ရွှေမန်း
ပြင်ဦးလွင်မြို့နယ် အတွင်း စိုက်ခင်းများတွင် စိုက်ပျိုးသည့် ခါကျက်ဥများ ဈေးကောင်းရရှိ လာရာ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ ကျော်ထိ ပေါက်ဈေးရှိနေ ကြောင်း ခါကျက်ဥစိုက်တောင်သူ များထံက သိရသည်။
ပြင်ဦးလွင်ဒေသတွင် ကိုရီးယား ခါကျက်ဥ F1 မျိုးကို တစ် ဧက တစ်ကီလိုနှုန်းဖြင့် စိုက် ပျိုးပြီး မျိုးတစ်ကီလိုလျှင် ငွေကျပ် ၁၀ သိန်းဝန်းကျင်ခန့် ကုန်ကြ သည်။ ခါကျက်ဥတစ်ဧက စိုက် ပျိုးစရိတ်ငွေကျပ်မျိုး၊ စိုက်ပျိုး စရိတ်ပေါင်း ငွေကျပ် သိန်း ၃၀ ခန့်ကုန်ကျကြောင်းနှင့် ခါကျက်ဥ ကုန်ချိန် ၁၀၀၀၀ ခန့်ထွက်ရှိ သဖြင့်ကြောင်း တောင်သူများထံ က သိရသည်။
ပြင်ဦးလွင်ဒေသရှိ တောင်သူ များမှာ ဒေသမျိုးအပြင် အထွက် နှုန်းကောင်းသည့် ကိုရီးယား ခါကျက်ဥများကို စိုက်ပျိုးရာ တစ်ဧကလျှင် ကုန်ချိန် ၈၀၀၀-၁၅၀၀၀ ထိထွက်ရှိကြောင်း ပျှမ်း မျှ တစ်ဧက ကုန်ချိန် ၁၀၀၀၀ ခန့် ထွက်ရှိကြောင်းလက်ရှိ ခါ ကျက်ဥ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ ခန့် ပေါက်ဈေးမှာ ဈေးကျ ဆင်းနေသော်လည်း တောင်သူ များအတွက် တစ်ဧကလျှင် ငွေ ကျပ် သိန်း ၁၂၀ အကျိုးအမြတ် ရှိကြောင်း စိုက်ပျိုးကာလမှာ ဆောင်းရာသီစိုက်သီးနှံဖြစ်ပြီး အောက်တိုဘာလမှ ဖော်ဝါရီလ အတွင်း စိုက်ပျိုးရန်အကောင်းဆုံး ဖြစ်ကြောင်း ခါကျက်ဥစိုက် တောင်သူ ကိုချမ်းချမ်းက ပြောသည်။
“ ခါကျက်ဥကိုရီးယားမျိုးက တစ်ကီလို ငွေကျပ် ၁၀ သိန်း လောက်ပေးဝယ် စိုက်ပျိုးရပါတယ်။ ဆောင်းစိုက်အတွက် အောက်တိုဘာလကနေ ဖေဖော် ဝါရီလကြားမှာ အဓိကစိုက်ပါ တယ်။ ကိုရီးယားမျိုးက ကုန်ချိန် အထွက်နှုန်းလည်းကောင်းတော့ ဈေးကွက်ဈေးကျဆင်းချိန်တောင် အမြတ်ကျန်ပါတယ်။ ဒီနှစ် ခါကျက်တစ်ပိဿာငွေကျပ် ၁၅၀၀ ပေါက်ဈေး ရှိပါတယ်။ စိုက်ပျိုး ချိန်ရက် ၁၀၀-၁၂၀ လောက် စိုက်ပျိုးပြီး တစ်ဧက ငွေကျပ် သိန်း ၁၂၀ လောက် ကျန်ပါ တယ် ´´ ဟု ၎င်းကပြောသည်။
ပြင်ဦးလွင်ဒေသမှ ထွက်ရှိ သည့် ခါကျက်ဥများ ကိုမြန်မာ တစ်နိုင်ငံလုံးသို့ တင်ပို့ရောင်းချ လျက်ရှိပြီး တရုတ်နိုင်ငံနှင့်ထိုင်း နိုင်ငံမှ ခါကျက်ဥများ တင်သွင်းမှု မရှိသောကြောင့် ပြည်တွင်းဈေး ကွက်တွင် မျိုးဈေးကြီးမြင့်သလို အကျိုးအမြတ်လည်း ကောင်း ကောင်းရရှိသည့် သီးနှံအမယ် တစ်မျိုးဖြစ်ကြောင်း သိရသည်။
Leave a Reply