မကွေး သြဂုတ်၁၉ “မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကြီးအုံ/ကြီးဝဆည် ရေလွှမ်းဧရိယာနှင့် မလွတ်၍ ယာမြေများသိမ်းခံရပြီး ရွာမြေနေရာချထားပြီးနောက် ပိုလျှံမြေဖြစ်သောယာမြေများအား မူလလုပ်ပိုင်ခွင့်ရ တောင်သူများထံ ပြန်လည်စွန့်လွတ်ခဲ့ရာတွင် မြေနီကုန်းကျေးရွာ တောင်သူ၁၂ဦးကွက်ကျန်နေခဲ့သည်ဟုဆိုကာ အဆိုပါတောင်သူများက ယနေ့ သြဂုတ်လ ၁၉ရက်နေ့က မကွေး ဟိုက်ကလပ်ဂါဒင်းစားသောက်ဆိုင်တွင် သတင်း မီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ “ကြီးအုံ/ကြီးဝဆည်တည်ဆောက်ပြီး စေတုတ္တရာမြို့နယ်၊ အိမ်ခြေ၂၇၀ရှိ မြေနီကုန်းကျေးရွာသည် တမံ၏ရေမြုပ်ဧရိယာအတွင်း သတ်မှတ်ခံခဲ့ရပြီး ၂၀၁၀ခုနှစ်တွင် ရွာနေရာပြောင်းရွေ့ခဲ့ရကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်သော တောင်သူများကပြောပါတယ်။ “ကျွန်တော်တို့ မြေနီကုန်းကျေးရွာ ပြောင်းရွေ့တော့ ရေမြုပ်ဧရိယာနဲ့လွတ်တဲ့ ကုန်းမြင့်ပိုင်းက တောင်သူ၂၉ဦးပိုင် လုပ်ကိုင်စားသောက်နေတဲ့ယာမြေတွေ သိမ်းဆည်းခံခဲ့ရပါတယ်၊ သိမ်းဆည်းခံရတဲ့ယာမြေတွေပေါ်မှာ အိမ်ခြေ၂၇၀အတွက် (၁၀၀×၁၀၀)ပေအကွက်တွေချထားပေးပါတယ်၊ ပြီးတော့ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ရပ်ရွာစုရပ်ဆောင်၊ ရပ်ကျေးအုပ်ချုပ်မှူးရုံးနဲ့ ဓမ္မာရုံတွေဆောက်ဖို့ နေရာချထား အသုံးပြုပြီးဖြစ်ပါတယ်၊ အသုံးပြုပြီး ပိုလျှံယာမြေတွေထဲက တောင်သူ၂ဦးကိုတော့ ပြန်ပေးပြီး ကျွန်တော်အပါအဝင်တောင်သူ၁၂ဦးကိုတော့ ကနေ့အထိပြန်မပေးသေးလို့ အခုလိုသတင်းစာရှင်းလင်ပွဲပြုလုပ်ရတာပါလို့ မြေနီကုန်းကျေးရွာနေ ယာမြေအသိမ်းခံရသူ တောင်သူဦးငွေခဲက ပြောပါတယ်။ “ကျွန်တော်တို့ အသိမ်းခံရစဥ်က ယာမြေဧက၃၀ကျော်ပါတယ်၊ ရွာတည်ဆောက်ပြီး တောင်သူ၁၂ဦးရဲ့ ပိုလျှံယာမြေ ၁၃ဧကကျော်ရှိပါတယ်၊ မသက်ဆိုင်သူတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ နားလည်မှုယူပြီး အိမ်ဆောက်၊ ယာခုတ်လုပ်ကိုင်နေကြပါတယ်၊ ကျွန်တော်တို့မူလယာပိုင်ရှင်တွေအနေနဲ့ စားဝတ်နေရေးကျပ်တည်းလာနေလို့ ပိုလျှံယာမြေတွေ အမြန်ဆုံး ပြန်ပေးစေချင်ပါတယ်လို့ မြေနီးကုန်းကျေးရွာ ယာမြေအသိမ်းခံရသူ တောင်သူ ဦးခင်မောင်ဝင်းက ပြောပါတယ်။ “အဆိုပါတောင်သူ၁၂ဦးက ပိုလျှံယာမြေများ ပြန်လည်ရရှိရေးအတွက် မြို့နယ်၊ ခရိုင်၊ တိုင်းလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည်စီစစ်ရေကော်မတီများအပါအဝင် နိင်ငံတော်သမ္မတထံအထိ တင်ပြတောင်းဆိုထားကြောင်း သိရပါတယ်။ “စေတုတ္တရာမြို့နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီ ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းနိင်က ဗဟိုလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီ မနေ့ကပြုလုပ်တဲ့ (၃၆)ကြိမ်မြောက်အစည်းအဝေးမှာ အခုကိစ္စကို စီစစ်ပြီးပြန်လည်တင်ပြဖို့ ခိုင်းထားပါတယ်၊ တစ်ပတ်အတွင်း တိုင်းမှာပါ၊ တိုင်းပြီးရင်တော့ မူလလက်ငုတ်လုပ်မလုပ်၊ ပြေစာရှိမရှိ၊ ပြေစာမရှိရင်လဲ ဘေးပတ်ဝန်ကျင်က တကယ်လုပ်တယ်ဆိုတဲ့သက်သေတွေ ရှိရင် မှန်မှန်ကန်ကန်စီစစ်ပြီး မူလတောင်သူတွေပြန်ပေးဖိုးဆောင်ရွက်နေပါတယ်၊ ပထမအကြိမ်စီစစ်ပြီး တောင်သူ၂ဦးကို ပြန်ပေးပြီးပါပြီလို့ ပြောပါတယ်။ရွာသား(မကွေး)မကွေးဂျာနယ်
FlashNews:
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း စျေးအနည်းငယ်ပြန်တက်
ဘဏ္ဍာနှစ် ရှစ်လအထိ ပို့ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံနီးပါးရရှိထား
စားအုန်းဆီတင်သွင်းမှုများပြားနေခြင်းကြောင့် ပြည်တွင်းဆီစက်ပိုင်များ ပဲဆီရောင်းချရမှုကျဆင်းနေဟု ဆို
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၀ ဖြစ်လာ
ပို့ကုန်ပြောင်းကုန်သည်များအနေဖြင့် ပြောင်း ဈေးကောင်းပေးဝယ်ယူတင်ပို့နေ
တရုတ်နိုင်ငံသို့ တင်ပို့ရန် နှမ်းနက်နှင့် ပဲတီစိမ်း အဝယ် ကောင်းနေသော ကြောင့် ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၅ ဖြစ်လာ
20404
ဆောင်းဖရဲသီးများ တရုတ်နိုင်ငံသို့ တင်ပို့နေသော်လည်း ဈေးကောင်းမရရှိသေး
ပြည်တွင်းသုံး ကျွန်းစားတော်ပဲ ဈေးမြင့်တက်လာ၊ ကုလားပဲအုပ်စု စားသုံးမှုလျော့ကျနေ
ပြည်တွင်းစားသုံးမှုများသည့် ဆန်အမျိုးအစားများ ရည်ညွှန်းဈေးအတိုင်းရောင်းချရန် ထပ်မံနှိုးဆော်
၈ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၈၀၄ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
မိုးစပါး၊ ဆောင်းကုလားပဲ၊ နွေနှမ်း သုံးမျိုးကို တစ်နှစ်သုံးသီးစိုက်ပျိုးလျက်ရှိ
ပဲစင်းငုံနီ(အသစ်)များ စတင်ဝင်ရောက်လာရာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ အထိ ဈေးကောင်းရနေ
အရန်ဆန် အိတ်ရေ ၈ သိန်း စုဆောင်းထားဟု MRF ဥက္ကဋ္ဌပြော
မြန်မာ့နာနတ်သီးများကို တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ပြုသော်လည်း ပို့မွှား၅ မျိုးကိုစစ်ဆေးခံရမည်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၇၂၈၀ ဖြစ်လာ
နိုဝင်ဘာလကုန်ပိုင်းတွင် ကွမ်းရွက်အထွက်နည်းလာသောကြောင့် ဈေးမြင့်တက်လာ
ပြောင်းရာသီအစ တောင်သူများ ဈေးကောင်းရလာ
သတင်းများ
” ပိုလျှံမြေဖြစ်သောယာမြေများအား မူလလုပ်ပိုင်ခွင့်ရ တောင်သူများထံ ပြန်လည်စွန့်လွတ်ခဲ့ရာတွင် တောင်သူ၁၂ဦးကွက်ကျန်နေခဲ့သည်ဟုဆိုကာ သတင်းစာရှင်းလင်းပွဲပြုလုပ်”
August 19, 2020August 19, 2020
Leave a Reply