စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ

ရွှေမန်း

ပြည်တွင်း စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်မျာကြီးမြင့်နေသလို စားသုံးသူများ လည်း ကုန် ဈေးနှုန်းကြီးမြင့် နေကြောင်း တောင်သူများထံ ကသိရသည်။

စက်တင်ဘာလအတွင်းက နေပြည်တော်၊ မန္တလေး၊ ကလောဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး စပါးအပါအဝင် စားဖိုဆောင်သီးနှံစိုက်ခင်းများ ပျက်စီးခဲ့ရာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးဈေးကွက် အတွင်း အခြေခံ စားသောက်ကုန်များဝင်ရောက်နိုင်မှုနည်းကာ ဈေးမြင့်တက်လာမှု များဖြစ် ပေါ် လျက်ရှိသည်။

လက်ရှိအချိန်တွင် တောင်သူအများ အနေဖြင့် စိုက်ပျိုးမြေများပြန်လည် စိုက်ပျိုးနိုင်ရန် မြေပြုပြင်ခြင်းများ ၊ မျိုးစေ့ ၊မြေဆီများ နှင့် စက်သုံးဆီများ အတွက် ပြန်လည်ရင်းနှီးစိုက်ပျိုးနေချိန်ဖြစ်သည်။ တောင်သူများမှာ မျိုးစေ့ ဈေးကြီးမြင့်ခြင်း ၊ ဓာတ်မြေသြဇာဈေးများမှာလည်း ရည်ညွှန်းဈေး အတ်ိုင်း မရရှိဘဲ ဈေးကြီးမြင့်စွာဝယ်ယူနေရကြောင်း၊ စက်သုံးဆီများကိုလည်း ဝယ်ယူရာတွင်အခက်အခဲရှိကြောင်း သို့ဖြစ်၍ စားဖိုဆောင်သီးနှံများ ပြန်လည် စိုက်ပျိုးရာတွင် စရိတ်ကြီးမြင့်နေသလို ယခင်က ၁၀ဧက စိုက်ပျိုးသည့် တောင်သူအနေဖြင့် တစ်ဝက်ခန့်သာ ပြန်လည်စိုက်ပျိုးနိုင် ကြောင်း မြစ်သားမြို့နယ် အတွင်း ကြက်သွန်စိုက်တောင်သူ တစ်င်္ဦးက ပြောသည်။

အလားတူ နေပြည်တော်၊ပျော်ဘွယ်၊ တပ်ကုန်း၊ ကလော ၊အင်းလေး မြစ်သား၊ သာစည်၊ကျောက်ဆည်၊ တံတားဦး ဒေသများရှိ စာဖိုးဆောင်သီးနှံ မျိုးစုံစိုက်ပျိုးသည့် တောင်သူများလည်း စိုက်ဧက များ လျော့ကျစိုက်နေကြရသည်။ အင်းလေးဒေသ ခရမ်းချဉ်သီးများမှာ ဈေးကွက် အတွင်း ဝင်ရောက်နိုင်ခြင်းမရှိသဖြင့် စားသုံးသူများဈေးကြီးမြင့်နေခြင်းဖြစ် သည်။

စာဖိုဆောင်သီးနှံများကို ပြန်ည်စိုက်ပျိုးရာတွင် အနည်းဆုံး ၄၅ ရက် ရက် ၉၀ စိုက်ပျိုးထုတ်လုပ်ရသဖြင့် အချိန်တိုအတွင်း ဈေးကွက် အတွင်း ပြန်လည် ရောင်းချနိုင်ရန်မလွယ်ကူသောကြောင့် ဈေးကွက် အတွင်း ဆက်လက်ဈေး များမြင့်တက်နိုင်ခြေရှိနေသည်။

သို့ဖြစ်၍ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအဆင်ပြေပြေ ပြန်လ ည်စိုက်ပျိုုးထုတ်လုပ်မှုကို ပံ့ပိုးကူညီပေးမှုများလိုအပ် နေသည်။ ရေကြီးနှစ်မြုပ် ပျက်စီးမှုများကို သက်ဆိုင်ရာဌာနများက မျိုး၊မြေဆီနှင့် ပြန်လည်ထွန် ယက်နိုင်ရန်အကူအညီများကို ဒေသအလိုက် ပေးလျက်ရှိသလို သွင်းအားစုကုမ္ပဏီများမှလည်း သွင်းအားစုများကို ဈေးနှုန်း သက်သာစွာရောင်းချပေးလျက်ရှိသည်။

စားဖိုဆောင်သီးနှံဈေးကွက် မှာ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ကန်ဇွန်းရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဗူးသီး၊ခရမ်းသီး ၊ ချဥ်ပေါင်ရွက် ၊နံနံပင်၊ မုန်ညှင်းဖြူ၊ကိုက်လန်၊ပန်းမုံလာ၊မုန်လာဥ၊ခါကျက်ဥ၊ရွှေပဲသီး၊တိုင်ထောင်ပဲသီးဈေးများမှာ ဈေးမြင့်တက်လျက် ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.