ရွှေမန်း
၂၀၂၂-၂၀၂၃ ကြံရာသီတွင် စံချိန်တင်ဈေး ကြံတစ်တန်ကျပ် ၈၀၀၀၀ ဖြင့်တောင်သူများထံမှ ဝယ်ယူမည် ဖြစ်ကြောင်း ရှမ်းမြောက်ဒေသရှိ ငွေရည်ပုလဲသကြားကုမ္ပဏီက သြဂုတ် ၁၆ ရက်နေ့က တောင်သူများထံ အသိပေးစာထုတ် ထားကြောင်း သိရသည်။
ပြီးခဲ့သောကြံရာသီ ကြံတစ်တန် ကျပ် ၆၅၀၀၀-၆၈၀၀၀ အမြင့်ဆုံးဈေးဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် ပြည်တွင်း သကြားဈေးမှာ တစ်ပိဿာကျပ် ၂၁၅၀ ဈေးဖြင့် အမြင့်ဆုံးဈေးဖြစ်နေသည်။ယင်းသကြားဈေးကို အခြေခံ တွက်ချက်သည့် ကြံဈေးနှုန်းမှာ ယခုနှစ်တွင် တစ်တန် ကျပ် ၈၀၀၀၀ သက်မှတ်လာခြင်းဖြစ်ရာ စက်ရုံ၊ တောင်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေမျှတသည့် သက်မှတ်ဈေးဖြစ်ကြောင်း ၊ကြံစိုက်ပျိုးမှု သမိုင်းတစ်လျောက် စံချိန်တင် အမြင့်ဆုံးဈေးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှု လက်မှု လုပ်ငန်း ရှင်များ အသင်း ဥက္ကဌ ဦးဝင်းဌေး က ပြောသည် ။
“ လက်ရှိသကြားဈေးနဲ့ ကြံတစ်တန် ကျပ် ၈၀၀၀၀ ဈေးသက်မှက်တာက နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ဈေးပါ။ စက်ပိုင်လည်းပျော်တယ်။တောင်သူလည်းပျော်တဲ့ဈေးလို့ ပြောလို့ရပါတယ်။လက်ရှိသကြားဈေး တစ်ပိဿာ ကျပ် ၂၀၀၀ ဝန်းကျင်နဲ့တွက်ထားတာပါ။ ရှမ်းမြောက်ဒေသအနေနဲ့ကတော့ ဒီဈေးက စက်ရုံအရောက်ဈေးပါ။ မနှစ်က တစ်တန် ကျပ် ၆၈၀၀၀ ထိ သက်မှက်ခဲ့ပါတယ်။သကြားဈေးကလည်း စံချိန်တင်ဈေးဖြစ်သလို တောင်သူတွေလည်း စံချိန်တင်ဈေးရရှိတာပါ။ ကြံစိုက်ခင်းသစ် စိုက်ပျိုးစရိတ်က ကျပ် ၆၅၀၀၀၀-၈၅၀၀၀၀ ကြားကုန်ကျမှုရှိသလို ကြံတစ်တန်ပျမ်းမျှ ၂၅ တန် ခန့်ထွက်ရှိပါတယ်” ဟု ၎င်းကပြောသည်။
ကြံဈေးသက်မှတ်ချက် ထွက်လာ တာကတော့ တစ်တန် ကျပ် ၈၀၀၀၀၀ လောက်ကတော့ အခြေခံဈေးမျှော်လင့်ထားပြီး စိုက်ခင်းသစ် အများစု စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း တောင်သူများအနေဖြင့် ယခုနှစ်ကြံစိုက်ခင်းအသစ်တိုးစိုက်သူတွေ ရှိသလို အချို့ စိုက်ပျိုးစရိတ်ကြီးမြင့်လာ မှုကြောင့် လမိုင်းခင်း ၊လမတ်ခင်းများကိုသာ ပေါင်းရှင်း မြေဆီထည့် တာတွေ သာ လုပ်နိုင်ကြောင်း နောက်ချိုဒေသမှ ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။
ထို့သို့ပြည်တွင်းစားသောက်ကုန် လုပ်ငန်းများ လည်ပတ်လာသလို နိုင်ငံခြားသို့သကြားပြန်လည်တင်ပို့နိုင်မှုများ ကြောင့် လည်း ပြည်တွင်းသကြားဈေးက အမြင့်ဈေး တစ်ပိဿာကျပ် ၂၁၅၀ ဖြင့်တည်ငြိမ်နေ ကြောင်း သိရသည်။ယခင်နှစ်ပြည်တွင်းသကြားဈေးမြင့်တက်နေမှုကြောင့် ကြံတောင်သူအများစုမှာ ကြံစိုက်ခင်းသစ်များ တိုးချဲ့စိုက်ပျိုးရန် ကြံစရံများရယူစိုက်ပျိုးလျက်ရှိနေသည်။
ကြံစိုက်ခင်းသစ်များကို စက်တင်ဘာ လနောက်ဆုံးထားစိုက်ပျိုးပြီး နောက်တစ်နှစ် ဒီဇင်ဘာ၊ ဇန်နဝါရီ တွင်ခုတ်သိမ်းနိုင်ပြီး တစ်ဧက ၂၅ တန်ကျော် ထွက်ရှိကြောင်း သိရသည်။
FlashNews:
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက် ကျဆင်းလာရာ တစ်ပိဿာငွေကျပ် ၇၁၆၅ သက်မှတ်
ဆောင်းမြေပဲများ စတင်ရိတ် သိမ်းရာ အထွက်နှုန်းကောင်း၊ ဈေးကောင်းရနေ
စားသုံးဆီအရည်အသွေးနှင့် စားသုံးရန်သင့်မသင့်ကို မန္တလေးမြို့ စားသုံးသူရေးရာဌာနရှိ MITS ဓါတ်ခွဲခန်းမှာ သွားရောက်စစ်ဆေးနိုင်
23227
သူတို့နဲ့ အနုပညာ သူတို့ရဲ့အနုပညာ
ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရန် ဝယ်လိုအား ကောင်းနေတာ ကြောင့် ပြည်တွင်းပြောင်းစျေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကျဆင်းလာရာ တစ်ပိဿာငွေကျပ် ၇၂၄၅ သက်မှတ်
ပဲစင်းငုံ နှင့် ကြက်သွန်နီ စုပေါင်းရောင်း ချခြင်းကြောင့် တောင်သူများ ဈေး ကောင်းရ
မန္တလေးစျေးကွက်တွင် ပဲစင်းစျေးကွက် ဆက်တိုက်မြင့်တက်လာ
အိန္ဒိယအစိုးရက ပဲစင်းငုံလွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်သက်တမ်းတိုးပြီးနောက် ပြည်တွင်းစျေးကွက်တွင် စျေးမြင့်တက်၊ အဝယ်သွက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကျဆင်းလာရာ တစ်ပိဿာငွေကျပ် ၇၂၅၅ သက်မှတ်
ဒေါ်လာဈေးကျဆင်းမှု ကြောင့်ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး ဈေးကျဆင်းနေ
ကန်စွန်းဥများဈေးကောင်းရသောကြောင့် တစ်ဧက ငွေကျပ် သိန်း ၄၀ ခန့် အကျိုးအမြတ်ရနေ
၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ်များ နယ်ဈေးကွက်တွင် အဝယ်သွက်နေ၊ရက်ပိုင်း အတွင်း ကျွန်းစားတော်ပဲများ ဝင်ရောက်လာမည်
၂၀၂၅ ခုနှစ် ကြံရာသီ သကြားစက်များ စတင်လည်ပတ်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်တိုက် တည်ငြိမ်နေ
ပို့ကုန်၊ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု မူဝါဒအပြောင်းအလဲကြောင့် ပြောင်းဈေး အနည်းငယ်ကျဆင်းလာ
တရုတ်နှစ်သစ်ကူး မတိုင်မီ နှမ်းနက်ဝယ်လိုအားကောင်း ဈေးကောင်းရနေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တည်ငြိမ်နေ
သတင်းများ
ကြံရာသီတွင် စံချိန်တင်ဈေး ကြံတစ်တန်ကျပ် ၈၀၀၀၀ ဖြင့်တောင်သူများထံမှ ဝယ်ယူမည်
August 18, 2022August 18, 2022
Leave a Reply