ကြံတောင်သူများ ကြံဖိုးငွေလက်ကျန်များ မရရှိသေး

ရွှေမန်း

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာခရိုင် မောင်း ကုန်းဒေသရှိ ကြံတောင်သူများ အနေဖြင့် ပြီးခဲ့သည့် ၂၀၂၃- ၂၀၂၄ ကြံရာသီတွင် တင်သွင်း ခဲ့သည့် ကြံဖိုးငွေများ အပြည့် အဝမရရှိသေးကြောင်း သိရသည်။

ထိုသို့ ကြံဖိုးငွေများ မရရှိ  သေးသည့်အပြင် မိုးရာသီ ကြံ စိုက်ခင်းများပြုပြင်ရန်အတွက်  ကြံစရန်ငွေများလည်း မရရှိသေး တာကြောင့် ကြံစိုက်ခင်းများ ပြုပြင်ရန်နှင့် သွင်းအားစုများ ထည့်သွင်းရန် အခက်အခဲဖြစ်နေ ကြောင်း ကျောက်ထုံးကြီးကျေးရွာ မှ ကြံစိုက်တောင်သူ ဦးချိုတူး က ပြောသည်။

“ ကသာခရိုင်အတွင်းက တောင် သူတွေ မနှစ်က ကြံဖိုးငွေ လေး ပုံ တစ်ပုံခန့် ရရှိရန် ကျန်ရှိနေ ပါသေးတယ်။ ကြံဖိုးငွေလည်း အပြေအကြေမရဘူး။ ကြံစိုက် ခင်းပြင်ဖို့ တစ်ဧက ကြံစရန်ငွေ  ကျပ်နှစ်သောင်းလည်း မရတော့ မြေပြုပြင် ပေါင်လုံးဖို့ မလုပ် နိုင်သေးဘူး။ မြေဩဇာလည်း  မကျွေးနိုင်သေးဘူး။ ဒီတိုင်းဆို ရင် လာမယ့်နှစ် ကြံထွက်နှုန်း ကျဆင်းပါလိမ့်မယ်´´ ဟု ၎င်းက ပြောသည်။

ကြံစိုက်တောင်သူများအနေ ဖြင့် ပြီးခဲ့သည့် ကြံရာသီက ကြံ တစ်တန်လျှင် ငွေကျပ် ၁၂၅၀၀၀ မှ ၁၅၀၀၀၀ ထိ ရရှိခဲ့သော် လည်း အချို့ဒေသများတွင် ကြံ ဖိုးငွေများ အပြေအကြေမရရှိ သေးတာကြောင့် တောင်သူများ အခက်အခဲဖြစ်နေသည်။

လက်ရှိ စိုက်ပျိုးရာသီတွင်  ပြောင်းစိုက်ပျိုးသူများက ကြံကို  ပြောင်းလဲစိုက်ပျိုးလာကြသည်။  ပြောင်းစိုက်တောင်သူများအနေ ဖြင့် ယခင်နှစ်များကဲ့သို့ မျိုးစေ့  မြေဩဇာ ပံ့ပိုးပေးသည့် ကုမ္ပဏီ များမရှိတော့သောကြောင့်လည်း ကြံကို ပြောင်းလဲစိုက်ပျိုးလာကြ ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ပြောင်းရာသီတွင် တောင်သူများ ပြောင်းဈေးကောင်း  မရရှိခဲ့သောကြောင့်လည်း ဈေး ကွက်သေချာပြီး အနီးအနားစက် ရုံများသို့သာ တင်ပို့ရသည့် ကြံ ကို ယခုနှစ်တွင် ပိုမိုစိုက်ပျိုးလာ ကြသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကြံ စိုက်ဧက လေးသိန်းခွဲ ငါးသိန်း ဝန်းကျင်ထိ တိုးလာပြီး ယခင် နှစ်က ဒေသအလိုက် ကြံတစ် တန်လျှင် ငွေကျပ် ၁၂၅၀၀၀ မှ ၁၅၀၀၀၀ ထိ ရရှိထားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.