ရွှေမန်း

ယခုနှစ်သရက်သီးရာသီတွင် အရည်အသွေးကောင်းသရက်သီး ထွက်ရှိမှုလျော့ကျတာကြောင့် ဈေးကောင်းရရှိသော်လည်း ပြည်ပ သို့တင်ပို့နိုင်မှုလျော့ကျကြောင်း သရက်သီး တင်ပို့သူများထံက သိရသည်။

ယခုနှစ်သရက်ရာသီတွင် ပြည်တွင်းသရက်သီးထွက်ရှိမှု လျော့ကျသလို ရာသီဥတုပူပြင်း တာကြောင့်လည်း အသီးအရွယ် ကြီးထွားမှုနည်းတာကြောင့်လည်း ပို့ကုန်အရည်အသွေးကောင်း သရက်သီးတင်ပို့နိုင်မှုလျော့ကျ နေခြင်းဖြစ်ကြောင်း၊ ယခင်နှစ် က ပြည်ပသို့ စိန်တလုံးသရက် သီး တန်ချိန် ၅၀ ကျော် တင်ပို့ နိုင်ခဲ့သော်လည်း ယခုနှစ်တွင် တန်ချိန် ၂၀ ကျော်သာ တင်ပို့ နိုင်ကြောင်း ပြည်တွင်းဈေးကွက် မှာလည်း တန်ချိန် ၁၅ တန်ခန့် သာရောင်းချနိုင်ခဲ့ကြောင်း သဇင် နွယ်သရက်ခြံမှ ခြံမန်နေဂျာ ဦးဌေးအောင်က ပြောသည်။

“ ဒီနှစ်က အသီးကောင်းရှား တာရယ်ပြည်ပတင်တော့သင်္ဘော နောက်ကျတာတွေရှိတော့ မနှစ် ကထက် တင်ပို့မှုလျော့ကျပါတယ်။ ပြည်တွင်းဈေးမှာတော့ အသီးရှား တော့ မနှစ်ကထက် ဈေးကောင်း ရကြပါတယ်။ မနှစ်က ပြည်ပ ကို တန်ချိန် ၅၀ လောက်ပို့နိုင်ခဲ့ ပါတယ်။ ဒီနှစ်တော့ တန်ချိန် ၂၀ ကျော်လောက်သာပို့နိုင်တယ်´´ ဟု ၎င်းက ပြောသည်။

ပြည်ပသို့စိန်တလုံးသရက် သီး တင်ပို့မှုကို သင်္ဘောတင်နှင့် လေကြောင်းလိုင်းများမှ တင်ပို့ မှုရှိသလို နယ်စပ်ကုန်သွယ်မှုမှ တင်ပို့မှုမှာလည်း သယ်ယူစရိတ် မြင့်မားတာကြောင့် တင်ပို့မှု လျော့နေခြင်းဖြစ်သည်။

သို့သော်လည်း သရက်သီး အထွက်နှုန်းကျဆင်းမှုကြောင့် ပြည်တွင်းဈေးကွက်မှာ ၁၆ကီလို တစ်ခြင်းလျှင် ငွေကျပ် ၄၅၀၀၀မှ -၅၀၀၀၀ ထိဈေးကောင်းရရှိနေ ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published.