ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ

ရွှေမန်း

ကိုရီးယားနိုင်ငံ မှ အေးခဲ ငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများ ရှိသော် လည်း ပြည်တွင်း ငရုတ်သီးများတင်ပို့နိုင်ရန် အခက်အခဲရှိ နေကြောင်း မြန်မာနိုင်ငံငရုတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဥက္ကဌ ဒေါ်ဥမ္မာကျော် ကပြောသည်။

“ ကိုရီးယားနိုင်ငံကနေ အေးခဲငရုတ်သီး လိုချင်လို့ ကမ်းလှမ်းမှုတွေရှိနေပါ တယ်။အရင်ကလည်း ဗီယက်နမ်ကလည်း မှာယူတာမျိုးရှိခဲ့ဘူးပါတယ်။ အဲဒီတုန်းကတော့သူတို့လိုချင်တဲ့ငရုတ်ဆိုဒ်ကိုမပေးနိုင်လို့ အဆင်မပြေခဲ့ပါ ဘူး။ငါး၊ပုဇွန်အေးခဲတဲ့အအေးခန်းတွေထည့်ပြီးဆောင်ရွက်ဖူးတယ်။အချို့နိုင် ငံ တွေကတော့ ငါး၊ပုဇွန်နဲ့ရောပြီး အေးခဲတာ ကိုမလိုချင်ကြဘူး။ရန်ကုန် ဘုရင့်နောင်မှာရှိတဲ့ အအေးခန်းကတော့ ငရုတ်သီးကို သီးသန့် အေးခဲ ပေးနိုင်ပေမယ့် အအေးခန်း စရိတ်က တွက်ခြေမကိုက်ဘူး။ အချို့နိုင်ငံတွေက ငရုတ်အစိုတင်ပို့မှုကို လက်မခံလို့ အေးခဲပြီးတင်ပို့နေကြ တာပါ။ငရုတ်အစို အတိုင်း မပို့ဘဲ အေးခဲအနေဖြင့် တင်ပို့ရင် စရိတ်တွေက ပိုများလာပါတယ်။ ငရုတ်ခြွေတာတွေ မီးမှန်တဲ့အအေး ခန်းစရိတ် တွေရှိလာပါတယ်။ကိုရီးယားနိုင်ငံကနေ လာတဲ့ တင်သွင်းကုန်လာပို့ပြီး အပြန်ကို အေးခဲငရုတ်သီးကို ပြန်လည် ဝယ်ယူဖို့ ကမ်းလှမ်းလာတာပါ ” ဟု ၎င်း ကပြောသည်။

လက်ရှိမှာ ပြည်တွင်း ထွက်ရှိသည့် ငရုတ်စို ကို တရုတ်နိုင်ငံ ၊ထိုင်းနိုင်ငံ သို့ အအေးခန်း ကားများဖြင့်တင်ပို့မှုရှိခဲ့သော်လည်း လက်ရှိအချိန်တွင် နယ်စပ်ဂိတ်များပိတ်ထားခြင်းနှင့် လမ်းပန်းဆက် သွယ်ရေး လမ်းကြောင်း ရက်ကြာမြင့်ခြင်းနှင့် တင်ပို့စရိတ်ကြီးမြင့်ခြင်း များကြောင့်ငရုတ်အစို တင်ပို့နိုင် မှုမရှိလဘဲ ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချနေ ရသည်။

ပြည်တွင်းမှ ထွက်ရှိသည့် လက်ဆက်သီးနှံများကို သင်္ဘောဖြင့်တင်ပို့ရာတွင် အခြေခံ အအေးခန်းများ နည်းပါးနေခြင်းနှင့် အေးခဲစရ်ိတ်များကြီးမြင့်ခြင်းများကြောင့် သရက်သီးများတင်ပို့မှုရှိခဲ့သော်လည်း ပမာဏများများတင်ပို့နိုင်ခြင်းမရှိသလို လက်ရှိမှာလည်း ထောပတ်သီးများကိုလည်း အေးခဲပြီးတင်ပို့ရန် ကမ်းလှမ်းမှုများလည်း ရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.