ပြည်တွင်းသကြားစက်အချို့ မလည်ပတ်နိုင်သည့် အခြေအနေများကြောင့် သကြားဖြူဈေး မြင့်တက်လာ


ရွှေမန်း

ပြည်တွင်းသကြားစက်အချို့ မလည်ပတ်နိုင်သည့်အခြေအနေ များကြောင့် ပို့ကုန်တန်းဝင် သကြားဖြူဈေး အနည်းငယ်မြင့် တက်လာကြောင်း သကြားကုန် သည်များထံက သိရသည်။

မြန်မာနိုင်ငံ၏ ကြံရာသီမှာ ဒီဇင်ဘာလတွင် စတင် ကြိတ်ဝါး ပြီး မတ်လကုန်တွင် ကြံရာသီကုန် မည်ဖြစ်ကာ ယခုအချိန်တွင် ကြံရာသီစတင်ရန် နှစ်လခန့်သာလိုတော့သည့် အချိန်တွင် ပြည်တွင်းသကြားစက် ကြီးနှစ်လုံးမှာ မလည်ပတ်နိုင်သည့် အခြေအနေများကြောင့် ပြည်တွင်း သကြားဈေး အနည်းငယ်မြင့်တက် လာခြင်း ဖြစ်သည်။

“ ကြံရာသီရောက်ဖို့က နှစ်လ လောက်ပဲ လိုတော့တာပါ။ ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ ငွေရည်ပုလဲ သကြားစက်နှင့် မိုင်းရယ်သကြား စက်တို့မှာ အခြေအနေအကြောင်း ကြောင်းကြောင့် စက်ရုံမလည် ပတ်နိုင်ခြင်းမှာ စိုးရိမ်သော ကြောင့် ပြည်တွင်းမှာ ပို့ကုန်တန်းဝင် သကြားဖြူဈေးက အနည်းငယ်မြင့်တက်လာတာပါ။ ပြည်တွင်းသုံး အရည်အသွေးရှိ သကြားကတော့လက်ကျန်အများ ကြီးရှိပြီး ဈေးငြိမ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းက သကြားတွေလည်း လမ်း ပန်းဆက်သွယ်ရေး အခက်အခဲ ကြောင့် ဈေးကွက်ထဲမဝင်ရောက် နိုင်သေးပါဘူး}ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းဒုတိယ ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။

ရှမ်းပြည်နယ်အတွင်းရှိ သကြားစက်ရုံနှစ်ရုံမှ ထွက်ရှိ သည့် သကြားပမာဏမှာ တစ်နိုင်ငံ လုံး၏ ၆၀ ရာခိုင်နှုန်းခန့် ထွက်ရှိ သဖြင့် ပြည်တွင်းသကြားထွက် နှုန်း ကျဆင်းနိုင်သည့်အခြေအနေ များကြောင့် ပြည်တွင်းသကြား ဈေး အနည်းငယ်တက်ရိပ်ပြလာ ခြင်းဖြစ်ကြောင်း သကြားကုန် သည်များက သုံးသပ်ထားသည်။

ပြည်တွင်းသကြားဈေးနှုန်း မှာ ကြံရာသီကုန်ဆုံးသည့် ဧပြီလ ကတည်းက ဈေးအတက်အကျ အနည်းငယ်ဖြင့် ဈေးတည်ငြိမ် လျက်ရှိသည်။ မန္တလေး သကြား ဈေးကွက်တွင် ဩဂုတ်နှင့် စက် တင်ဘာလကတည်းက ဈေးနှုန်း အပြောင်းအလဲမရှိဘဲ တည်ငြိမ် နေသည့် ပေါင်းသကြား တစ် ပိဿာလျှင် ငွေကျပ် ၄၇၀၀-၄၈၀၀ သာ ပေါက်ဈေးရှိနေပြီး အောက်တိုဘာလဆန်း ၃ ရက် တွင် တစ်ပိဿာလျှင် ငွေကျပ် ၄၉၀၀ ပေါက်ဈေး ဖြစ်လာသည်။ ခါသကြားတစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀-၄၀၀၀၊ ပွက်သား တစ်ပိ ဿာလျှင် ငွေကျပ် ၃၀၀၀-၃၄၀၀ ပေါက်ဈေးဖြစ်လာပြီး သကြား အမျိုးအစားအလိုက် တစ်ပိဿာ လျှင် ငွေကျပ် ၁၀၀ ခန့် ဈေးမြင့် တက်လာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် သကြား စက်ရုံနယ်မြေအလိုက် ကြံစိုက်ခင်း များကို ပေါင်ရှင်းခြင်း၊ ပေါင်လုံး ခြင်း၊ မြေဩဇာဖြည့်စွက်ကျွေးခြင်း များကို တောင်သူများ ဆောင်ရွက် လျက်ရှိသည်။

ပြီးခဲ့သည့် ကြံရာသီက မြန်မာနိုင်ငံတစ်ဝန်းမှ သကြား တန်ချိန် ၁၀ သိန်းကျော် ထွက် ရှိခဲ့ကာ ပြည်ပသို့ တန်ချိန် တစ်သိန်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် ပြည်တွင်း လက်ကျန် သကြားပမာဏများ ပိုလျှံနေသဖြင့် ပြည်တွင်းသကြား ဈေးတည်ငြိမ်နေကြောင်း သိရ သည်။

Leave a Reply

Your email address will not be published.