တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့်  မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အ‌ရောင်းအဝယ်သွက် လက်ကောင်းမွန်နေ

ရွှေမန်း

တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့်  မန္တလေးဈေးကွက်အတွင်း၌ ဝဥများ မနှစ်ကထက်ဈေးကောင်းရရှိကာ အ‌ရောင်းအဝယ်သွက် လက်ကောင်းမွန်နေကြောင်း မန္တလေးမြို့ ကုန်သည်များထံမှ သိရ သည်။

အဆိုပါ ဝဥများကို ယခုအချိန်တွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းဒေသများမှ ဝဥများလှိုင်လှိုင်ထွက်ပေါ်လာပြီး မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ နှစ်စဉ်ဝယ်ယူနေသည့်အ တွက် ယခုနှစ်တွင် ဝဥ(အဝါခြောက်)တစ်ပိဿာလျင်ငွေကျပ် ၁၅၀၀၀ နှင့် ဝဥ(အနီ)အခြောက်တစ်ပိဿာလျင်ငွေကျပ် ၈၅၀၀ ဈေးတို့ရရှိကာ မနှစ်ကထက်ဈေးကောင်းရရှိနေကြောင်း မန္တလေးမြို မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

” ယခုအချိန်ဟာ ဝဥတွေလှိုင်လှိုင်ထွက်တဲ့ ရာသီဖြစ်တယ်။ ဝဥက သမ ပိုင်းရာသီဥတုနေရာတွေမှာ ပေါက်ပါတယ်။ မြန်မာနိုင်ငံမှာ အလေ့ ကျပေါက်တဲ့ အပင်တစ်မျိုးဖြစ်တယ်။ ဝဥအနီ၊ ဝဥအဝါဆိုပြီး နှစ်မျိုး ရှိတယ်။ ဝဥကဥအတိုင်းမဟုတ်ပဲ ဖြတ်တောက်ပြီးမှ ဈေးကွက်ကိုပို့ တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဝဥအဝါခြောက်တစ်ပိဿာကို ၆၀၀၀ နဲ့ ဝဥအနီက ၄၀၀၀ ဈေးပဲရရှိ‌ေပမယ့်၊ယခုနှစ်မှာ ဈေးကောင်းရရှိနေ ပါတယ်။ ဈေးကောင်းရရှိနေတာကလည်း ပြည်ပနိုင်ငံတွေက နှစ်စဉ်ဝယ် ယူနေတဲ့အတွက် ဈေးကောင်းနေပါတယ်။ မြန်မာနိုင်ငံမှာ ဝဥအ ခြောက်ခံစက်ရုံတွေလည်း မန္တလေးနဲ့ ပခုက္ကူမြို့တွေမှာရှိပါတယ်။ ဝဥကို တန်ဖိုးမြှင့်ထုတ်ကုန်အ ဖြစ် ဝဥကနေ ဝဥခေါက်ဆွဲထုတ်လုပ်ကာ မန္တလေးဈေးကွက် အ တွင်းမှာလည်း ရောင်းချနေပါတယ်” ဟု ၎င်းက ပြောသည်။

ဝဥကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ တနင်္သာရီ တိုင်း‌ေဒသကြီးစသည့် ဒေသများမှာ အလေ့ကျပေါက်‌ေရာက်ပြီး၊အခင်းလိုက်စမ်း သပ်စိုက်ပျိုးနေခြင်းမှ အောင်မြင်သည့် ဝဥစိုက်ခင်းများကို တွေ့ရှိနိုင် ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.