ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ

ရွှေမန်း

ဆောင်းစိုက်သီးနှံအဖြစ် ဧရာ၀တီမြစ်ရေ ကျဆင်းချိန် အောက်တိုဘာလဆန်းပိုင်းက စတင် စိုက်ပျိုးထားသည့် စားဖို ဆောင်သီးနှံများဖြစ်သည့် ချဉ် ပေါင်ရွက်၊ ဘူးသီးများ စတင် ခူးဆွတ်ရောင်းချနေရာ ယခင်နှစ် များထက် ဈေးကောင်းရရှိလာ ကြောင်း တောင်သူများထံက သိရ သည်။

“ ဆောင်းစိုက်အနေနဲ့ ကန် စွန်းဥ၊ မြေပဲတွေနဲ့ ချဉ်ပေါင်ရွက်၊ ဘူးပင်ကတော့ အညွှန့်တွေ စတင် ခူးနေပါပြီ။ ချဉ်ပေါင်ကတော့ အစည်း ၁၀၀ကို ငွေကျပ် ၃၅၀၀- ၄၀၀၀ ဈေးရပါတယ်။ ချဉ်ပေါင် က တစ်ဧကကို ငွေကျပ် ၅၀၀၀၀၀ စိုက်ပျိုးစရိတ် ကုန်ကျပါတယ်။ ချဉ်ပေါင်ကတော့ အပင်နုတ်စနစ် နဲ့ တစ်ကန့်ကို ချဉ်ပေါင်အစည်း ၈၀၀၀ လောက်ထွက်ပါတယ်။တစ်ဧကနှုန်းဆိုရင် ချဉ်ပေါင် အစည်း ၃၂၀၀၀ ခန့် ထွက်ရှိပါ တယ်။ လက်ရှိ စိုက်ခင်းကောက် ဈေးနဲ့ဆိုရင် ငွေကျပ် ၁၂ သိန်း ကျော်လောက်ရရှိတော့ တစ်ဧက အကျိုးအမြတ် ၇ သိန်းလောက် ကျန်ပါတယ် ´´ ဟု ပုသိမ်ကြီးမြို့ နယ် သံဘိုကျွန်းကျေးရွာမှ ဦးခင် မောင်ရင်က မကွေးဂျာနယ်ကို ပြောသည်။

ဧရာ၀တီမြေနုကျွန်းကျေးရွာ များတွင် စက်တင်ဘာလ မြစ်ရေ ကျဆင်းမှုနှင့်အတူ ဆောင်းစိုက် သီးနှံများကို စိုက်ပျိုးရာတွင် အဓိက ဝင်ငွေရရှိအောင် ဆောင်း မြေပဲ၊ ကန်စွန်းဥများကို အများ ဆုံး စိုက်ပျိုးကြပြီး သီးညှပ် အဖြစ် စားဖိုဆောင်သီးနှံများ ဖြစ်သည့် တိုင်ထောင်ပဲ၊ ပြောင်း ချို၊ ဘူးသီး၊ ချဉ်ပေါင်များကို စိုက် ပျိုးရာ နိုဝင်ဘာလလယ်ခန့်တွင် စားဖိုဆောင်သီးနှံများ စတင် ခူး ဆွတ်ရောင်းချရာ ဈေးကောင်းရရှိ နေခြင်း ဖြစ်သည်။

ချဉ်ပေါင်ရွက် အစည်း ၁၀၀ လျှင်ငွေကျပ် ၃၅၀၀-၄၀၀၀၊ ဘူးသီး ပိဿာဆိုဒ်အရွယ် တစ် လုံးလျှင် ငွေကျပ် ၁၀၀၀-၁၅၀၀ စိုက်ခင်းဈေးအဖြစ် ပွဲစားများထံ ရောင်းချရကြောင်း တောင်သူများ ထံက သိရသည်။

မန္တလေးဈေးကွက်အတွင်း သို့ အောက်တိုဘာလကတည်း က စားဖိုဆောင်သီးနှံများ အဝင် နည်းပြီး ဈေးကောင်းရရှိနေခြင်း ဖြစ်သည်။
ဧရာ၀တီမြေနုကျွန်းစိုက်ခင်း များတွင် အောက်တိုဘာလမှ စတင်စိုက်ပျိုးသည့် မြေပဲနှင့် ကန် စွန်းဥများမှာလည်း ယခင်နှစ်က ဈေးကောင်းရရှိခဲ့သလို ယခုနှစ် တွင်လည်း ဈေးကောင်းရရှိနိုင် သည့် အခြေအနေများရှိနေသော ကြောင့် တောင်သူများထံက သိရ သည်။

Leave a Reply

Your email address will not be published.