စက်တင်ဘာလအတွင်း တောင်သူအကျိုးပြု မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာမည်

ရွှေမန်း

 စက်တင်ဘာလအတွင်း တောင်သူအကျိုးပြု မိုးရွာသွန်းမှု များဖြစ်ပေါ်လာနိုင်ကြောင်း မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွက် လပတ်မိုးလေ၀သခန့် မှန်းချက်အနေဖြင့် ဘင်္ဂလားပင် လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းနှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။

 အနောက်တောင်မုတ်သုံ လေသည် စက်တင်ဘာ ၁၅ ရက် မှ ၂၀ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှလည်း ကောင်း၊ စက်တင်ဘာ ၂၁ မှ ၂၆  ရက်အတွင်း မြန်မာနိုင်ငံအလယ် ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာ ၂၇ မှ အောက်တို ဘာ ၂ ရက်အတွင်း မြစ်၀ကျွန်း ပေါ်ဒေသများမှလည်းကောင်း ဆုတ်ခွာနိုင်ဖွယ်ရှိသည်။ စက်တင် ဘာလအတွင်း အနောက်တောင် မုတ်သုံလေသည် ကပ္ပလီပင်လယ် ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် အားအနည်းငယ်မှ အား  အသင့်အတင့် ရှိနိုင်သည်။
မိုးရွာသွန်းမှုအနေဖြင့် စစ် ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် ရွာ သွန်းမြဲအောက် လျော့နည်းနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသ ကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာ၀တီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်သည်။
     
မိုးရွာသွန်းနိုင်သည့်ရက်များ မှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင်၂၁ရက်မှ ၂၅ ရက်ခန့်၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၁၆ ရက် မှ ၂၀ ရက်ခန့်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းနှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ ပိုင်း)တို့တွင် ၁၁ ရက်မှ ၁၅ ရက် ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 ယင်းမိုးရွာသွန်းနိုင်မှုများ ကြောင့် မိုးရာသီစိုက်သီးနှံများ အတွက် အကျိုးများစေသည့် မိုးရွာ သွန်းရက်များဖြစ်ကြောင်း သိရ သည်။    

Leave a Reply

Your email address will not be published.