မကွေးနိဝင်ဘာ ၁၁
“မကွေးမြို့နယ် အိုင်ကြီးကုန်းကျေးရွာအုပ်စု ယင်းမာတောကျေးရွာ၌ မဲရုံအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမတစ်ဦး နိုဝင်ဘာ(၁၀) ရက်နေ့မှာ COVIDရောဂါပိုး တွေ့ရှိခဲ့ကြောင်း မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထံကသိရသည် ။ “ဆေးရုံကဆရာကြီးတွေနဲ့ ဖုန်းဆက်သွယ်ရာမှာ ဆရာမမှာ COVID-19 Positive တွေ့တာတော့သေချာပါတယ်၊ ယင်းမာတောမဲရုံမှာ ဆန္ဒမဲပေးခွင့်ရှိသူ(၉၀၀)ကျော်ရှိတဲ့အတွက် လောလောဆယ်ရွာကို အသွားအလာကန့်သတ်ထားပါတယ်၊ ထိတွေ့မှုရှိတဲ့မဲရုံအဖွဲ့ဝင်တွေကိုလည်း (Quarantine)ဝင်ခိုင်းရမှာပါ၊ ဆန္ဒမဲပေးခဲ့သူတွေအားလုံးကို စစ်ဆေးသွားမလားဆိုတာကတော့ ပြည်ထောင်စုဝန်ကြီးရဲ့ ညွန်ကြားချက်ကိုစောင့်ရမှာပါ၊ မြို့နယ်ကလုပ်ပိုင်ခွင့်ရှိတဲ့အသွားအလာကန့်သတ်တာ၊ ထိတွေ့သူတွေကိုရှာဖွေတာတွေကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာပါဟု မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်က ပြောသညိ။ “မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပြီးနိုဝင်ဘာ(၁၀)ရက်နေ့မှာ COVIDပိုးတွေ့ခဲ့သူဆရာမမှာ ယင်းမာတောကျေးရွာစာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာမတစ်ဦးဖြစ်သည်။ ” ကြိုတင်မဲ ရက်တွေထဲက ရွာကိုလာလိုက်ပြန်လိုက်လုပ်ပါတယ်၊ မြင်ရတာတော့ကျန်းမာရေးကောင်းနေပါတယ် သန်သန်မာမာပါဘဲ၊ အခုCOVIDပိုးတွေ့တယ်ဆိုတော့ ရွာကလူတွေကလည်း စိုးရိမ်စိတ်တွေရှိနေကြတယ်ဟု ယင်းမာတောကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်ဦးက ပြောသည်။ “COVID ပိုးတွေ့ရှိခဲ့သည့် ဆရာမမှာ မကွေးမြို့၊ မြိုပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာဖြစ်သည့် ပြည်တော်သာတိုက်တန်း၊ တိုက်အမှတ်(၂၅) အခန်း(၂)မှာ နေထိုင်သူဖြစ်သည်။ “လက်တလောမှာ အဆိုပါတိုက်ခန်းကို မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရောင်စုံမေတ္တာပရဟိတအဖွဲ့က ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ဆောင်ထားကြောင်း သိရပြီး၊ ယင်းမာတောကျေးရွာကို နိုဝင်ဘာ(၁၀)ရက်နေ့ည(၈)နာရီချိန်မှာ အသွားအလာကန့်သတ်ထားကြောင်း မကွေးမြို့နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
သက်မှူးအိမ်(မကွေးဂျာနယ်)
သတင်းဓါတ်ပုံ – မကွေး ရောင်စုံမေတ္တာပရဟိတအဖွဲ့
Leave a Reply