မန္တလေး ဧပြီ ၂၄ ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည်အသွေးရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သဇင်နွယ်သရက်ခြံမှ သိရသည်။ လာမည့် မေလ ၁ရက်နေ့မှစ၍စိန်တစ်လုံးအိပ်စွပ်နှင့်အိပ်လွတ်သရက်သီးများသဇင်နွယ်သရက်ခြံတွင်ဝယ်ယူသွားမည်ဖြစ်ရာ ရောင်းချလိုသောသောသရက်တောင်သူများ အနေဖြင့် ခြံမန်နေဂျာဦးဌေးအောင် ၀၉၄၃၁၁၇၄၁၇ သဇင်နွယ်သရက်ခြံဆည်ရွာဇရပ်ပေါက်,ပလိပ်မြို့,စဥ်ကိုင်မြို့နယ် သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ ယခုနှစ် စိန်တလုံးသရက်သီး ရာသီတွင် အသီးအထွက်နှုန်းကျဆင်းမှု ရှိသောကြောင့် အသီးထွက်ရှိသည့် ခြံများနှင့် အိတ်စွပ်သီးများမှာ ပြည်တွင်းစျေးကွက် တွင်စျေးကောင်းရရှိနေသည်။ သို့သော်လည်း စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိသရက်ခြံများမှာ မန္တလေး၊ ရန်ကုန်စျေးကွက်သို့တင်ပို့ရာတွင် သယ်ယူပို့ဆောင် စရိတ်များကြီးမြင့်လျက်ရှိကြောင်းသိရသည်။ လက်ရှိအချိန်တွင် အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံးသရက်သီး တစ်တန်လျင် ငွေကျပ် ၃၀-၃၅ သိန်းကြားပေါက်စျေးရှိနေကြောင်း သိရသည်။ ရွှေမန်း
မြန်မာ့စိန်တလုံး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရနေမန္တလေး ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး အတွင်းမှ ထွက်ရှိသည့် မြန်မာ့ စိန်တလုံး ပြည်တွင်းဈေးကွက် တွင် ဈေးကောင်းရလျက်ရှိရာ ခြံ ဈေး ၁၆ကီလို ဂရမ်တစ်ခြင်းလျှင် ငွေကျပ် ၅၀၀၀၀-၆၀၀၀၀ ပတ် ဝန်းကျင်ခန့်အထိ ဈေးကောင်းရရှိ နေကြောင်း သာလှအေးကျေးရွာမှ သရက်ခြံရှင်တစ်ဦးက ပြောသည်။“ ဒီနှစ်စိန်တလုံးက အထွက် နှုန်းနည်းပါတယ်။ ခြံပြုပြင်လုပ် တဲ့ ခြံရှင်အချို့ပဲ အရည်အသွေး ကောင်း၊ အထွက်နှုန်းကောင်း ရရှိ တာပါ။ ခြံပြုပြင်မှုမရှိတဲ့ ခြံများ ကတော့ အထွက်နှုန်းနည်းပါတယ်။ လက်ရှိ ခြံအရောက် ဝယ်ယူဈေး မှာ တစ်ခြင်းလျှင် အရည်အသွေး အလိုက် အနည်းဆုံး ငွေကျပ် ၄၅၀၀၀ မှ အများဆုံး ငွေကျပ် ၆၀၀၀၀ အထိ ပေးဝယ်နေပါတယ်။ အရင်နှစ်ကထက် ဈေးကောင်းရ နေပါတယ်´´ဟု ၎င်းကပြောသည်။ မန္တလေးဒေသထွက် မြန်မာ့ စိန်တလုံးကို ပြည်တွင်းဈေးကွက် ဖြစ်သည့် ရန်ကုန်၊ နေပြည်တော် တို့သို့ ပို့ဆောင်ပြီး ရောင်းချနေ သလို အချို့ကုန်သည်များက ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချ လျက်ရှိသည်။ ထိုသို့ ပြည်ပတင်ပို့ရောင်းချ သော်လည်း တင်ပို့စရိတ်ကြီးမြင့် ခြင်း၊ အချိန်ကြာမြင့်ခြင်းတို့ ကြောင့် ဈေးကောင်းမရရှိဖြစ် နေပြီး ပြည်တွင်းဈေးကွက်တွင် ရရှိသည့် ဈေးထက်ပင် လျော့နည်း ရရှိကြောင်း ခွာညိုသစ်သီးပွဲရုံ ပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။ “မန္တလေးနယ်က စိန်တလုံး သရက်သီးတွေ ပြည်ပတင်ပို့ရ တာ အဆင်မပြေပါဘူး၊ လမ်းခရီး ကြာမြင့်မှုအပြင် တင်ပို့စရိတ် အကုန်အကျ များလှပါတယ်။...
သုဓမ္မာဇရပ် ၁၅ ဆောင်မှ ယာယီနေထိုင်သူများအား ကုသိုလ်တော်ဘုရားဝင်းနှင့် အထက (၁၇) ကျောင်းဝင်းအတွင်းပြောင်းရွေ့နေရာချထား
မန္တလေး ဧပြီ ၁၈ မန္တလေးငလျင်ကြီး ထိခိုက်ခံရသည့် ပြည်သူများအား နေထိုင်မှု ပိုမိုအဆင်ပြေစေရေးအတွက် သုဓမ္မာဇရပ် ၁၅ ဆောင်မှ အောင်မြေသာစံမြို့နယ် ကုသိုလ်တော် ဘုရားဝင်းနှင့် ၁၄လမ်း ၊ ၆၃လမ်းနှင့် ၆၄ လမ်းကြားရှိ အမှတ် ၁၇ အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယာယီပြောင်းရွေ့နေထိုင်ရန် သက်ဆိုင်ရာက နေရာချထားပေးခဲ့သည်။ ထိုသို့ နေရာဖြန့်ခွဲထားရှိရာ ဥပုသ်တော်ရပ်ကွက်၊ ဌာနေ အရှေ့ /အနောက် စုစုပေါင်း ၃ ရပ်ကွက်မှ အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၃၃ ယောက်အား ကုသိုလ်တော်ဘုရားဝင်း အတွင်းတွင် လည်းကောင်း၊ အထက (၁၇) ကျောင်းဝင်း အတွင်း၌ ပုလဲငွေရောင်ရပ်ကွက်မှ အိမ်ထောင်စု ၁၃၀၊ လူဦးရေ ၅၀၀ အား ယာယီတဲ အလုံး ၂၀ နှင့် ကျောင်းဆောင်များ အတွင်း၌ လည်းကောင်း ထားရှိနေရာချထားကာ ယာယီ နေထိုင်စေလျက်ရှိသည်။ အဆိုပါ နေထိုင်သူများမှာ အန္တရာယ်ရှိအဆောက်အဦအနီး နေထိုင်သူများနှင့် နေအိမ်များ ပြိုကျပျက်စီးသွားသူများဖြစ်ကြပြီး ထိုသို့ ယာယီပြောင်းရွေ့နေထိုင်သူများ အခက်အခဲ မရှိစေရေးအတွက် နေ့လယ်စာနှင့် ညနေစာများကို ရွှေသံလွင်ကုမ္ပဏီနှင့် World Centreal Kitchen တို့က နေ့စဥ် စားသုံးနိုင်ရန် လှူဒါန်း ပေးလျက်ရှိသည်။ အဆိုပါ ယာယီနေထိုင်သူများ အတွက် သုံးရေ ဖြည့်ဆည်ပေးခြင်း၊ အမှိုက်နှင့် မိလ္လာများအား နံနက်၊ နေ့၊ ည သိမ်းဆည်းပေးခြင်း၊ သန့်စင်ခန်းများ ထားရှိပေးခြင်းများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက...
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ရွှေမန်း မြန်မာ့နှစ်သစ်အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/ အချုပ်ထောင် /စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၄၈၉၃ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်း သား၊ အကျဉ်းသူ ၄၂၀ ဦး လွတ်ငြိမ်းခွင့် ရရှိခဲ့သည်။ အဆိုပါ မန္တလေးဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် အကျဉ်းသား ၃၄၁ ဦး၊ အကျဉ်းသူ ၇၉ ဦး စုစုပေါင်း ၄၂၀ ဦးတို့အား မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းဗိုလ်တို့က ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးဗဟိုအကျဉ်းထောင်၌ တွေ့ဆုံ၍ ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ကြသည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား၊ အကျဉ်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နေ့တွက်စရိတ်နှင့် ခရီးစရိတ်များ တစ်ဦးချင်းစီပေးအပ်ခဲ့သည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူ တစ်ဦးက “အခုလိုလွတ်မြောက်လာတဲ့ အတွက် ဝမ်းသာမိပါတယ်။ ကျန်ရှိတဲ့သူတွေလည်းအမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးပါတယ်။ အကျဉ်းထောင်တာဝန်ရှိသူတွေကလည်း တကယ့်ကို မိဘသဖွယ်စောင့်ရှောက်ပါတယ်။ အနာဂတ်မှာ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးရှိစွာ နေထိုင်ဆောင်ရွက်သွားပါမယ်” ဟုပြောသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင် (၅)ခုမှ အကျဉ်းသား ၅၁၇ ဦး၊ အကျဉ်းသူ ၁၃၄ ဦး စုစုပေါင်း ၆၅၁ ဦး၊ ကုန်ထုတ်စခန်းများမှအကျဉ်းသား ၁၆၈ ဦး၊ အကျဉ်းသူ ၃၄ ဦး...
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေး ဧပြီ ၇ မန္တလေးမြို့ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာတွင် ဗဟိုပြု၍ မတ် ၂၈ ရက်က အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ လှုပ်ရှားခဲပြီးနောက် ဧပြီ ၆ ရက်နေ့ထိ နောက်ဆက်တွဲ ငလျင်ငယ်လှုပ်ရှားမှုပေါင်း ၉၄ -ကြိမ်ရှိပြီဖြစ် ပြီး ပြင်းအားရစ်(ခ်)တာစကေး ၃ နှင့် ၄ အတွင်းအင်အားအနည်းငယ်ဖြင့် အများဆုံးလှုပ်ရှားခဲ့သည်။ “ငလျင်လှုပ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ မရဘူး။လှုပ်ပြီးမှသာ ဘယ်နေရာဗဟိုပြုပြီး ဘယ်လောက် ပမာဏနဲ့ လှုပ်တယ်ဆိုတာကို ထုတ်ပြန်နိုင်တာပါ။ဒါကို သေချာမသိဘဲ ဘယ်နေ့ငလျင်လှုပ်မယ်၊ဘယ်လောက် ရှိမယ်ဆို ပြီး ပြောတာတွေကို မယုံကြဖို့လိုတယ်။မိုးရွာမယ်၊နေပူမယ်၊ ရေကြီးမယ်၊မုန်တိုင်းတိုက်မယ်ဆိုတာကို ကြိုတင် ခန့်မှန်းနိုင်သလို မိုး/ဇလဌာနက အချိန်နဲ့တပြေးညီ ထုတ်ပြန် ပေး လျက်ရှိပါတယ်”ဟု မိုး/ဇလ တာဝန်ရှိသူ ကပြောသည်။ အင်အားပြင်းငလျင်လှုပ်ပြီးနောက်ပိုင်း ဧပြီ ၂၈ ရက်နေ့တွင် ငလျင်ငယ်လှုပ်ရှားမှု ၁၃ ကြိမ်၊၊မတ် ၂၉ ရက်နေ့ တွင် ၁၁ ကြိမ်၊၃၀ ရက်နေ့တွင် ၁၀ ကြိမ်၊မတ် ၃၁ရက်နေ့တွင် ၁၂ ကြိမ်၊ဧပြီ ၁ ရက်နေ့တွင် ငလျင်ငယ် ၇ ကြိမ် ၂ ရက်နေ့တွင် ၇ ကြိမ်၊ ၃ ရက်နေ့တွင် ၅ ကြိမ်၊ ၄ရက်နေ့တွင် ၆ ကြိမ်၊ ၅ ရက်နေ့တွင် ၁၁ ကြိမ်နှင့် ၆ ရက်နေ့ တွင် ၆ ကြိမ်လှုပ်ရှားခဲ့ရာ မတ် ၂၈...
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
မန္တလေး ။ ဧပြီ ၄ မန္တလေးတိုင်းဒေသကြီးတွင် ဧပြိ ၆ ရက်မှ၁၁ ရက်အတွင်း နေရာကွက်ကျားနှင့် နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီး ဧပြီ ၃ ရက်နေ့ညပိုင်းခန့်မှန်းချက်များအရ မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေမတွေ့ရသေးကြောင်းမိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန(မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကပြောသည်။ “ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ဘက်က လေနွေးများနဲ့ လေအေးများနဲ့ တရုတ်ပြည်ပြည်မကြီး ဘက်ကလာတဲ့ လေဖိအားကြီးရပ်ဝန်းဒေသက ရွှေလျားလာတဲ့ လေအေးတွေ ဆုံတွေ့ပြီး မိုးတိမ်တောင်များ ဖြစ်ထွန်းကာ မိုးရွာသွန်းနိုင်သည်ဟုဆိုသည်။ “အရှေ့ဘက်ကလာတဲ့ လေဗွေလှိုင်းတွေကြောင့် မန္တလေးတိုင်းဒေသကြီအတွင်းမှာ ဧပြီ ၆ ရက်ကနေ ၁၁ ရက်နေ့အတွင်းမှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွှာနိုင်ပါတယ်။ပြီးခဲ့တဲ့ ၄ ရက်လောက်က ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ လေစုဖွဲ့မှုတွေက ဒီနေ့ညနေပိုင်းမှာ အောက်ပိုင်းဒေသတွေမှာ အားကောင်း လာတာတွေ့ရပြီး မုန်တိုင်းဖြစ်ပေါ်မှု အခြေအနေထိ အားမကောင်းဘူး”ဟု ၎င်းကပြောသည်။ဘင်္ဂလားပင်လယ်အော်ဘက်မှာ ထူးခြားတဲ့ တိမ်စုဖွဲ့မှုများသည် ယခင်ရက်များထက် ပိုမိုများပြားလာပြီး လာမည့် ရက်များမှ စ၍ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းနိုင်တဲ့အခြေအနေရှိသကဲ့သို့ မန္တလေးတိုင်းဒေသကြီးတွင်လည်း ၆ ရက်နေ့မှ စပြီးမိုးရွာနိုင်ကြောင်း၊လေဖိအားနည်းရပ်ဝန်းအားကောင်း လာမှု ရှိမရှိစောင့်ကြည့်ရမည်ဖြစ်ပြီး လက်ရှိအနေအထားတွင် မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေ မတွေ့ရ သေးကြောင်းသိရသည်။ လေတိုက်ခြင်းနှင့် ပတ်သက်၍ ဧပြီလတွင် သင်္ကြန်ရက်မတိုင်မီ နှင့် သင်္ကြန်ပြီးကာလများ၌ မန္တလေးမြို့တွင် လေပြင်းတိုက်ခတ်မှုများရှိနိုင်ပြီး လေပြင်းတိုက်ခတ်ပါကလည်း တစ်နာရီ ၃၅ မိုင်ဝန်းကျင်ခန့်ရှိခဲ့ကြောင်း သိရသည်။
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
ရွှေမန်း မန္တလေးစျေးကွက်အတွင်းတွင် တရုတ်နိုင်ငံဝယ်ယူမှုကြောင့် ပြောင်းစျေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး မတ်ပဲ၊ ပဲစင်းငုံ မှ ပြည်ပဝယ်ယူမှုရှိသော်လည်း စျေးနှုန်းသိသိသာသာပြောင်းလဲမှုမရှိကြောင်း မန္တလေးပွဲစားကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းကသိရသည်။ ပြောင်းစျေးနှုန်းမှာ မတ်လပထမသီးတင်းပတ်တွင် ပြောင်းဖူး(ဗမာ) ၈၁ဝဝဝကျပ်မှ မတ်လတတိယသီးတင်း ပတ်တွင် ၈၂၀၀၀-၈၃၀၀၀ ကျပ် ၊ ပြောင်းဖူး(ရှမ်း) ၈၄၀၀၀ ကျပ်မှ ၈၅၀၀၀-၈၅၅၀၀ ကျပ် သို့လည်းကောင်း အနည်းငယ်မြင့်တက်လာခဲ့ပြီး မတ်ပဲစျေးနှုန်းမှာ မတ်လတတိယသီတင်းပတ်တွင် ၂၈၀၀၀၀-၂၈၃၀၀၀ ကျပ်၊ ပဲ စင်းငုံ ၂၇၇၀၀၀-၂၈၀၀၀၀ ကျပ်ရှိနေပြီး ယခင်သီးတင်းပတ်စျေးနှုန်းနှင့် သိသိသာသာကွာခြားမှုမရှိကြောင်း သိ ရသည်။ မတ်ပဲနဲ့ ပဲစင်းငုံကို အိန္ဒိယနိုင်ငံက လွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်ထပ်မံသက်တမ်းတိုးလိုက်တဲ့အတွက် ပိုမိုတင်ပို့နိုင်ပေမယ့် ကုန်သည်တွေက သင်္ကြန်အရှိန်ကြောင့်ထင်တယ်၊ သိသိသာသာတင်ပို့တာမျိုးမလုပ်ကြဖူး၊ ဟိုဘက်ကလည်း ပုံမှန်လေးပဲဝယ်ယူနေတဲ့အတွက် စျေးတန်းကမပြောင်းလဲတာပါ၊ ပြောင်းကတော့ ခုရက်ပိုင်း တရုတ်ကအဝယ်လိုက်တဲ့အတွက် စျေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်၊ အလားတူ နှမ်းလည်းစျေးကောင်း နေတယ်၊ဟု အဆိုပါအသင်းကတာဝန်ရှိသူတစ်ဦးကပြောသည်။ ပြောင်းစျေးနှုန်းမျာ ထိုင်းနိုင်ငံ၏ အခွန်သက်သာခွင့်အပြင် အိန္ဒိယနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှ ဝယ် ယူမှုရှိခြင်းကြောင်း မန္တလေးစျေးကွက်အတွင်း စျေးနှုန်းအနည်းငယ်ပြောင်းလဲလာခြင်းဖြစ်ကြောင်းလည်း သိရသည်။ ပြောင်း၊ မတ်ပဲ၊ ပဲစင်းငုံ စျေးနှုန်းပြောင်းလဲမှုမရှိသော်လည်း နှမ်းစျေးနှုန်းများမှာ တရုတ်ဝယ်ယူမှုကောင်းမွန်ခြင်း ကြောင့် စျေးနှုန်းမြင့်တက်လာခဲ့ပြီး ဒုတိယသီးတင်ပတ်တွင် တစ်တန် ၇၄၀၀၀၀ ကျော်မှ တတိယသီးတင်းပတ် တွင် ၇၆၀၀၀၀ ကျပ်ကျော်အထိ မြင့်တက်လာခဲ့ပြီး အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်းသိရသည်။ အခြားသော ပဲအမျိုးအစားများမှာ ယခုသီးတင်ပတ်အတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V2) ၂၃၃ဝဝဝကျပ်၊ ကုလားပဲ(V7) ၂၅၀၀၀၀ ကျပ်၊ ပဲတီစိမ်း(ညာ) ၂၇၅၀၀၀ ကျပ်၊ ပဲလွန်းဖြူ...
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ရွှေမန်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခုတစ်ပတ်မှာတစ်ပိဿာ လျှင် (၆၈၇၅ကျပ်) ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ကြေငြာထားသည်။ ပြီးခဲ့သည့် တစ်ပတ် (၁၀.၃.၂၀၂၅)မှ (၁၆.၃.၂၀၂၅) ရက်နေ့ထိ စားအုန်းဆီ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွန်းစျေးသည် တပိဿာလျှင်(၆၈၉၀ကျပ်)ဖြစ်ခဲ့ပြီး ယခုတစ်ပတ်(၁၇.၃.၂၀၂၅) မှ (၂၃.၃.၂၀၂၅) ညွှန်းစျေးသည်လည်း (၆၈၇၅)ဖြစ်သဖြင့် ၁၅ ကျပ် စျေးကျသွားခြင်းဖြစ်သည်။