မိုးနှမ်းများ အထွက်နှုန်းနည်း၊ အရည်အသွေးလျော့ကျမှုများ ကြောင့် ဈေးအနည်းငယ် ကျဆင်းလာ

ရွှေမန်း

မိုးရာသီစိုက် မိုးနှမ်းများ ထွက်ရှိလာချိန် မိုးရွာသွန်းမှုများ ကြောင့် အထွက်နှုန်းနည်း၊ အရည် အသွေးလျော့ကျမှုများကြောင့် ဈေးကွက်အတွင်း မိုးနှမ်းဈေးများ အနည်းငယ်ကျဆင်လာကြောင်း နှမ်းကုန်သည်များထံက သိရသည်။

ဇွန်လဆန်းပိုင်းက စတင် စိုက်ပျိုးသည့်မိုးနှမ်းအများစုမှာ ရိတ်သိမ်းကာနီး မိုးရွာသွန်းမှုများ ကြောင့် အထွက်နှုန်းကျဆင်းခဲ့ ကြောင်း၊  မိုးနှမ်းရိတ်သိမ်းမှု  အပြီးကောင်းမွန်စွာ နေလှန်းချိန် ကောင်း ကောင်းမရရှိသည့် နှမ်း စိုက် ဒေသအချို့မှ မိုးနှမ်းများ အက်စစ်လွတ်မှု နည်းပါးသော ကြောင့် မိုးနှမ်းဈေးများ အနည်း ငယ်ကျဆင်းခြင်းဖြစ်ကြောင်း၊ ဒေသအစုံမှ မိုးနှမ်းများဝင်ရောက် မှုများကြောင့်လည်း နှမ်းမျိုးစုံ ဈေးကွက် အနည်းငယ်ကျဆင်း လာခြင်းဖြစ်ကြောင်း နှမ်းကုန် သည် ဦးချစ်ဝင်းက ပြောသည်။

“ ဒီနှစ် နှမ်းပေါ်ကာနီး မိုး မိတာတွေရှိတော့ အထွက်နှုန်း လည်းကျ အရည်အသွေးလည်း လျော့တော့ နှမ်းဈေး ကျဆင်း လာတာပါ။ အစောပိုင်းရိတ်သိမ်း နိုင်တဲ့တောင်သူတွေကတော့ ဈေး ကောင်း မီလိုက်ကြပါတယ်။ နောက်ပိုင်းရိတ်သိမ်းတဲ့ တောင်သူ တွေက မိုးမလွတ်တော့ဈေး ကောင်းမရကြတာပါ´´ ဟု ၎င်း က ပြောသည်။

မိုးနှမ်း စပေါ်ထွက်ရှိ ချိန် ဩဂုတ်လအတွင်း နှမ်းမျိုး စုံဈေးကောင်းရရှိရာ နှမ်းနက် (စမုံ) တစ်တင်းလျှင် ငွေကျပ်  ၂၁၀၀၀၀ ကျော်၊ နှမ်းဖြူ တစ် တင်းလျှင် ငွေကျပ် ၁၆၀၀၀၀ ကျော် ပေါက်ဈေးရှိသော်လည်း စက်တင်ဘာလဆန်းပိုင်း ဈေး အနည်းငယ် ကျဆင်းသွားသည်။

စက်တင်ဘာ ၂၀ ရက်တွင် မန္တလေးဈေးကွက်၌ နှမ်း(စမုံ) အက်စစ်မလွတ် ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၅၄၀၀၀၀-၅၈၀၀၀၀၊ အက်စစ်လွတ် ၄၅     ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၆၁၀၀၀၀-၆၃၀၀၀၀၊ နှမ်းညို ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀ ပေါက်ဈေးရှိသည်။

ယခုနှစ် နွေရာသီစိုက်ပျိုး ချိန်တွင် နွေနှမ်းသီးနှံအတွက် အဆင်ပြေသော်လည်း မိုးရာသီ စိုက် မိုးနှမ်းရာသီတွင် ရိတ်သိမ်း ချိန်မိုးရွာသွန်းမှု ကောင်းခဲ့ခြင်း ကြောင့်အထွက်နှုန်းနှင့်အရည် အသွေးပိုင်း ကျဆင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
   

Leave a Reply

Your email address will not be published.