ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ နှင့် စွန့်ဦးတီထွင်လုပ်ငန်းများကို လက်တွဲမြှင့်တင်ရန်၊ ထောက်ပံ့ကူညီပေးရန်နှင့် စီးပွားရေးအခန်းကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုဖို့အတွက် ရည်ရွယ်သည့် “Grow Together BizPitch” အစီအစဥ်ကို ရိုးမဘဏ်၏ နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ (၅) နေ့က စတင်မိတ်ဆက်ခဲ့သည်။
ထိုအစီအစဥ်တွင် စွန့်ဦးတီထွင်ကဏ္ဍနှင့် နယ်ပယ်အသီးသီးတွင် အောင်မြင်နေသော ပညာရှင်များမှ ပါဝင်ထားပြီး လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို သင်တန်းများပို့ချပေးမည်ဖြစ်သည့်အတွက် တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းငယ်များ ပါဝင်လျောက်ထားသင့်သော အစီအစဥ်တစ်ခုလည်းဖြစ်သည်။ ရိုးမဘဏ်၏ သက်မှတ်ချက်နှင့် ပြည့်မီသော MSME များနှင့် Start-up လုပ်ငန်းများအနေဖြင့် အခမဲ့ ပါဝင်လျှောက်ထားနိုင်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်အတွင်း လျှောက်ထားနိုင်ပါသည်။“Grow Together BizPitch” အစီအစဥ်၏ ပရိုဂရမ်ဒါရိုက်တာဖြစ်သူ ဦးစိုးဟိန်းက “ကျွန်တော့်အနေနဲ့လည်း အစီအစဉ်တစ်လျှောက်မှာ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့အကြံဉာဏ်တွေကို ပေးသွားမှာဖြစ်ပါတယ်။ ပါဝင်တဲ့ လုပ်ငန်းတွေအနေနဲ့လည်း ဆုမရရှိခဲ့ရင်တောင် ရရှိခဲ့တဲ့ ဗဟုသုတတွေအပေါ် မူတည်ပြီး မိမိတို့လုပ်ငန်းအတွက် အကျိုးရှိရှိအသုံးချကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။
“Grow Together BizPitch” အစီအစဥ်၏ သတ်မှတ်ကာလပြည့်ပြီးနောက် လက်ခံရရှိသည့် လျှောက်လွှာများကို ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက စိစစ်သုံးသပ်မည်ဖြစ်ပြီး အရည်အချင်းပြည့်မီသော လုပ်ငန်းစုစုပေါင်း (၂၀၀) ကို ရွေးချယ်သွားမည်ဖြစ်ပါသည်။ ယင်း လုပ်ငန်းစုစုပေါင်း (၂၀၀) ထဲမှ ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆန်ခါတင် လုပ်ငန်း (၃၀) ကို ထပ်မံရွေးချယ်သွားမည်ဖြစ်ပါသည်။ ယင်းဆန်ခါတင် လုပ်ငန်း (၃၀) ၏ တင်ပြချက်များနှင့် လုပ်ငန်းအဆိုပြုချက်များအပေါ် အခြေခံ၍ ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များက နောက်ဆုံးဆုရရှိမည့် လုပ်ငန်း (၄) ခုကို ထပ်မံရွေးချယ်သွားမည်ဖြစ်ပါသည်။ နောက်ဆုံးရွေးချယ်ခံရသူ လုပ်ငန်း (၄) ခုကို ရိုးမဘဏ်က လုပ်ငန်းတစ်ခုစီအတွက် လုပ်ငန်းရင်းနှီးမြှပ်နှံရန် ဆုကြေးငွေ ကျပ် သိန်း (၅၀၀) စီ ပေးအပ်သွားမည်ဖြစ်ပါသည်။ ရိုးမဘဏ်က လုပ်ငန်းအမျိုးအစားပေါ်မှုတည်၍ ဆုကြေးငွေသုံးစွဲမှုကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ပေးအပ်သွားမည်ဖြစ်သည်။
ယခု အစီအစဉ်တွင် လုပ်ငန်းများ ပိုမိုပါဝင်နိုင်ရန်၊ လုပ်ငန်းများအချင်းချင်း ချိတ်ဆက်နိုင်ရန်၊ စီးပွားရေး အခွင့်အလမ်းများ ပိုမိုအားကောင်းစေရန်၊ “Grow Together BizPitch” အစီအစဥ်အကြောင်း ပိုမိုသိရှိစေရန်၊ စီးပွားရေးအကြံဉာဏ်နှင့် အသိပညာပေးလုပ်ငန်းများ မျှဝေပေးရန်အတွက် ရိုးမဘဏ်နှင့် စီးပွားရေးအကြံပေးပညာရှင်များက ဤအစီအစဉ်တွင် ပါဝင်လျှောက်ထားနိုင်သော ကာလအတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပုသိမ်မြို့ကြီးများတွင် ဟောပြောပွဲများကျင်းပသည့်အပြင် စိတ်ဝင်စားသူများပါ တက်ရောက်နိုင်ရန်အတွက် Online ဟောပြောပွဲများနှင့် ရေဒီယိုစကားဝိုင်းများကိုလည်း ထည့်သွင်း ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။
အဆိုပါ အစီအစဉ်တွင် ပါဝင်လျှောက်ထားမှုအတွက် အသေးစိတ်အချက်အလက်များကို ရိုးမဘဏ်၏ ဝက်ဘ်ဆိုက် https://www.yomabank.com/grow-together-bizpitch တွင် ဖော်ပြပေးထားသည့်အပြင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပုသိမ်မြို့တွင် ကျင်းပခဲ့သည့်ဟောပြောပွဲများကိုလည်း ရိုးမဘဏ်၏ တရားဝင် Facebook Page https://www.facebook.com/yomabank တွင်လေ့လာနိုင်ရန် ဖော်ပြပေးထားကြောင်း သိရသည်။
FlashNews:
၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ်များ နယ်ဈေးကွက်တွင် အဝယ်သွက်နေ၊ရက်ပိုင်း အတွင်း ကျွန်းစားတော်ပဲများ ဝင်ရောက်လာမည်
၂၀၂၅ ခုနှစ် ကြံရာသီ သကြားစက်များ စတင်လည်ပတ်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်တိုက် တည်ငြိမ်နေ
ပို့ကုန်၊ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု မူဝါဒအပြောင်းအလဲကြောင့် ပြောင်းဈေး အနည်းငယ်ကျဆင်းလာ
တရုတ်နှစ်သစ်ကူး မတိုင်မီ နှမ်းနက်ဝယ်လိုအားကောင်း ဈေးကောင်းရနေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း စျေးအနည်းငယ်ပြန်တက်
ဘဏ္ဍာနှစ် ရှစ်လအထိ ပို့ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံနီးပါးရရှိထား
စားအုန်းဆီတင်သွင်းမှုများပြားနေခြင်းကြောင့် ပြည်တွင်းဆီစက်ပိုင်များ ပဲဆီရောင်းချရမှုကျဆင်းနေဟု ဆို
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၀ ဖြစ်လာ
ပို့ကုန်ပြောင်းကုန်သည်များအနေဖြင့် ပြောင်း ဈေးကောင်းပေးဝယ်ယူတင်ပို့နေ
တရုတ်နိုင်ငံသို့ တင်ပို့ရန် နှမ်းနက်နှင့် ပဲတီစိမ်း အဝယ် ကောင်းနေသော ကြောင့် ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၅ ဖြစ်လာ
20404
ဆောင်းဖရဲသီးများ တရုတ်နိုင်ငံသို့ တင်ပို့နေသော်လည်း ဈေးကောင်းမရရှိသေး
ပြည်တွင်းသုံး ကျွန်းစားတော်ပဲ ဈေးမြင့်တက်လာ၊ ကုလားပဲအုပ်စု စားသုံးမှုလျော့ကျနေ
ပြည်တွင်းစားသုံးမှုများသည့် ဆန်အမျိုးအစားများ ရည်ညွှန်းဈေးအတိုင်းရောင်းချရန် ထပ်မံနှိုးဆော်
၈ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၈၀၄ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
မိုးစပါး၊ ဆောင်းကုလားပဲ၊ နွေနှမ်း သုံးမျိုးကို တစ်နှစ်သုံးသီးစိုက်ပျိုးလျက်ရှိ
ျေကာ္ညာ
တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းများကို မြေတောင်မြှောက်ပေးမည့် Grow Together BizPitch အစီအစဥ်ကို နိုဝင်ဘာလ ၁၂ ရက်နေ့အထိ လျှောက်ထားနိုင်
October 30, 2023October 30, 2023
Leave a Reply