အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ

ရွှေမန်း

ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော ထောပတ်သီးများကို မူလတိုင်းသာမက အေးခဲအနှစ်ပြုလုပ်ထားသည့် တန်ဖိုးမြှင့် ထုတ်ကုန် အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံက ဝယ်ယူရန် သဘောတူမှုရရှိပြီဖြစ်၍ တင်ပို့ရန်  စီစဉ် လျက်ရှိရာ တောင်သူများအတွက် အခွင့်အလမ်းကောင်းများရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၊ထောပတ်သီး စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း၊တာဝန်ရှိသူက‌ပြောသည်။

အဆိုပါ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်သည့် ထောပတ်သီးအေးခဲအနှစ်များကို မလေးရှားနိုင်ငံသို့ နမူနာ ပေးပို့ ခဲ့ရာ ဝယ်ယူမည့်လုပ်ငန်းစဉ်များ ဆောင်ရွက်မှု ၉၀ ရာခိုင်နှန်းပြီးစီးပြီဖြစ်၍ ဈေးနှုန်းညှိနိုင်းရန်အဆင့်သာ ကျန်ရှိသည်ဟု သိရသည်။

ထောပတ်သီးအနှစ်တွေ တင်ပို့တဲ့အတွက် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေရရှိမယ့် အကျိုးကျေးဇူးက  Export စံချိန်မှီတဲ့ အသီးတွေကို အလုံးတိုင်းတင်ပို့နိုင်မှာဖြစ်သလို စံမမှီတဲ့အသီး(Reject)တွေကို အေးခဲအနှစ်လုပ်ပြီး တင်ပို့ရင် ဈေးကောင်းရရှိမယ်။Export ကရရှိတဲ့ ပို့ကုန်ရငွေကို နိုင်ငံတော်က သတ်မှတ်တဲ့ ၇၅-၂၅ အချိုးအရ တောင်သူတွေအနေနဲ့ နိုင်ငံခြားငွေ ၇၅ရာခိုင်နှုန်းရရှိမယ်။‌ေထာပတ်တောင်သူတွေအတွက် အခွင့်အလမ်း ကြီးမားစွာရရှိမှာပါ”ဟု ၎င်းကပြောသည်

ထို့အပြင်အခြားနိုင်ငံများသို့ တန်ဖိုးမြှင့်ထုတ်ကုန်အေးခဲထောပတ်သီးအနှစ်များတင်ပို့နိုင်ရန် ပြင်ဦးလွင် ထောပတ်သီး၊ အထွေထွေစိုက်ပျိုးထုတ်လုပ်ရေး၊အထွေထွေသမဝါယမလီမီတက်ကလည်း လိုအပ်သည့်အခြေခံအ ဆောက်အုံများ တည်ဆောက်ရေးကို ပြင်ဆင်လျက်ရှိကြောင်း၊ပြင်ဆင်မှုများပြီးသွားပါက အေးခဲထောပတ်သီးအနှစ်များကို ပြည်ပဈေး ကွက်သို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့မည့် အစီအစဉ်ရှိကြောင်း သိရသည်။

ဆက်လက်ပြောကြားရာတွင်“ပြင်ဦးလွင်နဲ့ မန္တလေးက ထောပတ်သီးအခြေစိုက် လုပ်ငန်း ရှင်တွေ စုပေါင်းပြီး ဒီနှစ်မှာ အေးခဲထောပတ်သီး ကို အေးခဲ အနှစ်ပြုလုပ်ပြီး မလေးရှားကို ပို့ဖို့စီစဉ်နေတာရှိတယ်။နမူနာ ပို့ထားပြီးပြီ။မလေးဘက်ကလည်း ကြိုက်လို့ဝယ်ယူဖို့ သဘောတူပြီးသွားပြီ။ဝယ်ယူမယ့်ကိစ္စတွေက ၉၀ ရာခိုင်နှုန်း ပြီးသွားပြီ။ဈေးနှုန်းညှိနိုင်းဖို့ပဲ ကျန်တယ်။တန်ဖိုးမြှင့် ထုတ် ကုန်(Value Added)လို့ပြောရမယ်။ကြာရှည်ခံအောင် အတုံးပုံစံ အေးခဲပြီး တင်ပို့မယ်”ဟု ဆိုသည်ဆိုသည်။

Leave a Reply

Your email address will not be published.