျခဲ့တော့ မြေပဲဈေးလည်း ကျဆင်းခဲ့တာပါ။ပြည်တွင်းမြေပဲဆန် ထွက်ရှိချိန် မှာ စားအုန်းဆီတင်သွင်းမှုကို လျှော့ချသင့်ပါတယ်။ လက်ရှိမှာ ပြည်တွင်းနှမ်းမျိုးစုံကို ပို့ကုန်တင် ပို့မှုရှိလာတော့ နှမ်းဈေးကွက် ပြန်ကောင်းလာပါတယ်။ ပြည် တွင်းသုံး ကုလားပဲ အုပ်စုကတော့ ပုံမှန်ဈေးကွက်သာရှိနေပါတယ်´´ ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၃၀ရက်တွင် ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ မတ်ပဲ(အသစ်) တစ် အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ပဲစင်းငုံမှာ အရောင်းအဝယ်မရှိ၊ ပေါက်ဈေးဖွင့်နိုင်ခြင်းမရှိဘဲ ပဲတီ စိမ်း အညာတစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀ ပေါက်ဈေးရှိနေသည်။
ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပုံမှန်အရောင်းအဝယ်ဖြင့် ဈေးငြိမ်နေရာ အောက်တိုဘာ ၃၀ ရက်တွင် ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၃၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၉၃၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။
ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ဈေးအနည်းငယ် ဆက်လက် ကျဆင်းလာရာ ပဲကြီးတစ်အိတ် လျှင် ငွေကျပ် ၃၀၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀၊ ကနေဒါ စားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၅၅၀၀၀၀ ပေါက်ဈေး ရှိနေပြီး မြေပဲအနီလုံးဆန် တစ် ပိဿာလျှင် ငွေကျပ် ၈၄၀၀-၈၅၀၀ ပေါက်ဈေးရှိနေသည်။
နှမ်းမျိုးစုံမှာ ပို့ကုန်သမား များအဝယ်ကောင်းသဖြင့် အောက် တိုဘာ ၃၀ရက်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်အေးနေရာ နှမ်းနက် (စမုန်) ၄၅ ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၆၂၀၀၀၀၊ အက်စစ် လွတ် တစ်အိတ်လျှင် ငွေကျပ် ၆၇၀၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ နှမ်းဖြူ(ဗမာ) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၇၅၀၀၀၊ နှမ်းညို ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။
Leave a Reply