ရွှေမန်း
အိန္ဒိယနိုင်ငံ၏ ၂၀၂၅ခုနှစ် မတ်လအထိ ဖြေလျော့ထားသည့်ပဲတင်သွင်းမှု မူဝါဒကြောင့် မြန်မာနိုင်ငံစိုက်ပျိုးသသည့် ပဲစင်းငုံမှာ လာမည့်ပဲသစ်ရာသီထိ အကြုံဝင်တာကြောင့် တောင်သူများတိုးချဲ့ စိုက်ပျိုးသင့်သော် ပို့ကုန်သီးနှံတစ်မျိုးဖြစ်လာကြောင်း ပို့ကုန်သမားများက သုံးသပ်ထားသည်။
ပြည်တွင်းမှ ပို့ကုန်ပဲများနှင့် ပြောင်းစိုက်ပျိုးမှုမှာ နှစ်စဉ်သီးနှံပေါက်ဈေးနှင့် ဝယ်လိုအားဈေးကွက်ပေါ်မူတည်ပြီး စိုက်ပျိုးကြသလို ရေမြေရာသီဥတုပေါ်မူတည်ပြီး သီးနှံများပြောင်းလည်စိုက်ပျိုးလေ့ရှိသည်။
ယခင်နှစ်များက ပြောင်းသီးနှံဈေးကွက်ဈေးကောင်းရရှိကြသလို ပို့ကုန်ကောက်ပဲသီးနှံများလည်း ဈေးကောင်းရရှိခဲ့ရာ ယခုနှစ်တွင် ပြောင်းဈေးကွက်မှာ ကမ္ဘာ့ပြောင်းဈေး အနည်းငယ်ကျဆင်းနေခြင်းဖြစ်သည်။ ပို့ကုန်ပဲများမှာ အိန္ဒိယနိုင်ငံ၏ ပဲဝယ်လိုအားနှင့်ပဲတင်သွင်းမှုမူဝါဒအပြောင်းအလဲကြောင့် ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံမှာ ပြည်တွင်းစံချိန်ပေါက်ဈေးများထိ ရောက်ရှိလာခြင်းဖြစ်သည်။
သို့ဖြစ်၍ လာမည့်ပဲသစ်ပေါ်ချိန်ထိ အိန္ဒိယနိုင်ငံ၏ ပဲဝယ်အားနှင့် ပဲဝယ်ချိန်ကို ချိန်ဆ စိုက်ပျိုးပါက ပဲစင်းငုံမှာ တောင်သူများအတွက် အကျိုးအမြတ်သေချာသည့် စိုက်ပျိုးသီးတစ်မျိုးုဖြစ်လာသည်။
ပဲစင်းငုံမှာ စိုက်ပျိုးကာလ ၆ လခန့်ကြာမြင့်တာကြောင့် တောင်သူများအနေဖြင့် သီးထပ်စိုက်ပျိုးခြင်းများအပြင် စိုက်ပျိုးနိုင်သည့် မြေလွတ်များတွင် တိုးချဲ့ စိုက်ပျိုးရန် အကောင်းဆုံးသီးနှံတစ်မျိုးဖြစ်လာသည်။ ပဲစင်းငုံ သီးနှံကို တို့ချဲ့စိုက်ပျိုးခြင်း အထွက်နှုန်းကောင်းမွန်ကောင်း စနစ်တကျစိုက်ပျိုးခြင်းဖြင့် တောင်သူဝင်ငွေ တိုးသီးနှံဖြစ်သလို ပို့ကုန်ဝင်ငွေ တိုးလာမည့် သီးနှံအမယ်တစ်မျိုးလည်းဖြစ်ကြောင်းသိရသည်။
FlashNews:
ပြည်တွင်း ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဆက်လက်အရောင်းအဝယ်အေးနေ
ပြည်ပမှ ဝယ်လိုအားကောင်းသောကြောင့် ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းရရှိလာ
16339
စက်တင်ဘာလအတွင်း တောင်သူအကျိုးပြု မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာမည်
ပြည်တွင်းလက်ကျန် နည်းလာသောကြောင့် ဂျုံဈေးကွက် အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်းဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းလာ
ပြည်တွင်းပဲဆီလိုအပ်ချက်မြင့်မားသောကြောင့် ဆီစက်များအားလုံးနီးပါး လည်ပတ်အဆင်ပြေနေ
ဧရာ၀တီမြစ်ရေကျဆင်းမှုနှင့်အတူ မြေနုကျွန်းစိုက်ခင်းများတွင် မြေပဲစိုက်ပျိုးရန်ပြင်ဆင်နေ
မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန်တွင် စိုက်ပျိုးသော မိုးနှမ်းများ စတင်ရိတ်သိမ်း
15681
ကြံတောင်သူများ ကြံဖိုးငွေလက်ကျန်များ မရရှိသေး
ပြည်ပမှ ပဲပုပ်တင်သွင်းမှုလျှော့ချပြီးပြည်တွင်းထုတ်လုပ်မှုဖြင့် အစားထိုးအသုံးပြုသွားမည်
မြေပဲအထွက်နှုန်းကောင်းမွန်စေရန် စနစ်တကျမြေဩဇာသုံးစွဲသင့်
ပြည်ပတင်ပို့နိုင်သည့် အရည်အသွေးကောင်းသကြားပမာဏနည်းလာ
ပို့ကုန်သမားများနှင့် ပြည်တွင်းဆီစက်များ ဝယ်ယူမှုကောင်းနေတာကြောင့် နှမ်းမျိုးစုံဈေးစံချိန်တင် မြင့်တက်လာ
အသစ်ဝင်မြေပဲဆံများ ဈေးကွက်တွင်း ဝင်ရောက်လာတာကြောင့် ဈေးအနည်းငယ်ကျဆင်းလာ
မြေပဲဆန်ဈေးမြင့်တက်လာရာ တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ နီးပါး ထိ ပေါက်ဈေးဖြစ်လာ
ဗဟိုဘဏ်၏ ပို့ကုန်ရငွေမူဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်ပဲများအနည်းငယ် ဈေးမြင့်တက်လာ
ပိုကုန့်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်
သတင်းများ
ပို့ကုန်သီးနှံ ပဲစင်းငုံကို လာမည့် စိုက်ပျိုးရာသီတွင် တိုးချဲ့စိုက်ပျိုးသင့်
February 11, 2024February 11, 2024
Leave a Reply