ရွှေမန်း
စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ သီးနှံစိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များကို အသုံးပြုခြင်းဖြင့် ဖျက်ပိုးများကို နှိမ်နင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်သင့်ကြောင်း သိရသည်။
မီးရောင်ထောင်ချောက်အသုံးပြုတာက အရွယ်ရောက်ဖျက်ပိုး အမတွေကို သေကြေပျက်စီးစေပြီးတော့ မျိုးပွားမှုကို လျော့နည်းစေမယ်၊ ၂ဧကပတ်လည်ကို မီးရောင်ထောင်ချောက်တစ်ခုနှုန်းထားခြင်းဖြင့်လည်း ဖျက် ပိုးအန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်၊
ဟု အဆိုပါဌာနကတာဝန်ရှိသူတစ်ဦးကပြောသည်။
ဖျက်ပိုးအများစုမှာ မီးရောင်အား ကြိုက်နှစ်သက်ကြပြီး ညအချိန်တွင် စိုက်ခင်းများတွင် မီးထောင်ချောက်ထား ခြင်းအားဖြင့် စပါးဆစ်ပိုးဖလံ၊ မြေပဲရွက် လိပ်ရွက်ကပ်ဖလံ၊ ငမြှောင်တောင်ဖလံ၊ နှမ်းဖလံ၊ သီးတောင့်ထိုးဖလံ၊ ဖြုတ်အမျိုးမျိုး၊ စပါးနှံစိတ်ပိုး၊ ပိုးလောင်မီးပိုးစသည့်ဖြင့် ပိုးအမျိုးအစားပေါင်းစုံမှ ထောင်ချောက်အတွင်း ကျ ရောက်ကာ ပလပ်စတစ်အိတ်ဖြင့် ထုတ်ပိုးကာ သီးနှံပိုးကောင်များအား ဖျက်ဆီးနိုင်ကြောင်းသိရသည်။
ပိုးဖလံမျိုး မီးကိုတိုးဆိုသလို ပိုးကောင်လေးတွေ အကုန်လုံး ဖမ်းဆီးပြီးတော့ ရှင်းလင်းလိုက်နိုင်တဲ့အတွက် စိုက်ခင်းတွေမှာ ပိုးသတ်ဆေးအသုံးပြုရတာလည်းလျော့နည်းသွားမယ်၊ သီးနှံထွက်နှုန်းကိုလည်း သိသိသာသာ တိုးမြင့်လာစေနိုင်တယ်၊ ကုန်ကျစရိတ်အနေနဲ့လည်း ဘာမှမရှိတဲ့အတွက် တောင်သူတွေလုပ်ဆောင်သင့်ပါ တယ်၊ “ ဟု အဆိုပါဌာနကတာဝန်ရှိသူတစ်ဦးကပြောသည်။
မီးရောင်ထောင်ချောက်အပြင် အဝါရောင်တောက်ပသော စက္ကူများကို ချိတ်ဆွဲခြင်း၊ မီးရောင်ထောင်ချောက် အောက်တွင် ပလပ်စတစ်အိတ်ထည့်ကာ ကျလာသော အကောင်များကို ဖမ်းဆီးသည့်နည်းအပြင် ရေနံဆီ၊ ဓာတ်ဆီ၊ ဒီ ဇယ်ဆီ၊ ပိုးသတ်ဆေး အရည်တစ်မျိုးမျိုးအား ဇွန်းတစ်ဝက်ခန့်ထည့်ပြီး ရေအိုင်အလည်ကောင်တွေ မီးထောင်ချောက်အားထားရှိခြင်းဖြင့် ဖျက်ပိုးများမှာ မီးရောင်တိုးကာ ပြုတ်ကျလာသည့်အကောင်များရေအိုင်အ တွင်းကျကာ သေကျေဖျက်ဆီးခြင်းအားဖြင့် ဖျက်ဆီးပိုးများကို သေစေနိုင်မည်ဖြစ်ကြောင်းသိရသည်။
မီးထောင်ချောက်အား တောင်သူများအနေဖြင့် လုပ်ဆောင်လိုပါက တင်ပြနိုင်ပြီး လိုအပ်သော နည်းစနစ်ပိုင်းဆိုင် ရာများ၊ ကူညီမှုများကို စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Leave a Reply